ဒုက္ခသည်များအရေး မြန်မာကို အကူအညီပေးမည်ဟု နယူးဇီလန်ဝန်ကြီးချုပ် ကမ်းလှမ်းပြောဆို

By  NZ Herald.co.nz
15 November 2018
ဒုက္ခသည်များအရေး မြန်မာကို အကူအညီပေးမည်ဟု နယူးဇီလန်ဝန်ကြီးချုပ် ကမ်းလှမ်းပြောဆို
ဓာတ်ပုံ- နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နယူးဇီလန်ဝန်ကြီးချုပ် Jacinda Ardern တို့ အတူတွေ့ရစဉ်။

နိုဝင်ဘာ ၁၅ ။         ။ ဒုက္ခသည် အကျပ်အတည်းကိစ္စ ဖြေရှင်းရေးမှာ နယူးဇီလန်ဘက်က မြန်မာကို တတ်နိုင်သမျှ ကူညီပေးမည်ဖြစ်ကြောင်း နယူးဇီလန်ဝန်ကြီးချုပ် Jacinda Ardern က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် ကမ်းလှမ်းပြောဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ ခေါင်းဆောင်နှစ်ဦးသည် ယမန်နေ့ နိုဝင်ဘာ ၁၄ ရက်က စင်ကာပူတွင် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါနှစ်ဦး တွေ့ဆုံမှုမတိုင်ခင် သူမအနေဖြင့် အစည်းအဝေးမှာ ဒုက္ခသည်အရေးကိစ္စ သေချာပေါက် ဆွေးနွေးမည်ဟု Ardern က ပြောဆိုခဲ့သည်။

၁၅ မိနစ်စာ အစည်းအဝေးသည် သူမအတွက်ကတော့ နယူးဇီလန်၏ စိုးရိမ်ပူပန်နေမှုများကို တိုက်ရိုက် ထုတ်ဖော်ဆွေးနွေးခွင့်ရသည့် အခွင့်အရေးတစ်ရပ်ဖြစ်ခဲ့ကြောင်းလည်း ၎င်းက ပြောသွားသည်။

၎င်းတို့ နှစ်ဦးသည် အစည်းအဝေးတွင် ရခိုင်ပြည်နယ်က လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများ နှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly