Spider-Man၊ X-Men တွေနဲ႔ စူပါဟီးရိုးများစွာကို ဖန်တီးမွေးထုတ်ပေးခဲ့သူ စတန်လီ ကွယ်လွန်

Spider-Man၊ X-Men တွေနဲ႔ စူပါဟီးရိုးများစွာကို ဖန်တီးမွေးထုတ်ပေးခဲ့သူ စတန်လီ ကွယ်လွန်

နယူးယောက်၊ နိုဝင်ဘာ ၁၃ ။      ။ Iron Man၊ Fantastic Four၊ Spider-Man၊ Daredevil၊ The Incredible Hulk နဲ့ X-Men တွေကို ဖန်တီးမွေးထုတ်ပေးခဲ့တဲ့ ကာတွန်းရုပ်ပြရေးဆွဲသူ စတန်လီဟာ အသက် ၉၅ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ရပြီ ဖြစ်ပါတယ်။

လီဟာ ဒီစူပါဟီးရိုးဇာတ်ကောင်တွေကို ဂျက်ကီယာဘိုင်နဲ့ စတိဒက်ကိုတို့နဲ့အတူ ပူးပေါင်းပြီး ဖန်တီးလို့ ကာတွန်းရုပ်ပြလောကကို ပြန်လည်ထွန်းတောက်လာအောင် စွမ်းဆောင်ခဲ့သူတွေမှာ တစ်ဦးအပါအဝင်ပဲ ဖြစ်ပါတယ်။

“အဖေက သူ့ပရိသတ်အလိုကို ဖန်တီးပေးသူပါ။ သူ့ဘဝကို ချစ််မြတ်နိုးသဲူ ဖြစ်ပြီး မိသားစုကလည်း သူကို ချစ်သလို ပရိသတ်တွေကလည်း သူကို ချစ်ကြတယ်။ အဖေဟာ အစားထိုးမရတဲ့ သူပဲဖြစ်ပါတယ်။”လို့ စတန်လီရဲ့ သမီးဖြစ်သူ  ဂျေစီလီက ပြောပါတယ်။

စတန်လီဟာ ၁၉၆၁ ခုနှစ်မှာ Marvel Comics ကုမ္ပဏီအတွက် The Fantasstic Four ဇာတ်ကောင်တွေကို စတင်မွေးထုတ်ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ Spider Man နဲ့ The Incredible Hulk တို့ အပါအဝင် စူပါဟီးရိုးဇာတ်ကောင်တွေကို မွေးထုတ်ပေးလာတာပါ။

ဒီလို ကာတွန်းဇာတ်ကောင်တွေ မွေးထုတ်ပေးတာအတွက် ပေါ့ပ်ယဉ်ကျေးမှုရဲ့ ဖခင်ကြီးအဖြစ် လီတည်ထောင်ခဲ့တဲ့ Pow!Entertainment ရဲ့ စီအီးအိုဖြစ်သူက အမွှမ်းတင် ချီးကျူးခဲ့ပါတယ်။

“ခိုင်းနှိုင်းစရာ ဒုတိယလူမရှိတဲ့ စိတ်ကူးဆန်းကြယ်တွေနဲ့ အသစ်အသစ်တွေ မွေးထုတ်ပေးသူပါပဲ။”လို့ စီအီးအို ရှန်ဒက်ဖိုင်းက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly