တောင်အာဖရိမှာ ကျင်ငယ်ရည်ကနေ ဇီဝအုတ်ခဲကို ကမ္ဘာ့ ပထမဆုံးအဖြစ် ထုတ်လုပ်

တောင်အာဖရိမှာ ကျင်ငယ်ရည်ကနေ ဇီဝအုတ်ခဲကို ကမ္ဘာ့ ပထမဆုံးအဖြစ် ထုတ်လုပ်
Photo: Screen grab from AFP video

ကိတ်တောင်း၊ နိုဝင်ဘာ ၁၅ ။           ။ တစ်နေ့နေ့မှာ ကျင်ငယ်ရည််ဟာ ရေအိမ်ထဲမှာပဲ နောက်ဆုံး စွန့့်ပစ်ပစ္စည်းအဖြစ်ပဲ ရှိနေတာဟာ အဆုံးသတ်သွားနိုင်ပါတယ်။ ကျင်ငယ်ရည်ဟာ စွန့်ပစ်စရာ မဟုတ်တော့ဘူး အသုံးချစရာ ဖြစ်လာနိုင်ပါတယ်။

ဘယ်မှာ အသုံးချစရာ ဖြစ်လာမလဲဆိုတော့ ရုံးခန်းတွေနဲ့ နေအိမ်တွေ တည်ဆောက်ရေးလုပ်ငန်းတွေမှာ အသုံးချစရာ ဖြစ်လာမှာပါ။

ဂေဟစနစ်နဲ့ ကိုက်ညီတဲ့ အဆောက်အအုံတွေ တည်ဆောက်ရေးအတွက် လိုအပ်တဲ့ ပစ္စည်း ထုတ်လုပ်နိုင်ရေး တီထွင်စမ်းသပ်မှုမှာ လူ့ကျင်ငယ်ရည်ကနေ အုတ်ခဲကို ပထမဆုံး ထုတ်လုပ်လာတာ ဖြစ်ပါတယ်။

တောင်အာဖရိက တက္ကသိုလ်က သုတေသနပညာရှင်တွေဟာ လူသားကျင်ငယ်ရည်ကို အသုံးပြုပြီး အုတ်ခဲတွေ ဖန်တီးထုတ်လုပ်လာပါတယ်။

ဒါဟာ ကမ္ဘာမှာ ပထမဆုံး ထုတ်လုပ်မှုပဲ ဖြစ်ပြီး ဇီဝအုတ်ခဲအဖြစ် ခေါ်ဆိုရတဲ့ ကျင်ငယ်ရည်အုတ်ခဲကို ရွံ့စေးအုတ်တွေ၊ ကွန်ဂရက်အုတ်တွေနေရာမှာ အစားထိုးနိုင်ဖို့ သုတေသနပညာရှင်တွေက မျှော်လင့်ထားပါတယ်။

ဒီခေတ်ရှေ့ပြေး ဇီဝအုတ်ခဲဖြစ်တဲ့ ကျင်ငယ်ရည်ကနေ အုတ်ခဲဖြစ်လာဖို့က  ခြောက်ရက်ကနေ ရှစ်ရက်အထိ ကြာမြင့်ပါတယ်။

တောင်အာဖရိကအစိုးရ လည်ပတ်တဲ့ Water Research Council က ခွင့်ပြုချက်နဲ့ ခုသုတေသနကို မနှစ်က စတင်ပြီးလုပ်ဆောင်တာဖြစ်ပါတယ်။ နောက်ပိုင်း အရှိန်ရလာပြီး လူ့ကျင်ငယ်ရည်ကနေ အုတ်ခဲ ထုတ်လုပ်နိုင်တဲ့အထိ အောင်မြင်မှု ရလာတာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly