စီးပွားရေးမှာ ခိုင််မာစွာ ပူးပေါင်းဆောင်ရွက်ရေး ရုရှနဲ့ အာဆီယံ လက်မှတ်ရေးထိုး

စီးပွားရေးမှာ ခိုင််မာစွာ ပူးပေါင်းဆောင်ရွက်ရေး ရုရှနဲ့ အာဆီယံ လက်မှတ်ရေးထိုး

စင်ကာပူ၊ နိုဝင်ဘာ ၁၄ ။         ။ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံနှင့် စီးပွားရေးမှာ ပိုမိုခိုင်မာစွာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာတစ်ရပ်ကို ရုရှနိုင်ငံက ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ လက်မှတ်ထိုးပါတယ်။

မလေးရှား၊ အင်ဒိုနီးရှား၊ ဘရူးနိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ စင်ကာပူ၊ ထိုင်းနဲ့ ဖိလစ်ပိုင်စတဲ့ အာဆီယံဆယ်နိုင်ငံက ဝန်ကြီးချုပ်တွေ၊ သမ္မတတွေ တက်ရောက်တဲ့ စင်ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံအဖွဲ့ကြီးရဲ့ ထိပ်သီးညီလာခံ ဒုတိယမြောက်နေ့မှာ အဆိုပါ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲကို ရုရှသမ္မတ ပူတင် တက်ရောက်ခဲ့ပါတယ်။

ခုလို လက်မှတ်ရေးထိုးနိုင်မှုဟာ ရုရှနဲ့ အာဆီယံကြား အပြန်အလှန် အကျိုးစီးပွားဖြစ်ထွန်းရေး နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေကို လွယ်ကူချောမွေ့စေမှာ ဖြစ်တယ်လို့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ပြောပါတယ်။

ပူတင်အနေနဲ့လည်း ၂၀၁၆ ခုနှစ်က ရုရှနိုင်ငံ ဆိုချီမြို့မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ တွေ့ဆုံခဲ့ချိန်ကစလို့ အပြန်အလှန်ကုန်သွယ်ရေးမှာ ခန့်မှန်း အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံနှုန်းဖြင့် ကုန်သွယ်မှုတန်ဖိုး ၃၅ ရာခိုင်နှုန်း တိုးမြင့်လာခဲ့တာကို အလေးထားပြောဆိုပါတယ်။

ဒါအပြင် ယဉ်ကျေးမှုနဲ့ နည်းပညာဖလှယ်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ သဘာဝဘေး  တု့ံပြန်မှုတွေမှာ အာဆီယံနဲ့ ဆက်ဆံရေးဟာ တိုးတက်ကောင်းမွန်ကြောင်း ပူတင်က ဆိုပါတယ်။

အာဆီယံနဲ့ ဆက်ဆံရေးကို ရေရှည်တည်ဆောက်သွားဖို့လိုကြောင်းကိုလည်း ပူတင် ဝန်ခံရင်း အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးမှှောင်ခိုမှုနဲ့ ဆိုင်ဘာရာဇဝတ်မှုတွေကို တိုက်ထုတ်ရေးမှာ ပူးပေါင်းဆောင်ရွက်သွားဖို့ကိုလည်း ပူတင်က အလေးထား ပြောဆိုခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required