ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၏ မူဝါဒ သဘောထား

ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၏ မူဝါဒ သဘောထား

နေပြည်တော် စက်တင်ဘာ ၂၄ ။       ။ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အထွေထွေအတွင်းရေးမှူး ပူဂင်ကမ်းလျန်း က  ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်စဉ်စသည်တို့ကို စက်တင်ဘာ ၂၄ ရက်နေ့ ညပိုင်းက ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။အဆိုပါဟောပြောတင်ပြချက် အပြည့်စုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (Zomi Congress for Democracy) ပါတီ အနေဖြင့် မူဝါဒလေးချက် ချမှတ်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် အောက်တိုဘာလ၁၄ ရက်နေ့၌ အထွေထွေရွေးကောက်ပွဲကော်မရှင်ရုံးသို့ မှတ်ပုံတင်ထားသော ဇိုမီးအမျိုးသားကွန်ဂရက် (Zomi National Congress) ပါတီတည်ထောင်ခဲ့စဉ်ကတည်းက ချမှတ်ခဲ့သောမူဝါဒဖြစ်ပါကြောင်း၊ နှစ်ပေါင်း ၂၆နှစ်ကြာခဲ့ပါသည်။ ပါတီအမည်ပြောင်းသော်လည်း မူဝါဒလမ်းစဉ်မှာပြောင်းလဲခြင်းမရှိပါကြောင်း။

ZCD မူဝါဒလေးချက်မှာ

(၁) ချင်းအစား ဇိုမီးဟုခေါ်ဆိုရေး

(၂) စစ်မှန်သော ဒီမိုကရေစီအစိုးရပေါ်ပေါက်ရေး

(၃) လွတ်လပ်သော (Free Market Economic Policy) ဈေးကွက်စီးပွားရေးစနစ်ကျင့်သုံး

(၄) ပင်လုံစိတ်ဓာတ် (Pinlong Spirit) မြှင့်တင်ရေးတို့ဖြစ်ပါကြောင်း နှင့် ယင်းမူလေးချက်တို့ကို တစ်ခုပြီးတစ်ခု ရှင်းပြလိုပါကြောင်း။

ပထမမူဝါဒ

ချင်းအစား ဇိုမီးဟုဆိုရေးနှင့်ပတ်သက်ပြီး ဗြိတိသျှကျွန်သပေါက်ဘဝမကျရောက်မီ တိုင်းရင်းသားများမှာ မိမိနေရာဒေသအလိုက် ကိုယ့်ထီး၊ကိုယ့်နန်း၊ ကိုယ်ပိုင်ဟန်များဖြင့်သူကြီး၊ တောင်အုပ်စသဖြင့်အုပ်ချုပ် ၍နေခဲ့ကြပါသည်။ ဗြိတိသျှနယ်ချဲ့များသည် ချင်းတောင်တန်း (Chin Hills)ဟူသောဝေါဟာရသုံးနှုန်းလာကြရာမှ ဘိုးဘွား၊ ဘေးဘင်များသည် ''ချင်း''ဟူသော အသုံးအနှုန်းစတင်ကြားသိခဲ့ရပါသည်။

လက်တွေ့တွင်မူ ယနေ့ ချင်းပြည်နယ် မြို့နယ်အသီးသီးတွင်နေထိုင်ကြသော လူမျိုးစု အသီးသီးတို့မှာမူ ဇိုမီး (Zomi)၊ လိုင်မီး (Laimi)၊ ခူမီး (Khumi)၊ မရာ (Mara) စသဖြင့်ကိုယ့်ကိုယ်ကိုယ်သုံးနှုန်းခေါ်ဆို ကြပါသည်။ ''ချင်း''ဟူသောဝေါဟာရမှာ တီးတိန်၊ဖလမ်း၊ ဟားခါး၊ ထန်တလန်၊ မတူပီ၊ မင်းတပ်၊ ပလက်၀ စသောမြို့နယ်တွင်းရှိ

