အသက်မပြည့်သေးသူကို ကျူရှင်ဆရာက အဓမ္မပြုကျင့်ခဲ့သည်ဟုဆိုကာ ဖခင်ဖြစ်သူ အမှုဖွင့်

အသက်မပြည့်သေးသူကို ကျူရှင်ဆရာက အဓမ္မပြုကျင့်ခဲ့သည်ဟုဆိုကာ ဖခင်ဖြစ်သူ အမှုဖွင့်

သာစည်၊ နိုဝင်ဘာ ၁၅ ။        ။ မန္တ​လေးတိုင်​း​ဒေသကြီး၊ မိတ္တီလာခရိုင်​၊ သာစည်​မြို့နယ်​၊ ................ကျေးရွာတွင်​ အသက် (၁၃)နှစ်​အရွယ် သမီးဖြစ်​သူအား ကျူရှင်​ဆရာက အဓမ္မပြုကျင့်ခဲ့သည်ဟု ဆိုကာ ဖခင်​ဖြစ်​သူက သာစည်​မြို့မရဲစခန်​းသို့ နိုဝင်​ဘာလ ၁၄ ရက်​ ​နေ့လည်​ ၃ နာရီခွဲအချိန်​တွင်​ လာ​ရောက် ​အမှုဖွင့်လှစ်​ တိုင်​တန်​းခဲ့​ကြောင်​း သိရသည်​။

လွန်​ခဲ့​သည့် ၂ လ ခန့်မှစတင်​၍ တရားလို၏သမီးဖြစ်​သူသည်​ အစာမစားဘဲ အမြဲအိပ်​​နေခြင်း၊ဗိုက်​​အောင်​့ခြင်​းများဖြစ်​​နေ၍ ဘုရားငါးဆူ​ကျေးရွာနှင့် လှိုင်းတက်​​ကျေးရွာတို့ရှိ​ ကျေးလက်​ကျန်​းမာ​ရေးဌာနခွဲများတွင် ​သွား​ရောက်​ပြသခဲ့​ကြောင်​းသိရသည်​။

​နိုဝင်ဘာလ ၁၁ ရက်​​နေ့တွင်​ မိတ္တီလာမြို့ရှိ​ဆေးခန်​းတစ်​ခုသို့ သမီးဖြစ်​သူ ကျန်​းမာ​ရေးမ​ကောင်​းသဖြင်​့ ထပ်​မံသွား​ရောက်​​ဆေးကုသမှုခံယူခဲ့ရာ သမီးဖြစ်​​သူတွင်​ ကိုယ်​ဝန်​(၄)လရှိ​နေ​ကြောင်​း သိရ၍ အကြောင်းစုံမေးမြန်းရာမှ သိရှိခဲ့ရကြောင်း သိရသည်။

မ..............က လွန်​ခဲ့​သည့် ဇူလိုင်​လတွင်​ ကျူရှင်​ဆရာ စိုးသူ​အောင်​ထံ၌ ပညာသင်​ကြား​နေစဉ်​ ကျူရှင်​ဆရာစိုးသူ​အောင်​က လေး၊ ငါးကြိမ်ခန့် အဓမ္မပြုကျင့်ခဲ့သည်ဟု ​​ပြောပြခဲ့​သော​ကြောင်​့ ဖခင်​ဖြစ်​သူက သာစည်​မြို့မရဲစခန်​းသို့ လာ​ရောက်​အမှူ ဖွင်​့လှစ်​ တိုင်​တန်​းခဲ့ရခြင်​းဖြစ်​သည်​။

ဖြစ်​စဉ်​နှင်​့ပတ်​သက်​ပြီး စိုးသူ​အောင်​(၂၆)နှစ်ကိုပအမှတ် ​(ပ)၂၄၉/၂၀၁၈၊ ရာဇသတ်​ကြီးပုဒ်​မ ၃၆၃/၃၇၆ ဖြင်​့ သာစည်​မြို့မရဲစခန်​းမှ အမှုရေးဖွင်င့် ထိန်​းသိမ်​းထားရှိလျှက်​ရှိပြီး အမှုအား သာစည်​မြို့မစခန်​းမှူး ဒုရဲမှူး ဇော်​မျိုးသန်​းက စစ်​​ဆေး​ဆောင်​ရွက်​လျှက်​ရှိ​ကြောင်​းသိရသည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required