ဆီတင်သင်္ဘောနဲ့ တိုက်မိတဲ့ နော်ဝေ စစ်သင်္ဘော နစ်မြုပ်လုနီး ဖြစ်နေ

By AFP
14 November 2018
ဆီတင်သင်္ဘောနဲ့ တိုက်မိတဲ့ နော်ဝေ စစ်သင်္ဘော နစ်မြုပ်လုနီး ဖြစ်နေ

နိုဝင်ဘာ ၁၄ ။              ။ ပြီးခဲ့တဲ့အပတ်တုန်းက နော်ဝေနိုင်ငံအနောက်ပိုင်း ပင်လယ်ရေဝင်လမ်းတစ်ခုမှာ မော်လ်တာ ဆီတင်သင်္ဘောနဲ့ တိုက်မိခဲ့တဲ့ နော်ဝေ စစ်သင်္ဘောတစ်စင်းကတော့ ယခုလက်ရှိအခါမှာ ရေအောက်ကို လုံးလုံးလျားလျား နစ်မြုပ်သွားတော့မယ့် အနေအထားမှာ ရှိနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ယခုအခါမှာ ယင်းစစ်သင်္ဘောကို ထိန်းဆွဲပေးထားတဲ့ ကြိုးတွေဟာလည်း ပြတ်ကုန်ပြီလို့ သိရပါတယ်။

" သင်္ဘောက ခုချိန်မှာ ရေနက်ပိုင်းမှာ လုံ့ဝ မလှုပ်မယှက်နဲ့ လဲနေပါပြီ" ဆိုပြီး နော်ဝေ ကယ်ဆယ်ရေးအဖွဲ့ အကြီးအကဲ ဟားဗာ့ဒ် မက်သီဆန်က ပြောပါတယ်။

တန်ချိန် ၅၀၀၀ ဝန်းကျင်ရှိ နော်ဝေ စစ်သင်္ဘော KNM Helge Ingstad ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်က မော်လ်တာနိုင်ငံက ဆီတင်သင်္ဘောတစ်စင်းနဲ့ တိုက်မိပြီးနောက် ခုလို နစ်မြုပ်လုနီး အခြေအနေဖြစ်နေတာဖြစ်ပါတယ်။

အဆိုပါ ရေယာဉ်ချင်း တိုက်မိခဲ့တဲ့ မတော်တဆမှုရဲ့ ဖြစ်ပွားရခြင်း အကြောင်းရင်းကိုတော့ လက်ရှိအချိန်အထိ မသိရသေးပါဘူး။

နော်ဝေ စစ်သင်္ဘော KNM Helge Ingstad ဟာ နေတိုးတပ်ဖွဲ့ရဲ့ စစ်ရေးလေ့ကျင့်မှုတစ်ခုကနေ ပြန်လာရင်း ခုလို ဖြစ်စဉ်နဲ့ ကြုံတေွ့ခဲ့ရတာဖြစ်ပါတယ်။

ယင်းဖြစ်စဉ်မှာတော့ စစ်သင်္ဘောပေါ်မှာ ရှိနေခဲ့သူ ၁၃၇ ဦးအနက် ၈ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

သင်္ဘောချင်းတိုက်မိမှုမှာ မော်လ်တာ ဆီတင်သင်္ဘောကတော့ အသေးစား ထိခိုက်ပျက်စီးမှုပဲ ရှိခဲ့တယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required