အာဆီယံမှာ ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု ခိုင်မြဲရေး စင်ကာပူဝန်ကြီးချုပ် တိုက်တွန်း

အာဆီယံမှာ ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု ခိုင်မြဲရေး စင်ကာပူဝန်ကြီးချုပ် တိုက်တွန်း
Photos: EPA

စင်ကာပူ၊ နိုဝင်ဘာ  ၁၃ ။          ။ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ အကြမ်းဖက်မှုဆိုင်ရာ စိန်ခေါ်ချက်တွေကို ကိုင်တွယ်ဖြေရှင်းရေးမှာ အရှေ့တောင်အာရှနိုင်ငံများအသင်းကြီး အာဆီယံအနေနဲ့ ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မြဲဖို့ရန် စင်ကာပူဝန်ကြီးချုပ်က အင်္ဂါနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

စင်ကာပူမှာ ကျင်းပတဲ့ ၃၃ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ ဝန်ကြီးချုပ် လီရှန်လွန်းက နိုင်ငံတကာရေးရာ မရေရာမှုများ ဖြစ်တည်နေသည့် ယခုအခါမှာ အာဆီယံအဖွဲ့ကြီးအနေဖြင့် ပိုမိုခိုင်မာအားကောင်းရန် လိုအပ်ကြောင်းကို အသားပေးပြောဆိုသွားပါတယ်။

“အာဆီယဒေသ ဖွံ့ဖြိုးရေးနဲ့ တည်ငြိမ်ရေးကို ကျောထောက်နောက်ခံပြုထားတဲ့ လွတ်လပ်သော၊ ပွင့်လင်းသော ပြီးတော့ စည်းမျဉ်းစည်းကမ်းတွေ အခြေခံတဲ့ ဘက်ပေါင်းစုံစနစ် စတာတွေဟာ ခုဆိုရင် ဖိစီးမှုတွေ ရင်ဆိုင်နေရပါပြီ။ နိုင်ငံကြီးတွေအပါအဝင် နိုင်ငံတွေများစွာဟာ ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု အားနည်းနေပြီး ကိုယ်အတွက် ကိုယ်ကြည့်တာ၊ နှစ်နိုင်ငံကြားပဲ သဘောတူညီမှုတွေ ဖော်ဆောင်တာမျိုးကို ပြန်လည်အသက်သွင်းလာကြတယ်။”လို့ လီရှန်လွန်းက ဆိုပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံကြားက ကုန်သွယ်ရေးအငြင်းပွားမှုတွေဟာ အာဆီယံဒေသ စီးပွားရေးကို အားနည်းစေအောင် ခြိမ်းခြောက်လျက်ရှိနေပါတယ်။ အာဆီယံဒေသကို ၂၀၀ မှာ အမေရိကန်၊ တရုတ်နဲ့ အီးယူပြီးရင် ကမ္ဘာ့ပေါ်မှာ စတုတ္တမြောက် စီးပွားရေးအကြီးဆုံး ဒေသဖြစ်လာမယ်လို့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly