အနာဂတ်မှာ ဥရောပစစ်တပ် ထွက်ပေါ်လာရေး ဂျာမနီဝန်ကြီးချုပ် တိုက်တွန်း

အနာဂတ်မှာ ဥရောပစစ်တပ် ထွက်ပေါ်လာရေး ဂျာမနီဝန်ကြီးချုပ် တိုက်တွန်း
Photo: AFP

ပါရီ၊ နိုဝင်ဘာ ၁၄ ။     ။ ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်ဟာ အနာဂတ်မှာ ဥရောပစစ်တပ် ထွက်ပေါ်လာရေးကို အင်္ဂါနေ့က ပြတ်ပြတ်သားသား တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ဥရောပစစ်တပ်ဆိုတာနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတက စော်ကားလွန်းတဲ့ လုပ်ရပ်အဖြစ် ပြောဆိုထားတာကို မာကဲလ်က ချေပလိုက်ပုံလည်း ရပါတယ်။

သမ္မတ ထရမ့်ဟာ ပြင်သစ်သမ္မတ မက်ခရွန်ရဲ့ တရုတ်၊ ရုရှအပြင် အမေရိကန်ကိုပါ ကာကွယ်ခုခံနိုင်စွမ်းရှိမယ့် ဥရောပစစ်တပ် ပေါ်ပေါက်ရေး အဆိုပြုတိုက်တွန်းပြောဆိုချက်အပေါ် အပြစ်ဆိုဝေဖန်ခဲ့တာပါ။

ပြင်သစ်သမ္မတ မက်ခရွန်က ဥရောပအနေနဲ့ ကာကွယ်ရေးမှာ ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ရမှာဖြစ်ပြီး  အမေရိကန်ကို အားကိုးနေရတာ လျှော့ချဖို့ လိုအပ်နေကြောင်းလည်း ပြောဆိုထားတာ  ဖြစ်ပါတယ်။

ခုခါမှာ ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်ကပါ ဥရောပစစ်တပ် ပေါ်ပေါက်ရေးကို တိုက်တွန်း ပြောဆိုလာတာ ဖြစ်ပါတယ်။

“အမှန်တကယ် အရေးတကြီး လိုအပ်နေတာပါ။ အမှန်တကယ်ပဲ ဥရောပစစ်တပ် ပေါ်ပေါက်လာရေးကို ကျွန်မတို့ လုပ်ဆောင်သွားဖို့ လိုနေပါတယ်။”လို့ ဥရောပပါလီမန်မှာ မာကဲလ်က ပြောဆိုလိုက်တာဖြစ်ပြီး ထောာက်ခံသြဘာပေးမှုတွေ သောသောညံခဲ့တာလည်း ဖြစ်ပါတယ်။

ပြင်သစ်သမ္မတက စတင်ပြောဆိုလာတဲ့ ဥရောပစစ်တပ်နဲ့ ပတ်သက်ပြီး နေတိုးအဖွဲ့အပေါ် သြဇာလွှမ်းမိုးလာမှာကို အမေရိကန်က စိုးရိမ်နေတာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required