ဇော်ဝင်းထွဋ်ရဲ့ "ဆေးပေါင်းခတဲ့ည" ဖျော်ဖြေပွဲ ကျင်းပမည်

ဇော်ဝင်းထွဋ်ရဲ့ "ဆေးပေါင်းခတဲ့ည" ဖျော်ဖြေပွဲ ကျင်းပမည်
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန်၊နို်ဝင်ဘာ ၁၄ ။              ။ ရော့ခ်အဆိုတော်ကြီး ဇော်ဝင်းထွဋ်ရဲ့"ဆေးပေါင်းခတဲ့ည" လို့ အမည်ပေးထားတဲ့  ဖျော်ဖြေပွဲကို လာမယ့် နိုဝင်ဘာ ၂၂ရက်နေ့ညမှာ ရန်ကုန်မြို့က သုဝဏ္ဏဘူမိ Even Park ၌ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ယင်းပွဲနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို နိုဝင်ဘာ ၁၄ရက်နေ့က ရန်ကုန်အနုပညာပြခန်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

" ကျွန်တော်တို့ ဆေးပေါင်းခတဲ့ ည ပွဲကို နှစ်စဉ်နှစ်တိုင်း လုပ်ခဲ့တယ်။ ဒီနှစ်ရင်းနှီးတဲ့  မိသားစု  အတူတူ လုပ်ကြတဲ့ပွဲဖြစ်တယ်။ ကျွန်တော်တို့ အရင်ကဆို အီတိုးတို့ ကျားပေါက်တို့ ကျောင်းတက်နေတုန်းပဲ ရှိသေး တယ်။ ကျောင်းမတက်နေရလဲ ကျောင်းကခွင့်ယူခိုင်းပြီး အတူခရီးတွေထွက်ခဲ့ကြတယ်။ ပညာရေးထက် ကျွန်တော်တို့ ပျော်ဖို့အတွက် လုပ်ခဲ့ကြတယ်။ အခု ဒီပွဲမှာလဲ အရင်ကခရီးတွေထွက်ရသလိုပဲ မိသားစုအတူတူ ခရီးအတူတူထွက်ခွင့်ရတယ်လို့ ခံစားမိတယ်”လို့ အဆိုတော် ဇော်ဝင်းထွဋ်က ပြောပါတယ်။

၄င်းဖြေဖျော်ပွဲမှာ ဇော်ဝင်းထွဋ်၊ အီတိုး၊ ရင်ဂို၊ ကျားပေါက်၊ စည်သူလွင် အစရှိတဲ့ အဆိုတော်များက  ပါဝင်ဖျော်ဖြေတင်ဆက်ပေးသွားမှာဖြစ်ပြီး  ယင်းပွဲမှာပါဝင်သီဆိုမယ့် အဆိုတော် ကျားပေါက် က သူ မကြည့်ရတာ ကြာပြီဖြစ်တဲ့ သရုပ်ဆောင်မှုများ၊သီချင်းများကို နားထောင်ရမှာ ဖြစ်တဲ့အတွက် သီချင်း ဆိုရခြင်းထက် ပိုပြီး ရင်ခုန်နေကြောင်း ပြောပြခဲ့ပါတယ်။

ဒါ့အပြင် အဆိုတော် စည်သူလွင်ကလည်း ယခုပွဲမှာ ရော့ခ် ဂီတတေးသီချင်းများကို သီဆိုဖို့အတွက်ရှိနေပြီး အဖွဲ့လိုက် ပူးပေါင်းပါဝင်သီဆိုဖျော်ဖြေမှုများကိုလည်း ပြုလုပ်သွားမယ်လို့ဆိုပါတယ်။

" ကျွန်တော်တို့ဒီပွဲမှာ အဖွဲ့လိုက်သီချင်းတွေဆိုသွားမယ်။ ကျွန်တော်တို့ ၅ယောက် ရော့ခ်သီချင်း အမို်က်စား အလန်းစားတွေနဲ့ ဖြေဖျော်တင်ဆက်သွားမယ်။ ပြီးတော့ ကျွန်တော် ဂီတလောကကို စဝင်တာက ရော့ခ် ဘက်ကနေစဝင်ခဲ့တာ အခွေလည်း လေးငါးခြောက်ခွေထွက်ခဲ့တာရှိတယ်။ အဲဒီသီချင်းတွေထဲက ပရိသတ် လည်းကြိုက်မယ့် ကိုယ်လဲဆိုလို့ အဆင်ပြေမယ့် သီချင်းတွေကို ဆိုသွားမှာပါ" လို့ စည်သူလွင်က ပြောပါတယ်။

Stellar seven Entertainment မှ စီစဉ်သော ယခုရှိုးပွဲရဲ့လက်မှတ်များကို VIP ခုံများအတွက် စျေးနှုန်း ကျပ် ရသောင်း၊ ၅သောင်းနှင့် သုံးသောင်း အထိ ရောင်းချနေပြီး ခုံမဲ့အတွက် ကျပ် ၁ သောင်းအဖြစ် သတ်မှတ်ထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly