နိုင်ငံတကာ ရွက်လှေပြိုင်ပွဲတွင် ထိုင်းနှင့် အခြားနိုင်ငံများမှ အမှတ်ရလဒ်သာနေ

By စည်သူမောင်မောင်မောင်
15 November 2018
နိုင်ငံတကာ ရွက်လှေပြိုင်ပွဲတွင် ထိုင်းနှင့် အခြားနိုင်ငံများမှ အမှတ်ရလဒ်သာနေ

ပုသိမ်၊ နိုဝင်ဘာ ၁၅ ။             ။ ငွေဆောင်တွင် ကျင်းပနေသော နိုင်ငံတကာ ရွက်လှေပြိုင်ပွဲတွင် နိုဝင်ဘာလ ၁၄ ရက်နေ့အထိ ရရှိလာသော အမှတ်များအရ ထိုင်းနိုင်ငံမှ Jedtavee Yongyuennarn က ပထမနေရာရှိနေပြီး သူ့နောက်တွင် ထိုင်းနိုင်ငံမှ Panwa Boonnak က ဒုတိယနေရာ နှင့် Patihan Vorrasart က တတိယနေရာ ရရှိထားကြကာ တရုတ်နိုင်ငံမှ Zheng Hongyu က စတုတ္ထနေရာ၊ စင်ကာပူနိုင်ငံမှ Faith Hailey Toh တို့က ပဥ္စမနေရာအသီးသီး ရရှိထားကြသည်။

 ဒုတိယနေ့ပြိုင်ပွဲ နိုဝင်ဘာလ ၁၄ ရက်နေ့အတွက် Qualifying Series Race 2 မှ ရရှိလာသော ရလဒ်များအရ အဝါရောင် ရွက်လှေအုပ်စု (Yellow Fleet) တွင် ထိုင်းနိုင်ငံမှ Jedtavee Yongyuennarn က ထိပ်ဆုံးမှ ပန်းဝင်လာခဲ့ပြီး သူ့နောက်တွင် တရုတ်နိုင်ငံမှ Zheng Hongyu၊ ထိုင်းနိုင်ငံမှ Panwa Boonnak ၊ Chalisa Krittanai ၊ စင်ကာပူနိုင်ငံမှ Jayson Tan တို့က အသီးသီး အစဉ်လိုက် ပန်းဝင်ခဲ့ကြသည်။ အပြာရောင် ရွက်လှေအုပ်စု (Blue Fleet) တွင် နယူးဇီလန်နိုင်ငံမှ Noah Malpot ကထိပ်ဆုံးမှ ပန်းဝင်လာခဲ့ပြီး သူ့နောက်တွင်ဂျပန်နိုင်ငံမှ Koshiro Sugasawa ၊ တရုတ်နိုင်ငံမှ Wang Shihao ၊ သြစတေးလျ မှ Isaac Schotte ၊ တရုတ်နိုင်ငံမှ Weng Yadi တို့က အသီးသီး အစဉ်လိုက် ပန်းဝင်ခဲ့ကြသည်။

ဒုတိယနေ့ပြိုင်ပွဲ နိုဝင်ဘာလ ၁၄ ရက်နေ့အတွက် Qualifying Series Race 3 မှ ရရှိလာသော ရလဒ်များအရ အဝါရောင် ရွက်လှေအုပ်စု (Yellow Fleet) တွင် ထိုင်းနိုင်ငံမှ Jedtavee Yongyuennarn က ထိပ်ဆုံးမှ ပန်းဝင်လာခဲ့ပြီး သူ့နောက်တွင် ထိုင်းနိုင်ငံမှ Patihan Vorrasart ၊ Thorfun Boonnak ၊ တရုတ်နိုင်ငံမှ Zheng Hongyu ၊ ထိုင်းနိုင်ငံမှ Panwa Boonnak တို့က အသီးသီး အစဉ်လိုက် ပန်းဝင်ခဲ့ကြသည်။ အပြာရောင် ရွက်လှေအုပ်စု (Blue Fleet) တွင် ထိုင်းနိုင်ငံမှ M.L.Weka Bhanubandh က ထိပ်ဆုံးမှ ပန်းဝင်လာခဲ့သည်။ သူ့နောက်တွင် နယူးဇီလန်နိုင်ငံမှ Sean Sun ၊ စင်ကာပူနိုင်ငံမှ Faith Hailey Toh ၊ ထိုင်းနိုင်ငံမှ Bowonnan Chanram ၊ အိုမန်နိုင်ငံမှ Mohammed Al Qasmi တို့က အသီးသီး အစဉ်လိုက် ပန်းဝင်ခဲ့ကြ သည်။

နိုဝင်ဘာလ ၁၄ ရက်နေ့ ဒုတိယနေ့ပြိုင်ပွဲကို နိုင်ငံပေါင်း ၁၆ နိုင်ငံမှရွက်လှေကစားသမားစုစုပေါင်း ၁၂၉ ဦးက  ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။ ယခု ရလဒ်များသည် ဒုတိယနေ့ပြိုင်ပွဲ နိုဝင်ဘာလ ၁၄ ရက်နေ့အထိ ရရှိထားသည့် ရလဒ်များ ဖြစ်သည်။ 2018 Optimist Asian & Oceanian Championship ရွက်လှေပြိုင်ပွဲကို သတ်မှတ်ထားသည့် ပွဲစဉ်များအတိုင်း နောက်ရက်များတွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ပွဲစဉ်များ ပြီးဆုံးသည့်အခါမှသာ ရရှိသည့်အမှတ်များကို စုစည်း တွက်ချက်ကာ ဆုများပေးအပ်သွားမည်ဖြစ်သည်။

 ကမ္ဘာ့ရွက်လှေအဖွဲ့ချုပ် အသိအမှတ်ပြု နိုင်ငံတကာသက်ငယ်တန်း ရွက်လှေပြိုင်ပွဲတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံမှ လူငယ်ရွက်လှေအားကစားသမားများအတွက်လည်း အလွန်ကောင်းမွန်သော အတွေ့အကြုံများ ရရှိမည်ဖြစ်သည်။

 

မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်အနေဖြင့် ရွက်လှေအားကစားကို လူအများစိတ်ဝင်စားလာစေရေး၊ လူငယ်ဖွံ့ဖြိုးရေး အစီအစဉ်များ ခိုုင်မာလာ စေရန် တည်ဆောက်နိုုင်ရေးနှင့် ရွက်လှေအားကစားဆိုင်ရာ အခြေခံအဆောက်အအုံ များနှင့် အထောက်အပံ့များ ပိုမိုတိုးတက်လာစေရေးတို့ကို ရည်ရွယ်ကာ ယခုကဲ့သို့ နိုင်ငံတကာပြိုင်ပွဲကို အိမ်ရှင် အဖြစ် လက်ခံကျင်းပရခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်၏ ဦးဆောင်မှုဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင်ကမ်းခြေ Ngwe Saung Yacht Club & Resort တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်သည့် 2018 Optimist Asian and Oceanian Championship ပြိုင်ပွဲကို နိုဝင်ဘာလ ၁၂ ရက်နေ့မ ှနိုဝင်ဘာလ ၁၆ ရက်နေ့အထိ လက်ခံကျင်းပနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required