စကားအသုံးအနှုန်းတွင် အဓိပ္ပာယ်မဖော်ဆောင်နိုင်သောအသုံးအနှုန်းတစ်ခုသာဖြစ်ပြီး ကျွန်ဘဝရောက်လာသောအခါ နယ်ချဲ့သမားများက မှည့်ဆိုခေါ်ဝေါ်သော နာမည်သာဖြစ်သည်ဟု သုံးသပ်ရပါသည်။ မိမိတို့၏မူလ အရင်းခံနာမည်မဟုတ်ကြောင်း၊ ဇိုမီး (Zomi) ဟုသုံးနှုန်းခေါ်ဆိုသင့်ပါကြောင်း။

ဒုတိယမူဝါဒ

ဒုတိယမူဝါဒမှာ စစ်မှန်သောဒီမိုကရေစီအစိုးရ ပေါ်ပေါက်လာရေးဖြစ်ကြောင်း၊ ဒီမိုကရေစီသည် လူလူချင်းတူညီသည်ဟူသော မူကိုလက်ခံသဖြင့် လူတိုင်းသည် တရားဥပဒေအမြင်တွင် တူညီစေကြောင်း၊ ယင်းတူညီသောအခွင့် အရေးမှာ အသက်ရှင်နိုင်ခြင်းအခွင့်အရေး၊ လွတ်လပ်စွာတွေးတောကြံဆတီထွင်ပိုင်ခွင့်၊ လွတ်လပ်စွာပြောဆိုဝေဖန်စည်းရုံးပိုင်ခွင့်၊ လွတ်လပ်စွာ ရှာဖွေနိုင်ခွင့်ဖြစ်ကြောင်း၊ ဒီမိုကရေစီအစိုးရဆိုသည်မှာ ပြည်သူ့ထံမှပြည်သူ့ထံသို့ဆိုသလို ပြည်သူအကျိုးအလို့ငှာ၊ ပြည်သူ့ဆန္ဒအရ၊ ပြည်သူ့အုပ်ချုပ်ခြင်း (Government of the people by the people and for the people) ကို ဆိုလိုကြောင်း၊ ပြည်သူပြည်သားများထံမှ လွတ်လွတ်လပ်လပ်ရွေးချယ်ဆုံးဖြတ်၍ပေးအပ်သောအာဏာသည် ပြည်သူ့အာဏာ(ဝါ) ဒီမိုကရေစီ အာဏာ(ဝါ) ဒီမိုကရေစီအစိုးရဖြစ်ပါကြောင်း။

တတိယမူဝါဒ

တတိယမူဝါဒမှာ ပြည်ထောင်စုမြန်မာနိုင်ငံသည် သယံဇာတအလွန်ကြွယ်ဝချမ်းသာသော နိုင်ငံဖြစ်ပါသဖြင့် တိုင်းပြည်တွင် တိုးတက်ဖွံ့ဖြိုးရေးအတွက် အစိုးရတစ်ခုတည်း၊ ကုမ္ပဏီတစ်ခုတည်း၊ လူပုဂ္ဂိုလ် တစ်ဦး၊ လူတစ်စုကသာလက်ဝါးကြီး ခြယ်လှယ်ခြင်းမဟုတ်ဘဲ အရည်အချင်းနှင့်ပြည့်စုံသော တိုင်းသူပြည်သားများမှ လွတ်လွတ်လပ်လပ်ရှာဖွေစူးစမ်းခွင့်၊ အပြိုင်အဆိုင် ရောင်းဝယ်ဖောက်ကားကြမှသာ လျှင် တိုးတက်ဖွံ့ဖြိုးသော နိုင်ငံတော်ကြီးဖြစ်လာမည် ဖြစ်သဖြင့် လွတ်လပ်သေည၊ စီးပွားရေးစနစ် (Free Market Economic Plicy) လိုအပ်သည်ဟု ယုံကြည်ပါကြောင်း။

စတုတ္ထမူဝါဒ

စတုတ္ထမူဝါဒမှာ ကျွန်ုပ်တို့ပြည်ထောင်စုစတင်ဖွဲ့စည်းနိုင်ရန် ပင်လုံညီလာခံ၊ ပင်လုံစာချုပ်မှစတင်ခဲ့ပါကြောင်း၊ ယနေ့ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်းသာယာစေရေး၊ ငြိမ်းချမ်း ရေးအပြည့်အဝရှိမှသာလျှင် တိုးတက်ဖွံ့ဖြိုးသော နိုင်ငံတော်ကြီးဖြစ်လာမည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့နိုင်ငံတော်ကြီးတည်ဆောက်နိုင်ရန် ပင်လုံ စိတ်ဓာတ်ကိုအခြေခံသော ဖက်ဒရယ်ပြည်ထောင်စု (Frderal Union) ဖြစ်လာစေရေး၊ မေတ္ထာနှင့် နှလုံးရည်ဖြင့်တည်ထောင်ထားသော ပြည်ထောင်စုကြီးတည်တံ့ခိုင်မြဲရေးအတွက် ပင်လုံစိတ်ဓာတ်မြှင့်တင်ရေးသည် အဓိကဖြစ်တယ်ဆိုတာ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၏ ယုံကြည်ချက်ဖြစ်ပါသည်။

'ပြောင်းလဲချိန်တန်ပြီ'

၁။ ပြည်ထောင်စုကြီးအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားများအားလုံး အတွေးသစ်၊ အမြင်သစ်များဖြင့် ရှေ့သို့ ချီတက်ကြစို့။ CHO:  ပြည်ထောင်စုဖွား ညီအစ်ကိုပေါင်းတို့၊ ဘာသာအယူဝါဒ၊ အတွေးအခေါ်ကွဲပြားနေမှုများကို ရှေ့တန်းမတင်ကြပါရန် ZCD ပါတီမှ ဦးဆောင်ပြီး တစ်ပြည်နယ်လုံး၊ တစ်နိုင်ငံလုံး လှုံ့ဆော်ပေးပါမယ်/ ပြောင်းလဲသင့်ပါပြီ

၂။ ZCD ပါတီ ချီတက်လာပါပြီ၊ မိဘပြည်သူများမှ သြဘာပေးကြပါ။ အတွေးအခေါ်ဟောင်းများကို ၂၀၁၅ မှာ ထားရစ်ခဲ့ကြပါ။

၃။ ပြည်ထောင်စုကြီး ငြိမ်းချမ်းရေး၊ သာယာဝပြောရေးအတွက် အတွေးသစ်၊ အမြင်သစ်နဲ့ ချီတက်ကြပါစို့။

ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

 ၁။  ပါတီအမည်  -  ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
 ၂။  ပါတီအမည်(English)  -  Zomi Congress for Democracy
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ၈.၃.၂၀၁၂
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  ၁၇ ဦး
 ၅။  

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဦးဂင့်ကမ်းလျန်၊ ဦးဇမ်ဇမုန်
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ၅.၇.၂၀၁၂
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၂၆.၇.၂၀၁၂
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၁၇.၈.၂၀၁၂
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၅၉)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီ ဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  ဦးပူကျင့်ရှင်းထန်၊ ပူဇမ်ဇမမုန်(တွင်း/မှုး)
 ၁၃။  ပါတီနယ်မြေ  -  ပြည်ထောင်စုတစ်ဝန်းလုံး
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  အမှတ်(၁၄၃)၊ ၅လွှာ၊ (၃၇)လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -  

 ၀၉-၄၃၀၆၅၆၂၄ (ဦးဂနှင့်ကမ်းလျန်)၊

 ၀၁-၃၉၇၃၈၉

 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  PDFDownload

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly