ဆူဇူကီးဖလားအိမ်ကွင်းပွဲစဉ်ဖြစ်တဲ့ ဗီယက်နမ်နဲ့ပွဲအတွက် လက်မှတ်တွေ စတင်ရောင်းချ

ဆူဇူကီးဖလားအိမ်ကွင်းပွဲစဉ်ဖြစ်တဲ့ ဗီယက်နမ်နဲ့ပွဲအတွက် လက်မှတ်တွေ စတင်ရောင်းချ

နိုဝင်ဘာ ၁၄ ။          ။ ဆူဇူကီးဖလား အုပ်စုပွဲစဉ်အဖြစ် ဗီယက်နမ်လက်ရွေးစင်အသင်းနဲ့ မြန်မာလက်ရွေးစင်အသင်းဟာ နိုဝင်ဘာ ၂၀ ရက်၊ ည ၆းဝ၀ နာရီအချိန်မှာ ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းမှာ အကြိတ်အနယ် ယှဉ်ပြိုင်ကစားရတော့မှာ ဖြစ်ပါတယ်။

အိမ်ကွင်းပွဲစဉ် ဖြစ်တဲ့ မြန်မာ-ဗီယက်နမ်ပွဲအတွက် ကြိုတင်လက်မှတ်တွေကို နိုဝင်ဘာ ၁၅ ရက်က စတင်ပြီးနိုဝင်ဘာလ ၁၆ ရက်အထိ မွန်းတည့် ၁၂နာရီမှ ည ၇ နာရီအထိ လှည်းတန်းစင်တာမှာ စတင်ရောင်းချပေးနေပါတယ်။

နိုဝင်ဘာ ၁၇ ရက်နဲ့ ၁၈ ရက်မှာတော့ ကြိုတင်လက်မှတ်တွေကို လှည်းတန်းစင်တာအပြင် ပဒုမ္မာကွင်း၊ အောင်ဆန်းကွင်း နဲ့ သုဝဏ္ဏကွင်း လက်မှတ်အရောင်းကောင်တာတွေမှာ မနက် ၁၀ နာရီကနေ ညနေ ၅ နာရီထိ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

ဒီပွဲအတွက် တစ်ယောက်ကို  လက်မှတ် နှစ်စောင်နှုန်းနဲ့ ရောင်းချပေးမှာဖြစ်ပြီး လက်မှတ်စျေးနှုန်းတွေကတော့ ရိုးရိုးတန်း ၃၀၀၀ ကျပ်၊ အထူးတန်း ၅၀၀၀ ကျပ် သတ်မှတ်ထားကာ မှတ်ပုံတင် သို့မဟုတ် ယာဉ်မောင်းလိုင်စင် ယူလာဖို့ လိုအပ်တယ်လို့ သိရပါတယ်။

လာအိုနှင့်မြန်မာအသင်း ပွဲစဉ်ကတော့ နိုဝင်ဘာလ ၁၆ ရက်၊ မြန်မာစံတော်ချိန် ည ၇ နာရီတွင် လာအိုနိုင်ငံ ဗီယန်ကျင်းမြို့ရှိ National Stadium မှာ ယှဉ်ပြိုင်ကစားကြရမှာပါ။

နိုဝင်ဘာလ ၁၂ ရက်က မန္တလေး၊ မန္တလာသီရိအားကစားကွင်းတွင် မြန်မာနှင့်ကမ္ဘောဒီးယား အုပ်စုပွဲစဉ်တွင် မြန်မာအသင်းက ၄ ဂိုး ၁ ဂိုးဖြင့် အိမ်ကွင်းပရိသတ်ရှေ့တွင် အနိုင်ရထားတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly