အပစ်ရပ် သဘောတူညီမှုကို လက်သင့်မခံနိုင်တာကြောင့် အစ္စရေးကာကွယ်ရေး ဝန်ကြီး ရာထူးက နုတ်ထွက်

အပစ်ရပ် သဘောတူညီမှုကို လက်သင့်မခံနိုင်တာကြောင့် အစ္စရေးကာကွယ်ရေး ဝန်ကြီး ရာထူးက နုတ်ထွက်

ဂျေရုဆလင်၊ နိုဝင်ဘာ ၁၄ ။            ။ ဂါဇာအပစ်ရပ် သဘောတူညီမှုကို ဆန့်ကျင်ပြီး အစ္စရေးကာကွယ်ရေးဝန်ကြီး အဗီဂေါလိုင်ဘာမန်းဟာ ဝန်ကြီးချုပ် နေတန်ယာဟုအစိုးရအဖွဲ့ကနေ နုတ်ထွက်ပြီဖြစ်ကြောင်းကို ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်ပါတယ်။

အီဂျစ်နိုင်ငံ ကြားဝင်ဖြန်ဖြေမှုနဲ့ အစ္စရေးဟာ ဟားမတ်စ်နဲ့ အင်္ဂါနေ့က ယာယီအပစ်ရပ် သဘောတူညီချက်ကို လက်ခံလိုက်ပြီးနောက်မှာ အကြမ်းဖက်မှုကို အညံ့ခံလိုက်ခြင်းလို့ဆိုပြီး လိုင်ဘာမန်းက ရာထူးက နုတ်ထွက်ဖို့ ဆုံးဖြတ် ကြေညာလိုက်တာပဲ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ၄၈ နာရီအတွင်းမှာ အသက်ဝင်မှာ ဖြစ်ပါတယ်။

“အမြင်မတူပေမယ့်လည်း တတ်နိုင်သမျှ အစိုးရအဖွဲ့အတွင်းမှာ ကျွန်တော်ဟာ သစ္စာရှိရှိ တာဝန်ထမ်းဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ဒါတွေဟာ အားလုံးဆုံးရှုံးရတော့တာပဲ။”လို့ လိုင်ဘာမန်းက ဆိုပါတယ်။

“ခု ဆုံးဖြတ်ချက်ရဲ့ နောက်ကွယ်က အကြောင်းရင်းခံအားလုံး၊ သတင်းအချက်အလက်အားလုံးကို ကျွန်တော် နားလည်ပါတယ်။ ဒီအပစ်ရပ်သဘောတူညီမှုဟာ ဟားမတ်စ်တွေရဲ့ လက်တစ်ကမ်းအတွင်းကို အစ္စရေး ပြည်သူတွေကို ရောက်ရှိစေတာပဲ ဖြစ်တယ်။ ပြည််သူတွေကို မျက်နှာချင်း မဆိုင်ရဲအောင် ဖြစ်ရတယ်။”လို့ ၎င်းက ပြောပါတယ်။

ဂါဇာကမ်းမြောင်မှှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ပါလက်စတိုင်းဖက်ခြမ်းကနေ ဒုံးကျည်တွေ မြောက်မြားစွာနဲ့ အစ္စရေးဖက်ကို လှမ်းပစ်ခတ်ခဲ့ပါတယ်။ ဒါကို အစ္စရေးက လေကြောင်းစီးနင်းမှုတွေနဲ့ တန်ပြန်ခဲ့ရာကနေ တိုက်ပွဲတွေ အရှိန်မြင့် ဖြစ်ပွားနေခဲ့တာ ဖြစ်ပါတယ်။

အင်္ဂါနေ့မှာတော့ အီဂျစ်က ကြားဝင်ဖြန်ဖြေမှုနဲ့ အစ္စရေးနဲ့ ဟားမတ်စ်တို့ဟာ အပစ်ရပ်သဘောတူညီမှု ရရှိခဲ့ကြတာ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required