ကမ္ဘောဒီးယားအသင်းနဲ့ ကစားဖို့ မစောင့်နိုင်လောက်အောင် ဖြစ်နေပါပြီလို့ မြန်မာနည်းပြဆို

ကမ္ဘောဒီးယားအသင်းနဲ့ ကစားဖို့ မစောင့်နိုင်လောက်အောင် ဖြစ်နေပါပြီလို့ မြန်မာနည်းပြဆို

နိုဝင်ဘာ ၁၁ ။           ။ မြန်မာနှင့် ကမ္ဘောဒီးယားအသင်းတို့၏ ဆူဇူကီးဖလားပွဲစဉ်အတွက် ကစားဖို့ မစောင့်နိုင်လောက်အောင် ဖြစ်နေပါပြီလို့ မြန်မာလက်ရွေးစင်အသင်းနည်းပြ အန်တိုနီဟေးက ပြောဆိုလိုက်ပါတယ်။ 

“ အသင်းက ပြိုင်ပွဲအတွက် ကြံ့ခိုင်မှုအပြည့်နဲ့ အသင့်ဖြစ်နေပါပြီ။ အုပ်စုတွင်းမှာ ဘယ်အသင်းကိုမှ လျှော့မတွက်ထားပါဘူး။ ကာတာလေ့ကျင့်ရေးခရီးစဉ်မှာလည်း အကောင်းဆုံး ပြင်ဆင်လာခဲ့ပါတယ်။ မနက်ဖြန်ပွဲကို ကစားဖို့အတွက် မစောင့်နိုင်လောက်အောင်ဖြစ်နေပါပြီ။ အသင်းသားအားလုံးလည်း စိတ်ဓါတ်အပြည့်နဲ့ တက်ကြွနေကြပါပြီ” လို့ မြန်မာလက်ရွေးစင်အသင်းနည်းပြက  ပြောဆိုလိုက်တာပါ။

နိုဝင်ဘာ ၁၁ ရက်၊ နေ့လယ်ပိုင်းက မန္တလေးမြို့ရှိ ဟိုတယ်မန္တလေး၊ စံပယ်ဖြူခန်းမတွင် ပြုလုပ်ခဲ့တဲ့ ဆူဇူကီးဖလားပွဲစဉ်အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့ခြင်း ဖြစ်ပါတယ်။

မြန်မာလက်ရွေးစင်အသင်းနဲ့ ကမ္ဘောဒီးယားလက်ရွေးစင်အသင်းတို့  နိုဝင်ဘာ ၁၂ ရက်၊ ညနေ ၆းဝ၀ နာရီအချိန်တွင် မန္တလေးမြို့ မန္တလာသီရိကွင်းတွင် ယှဉ်ပြိုင်ကစားကြရမှာပါ။

“ မြန်မာနိုင်ငံကို လာရောက်ရတာ ပျော်ပါတယ်။ မြန်မာအသင်းနဲ့ ပွဲစဉ်အတွက်လည်း စိတ်လှုပ်ရှားနေပါတယ်။ မနက်ဖြန်ပွဲက ပွဲကောင်းတစ်ပွဲဖြစ်လာမှာပါ။ ကျွန်တော်တို့အနေနဲ့ အကောင်းဆုံး ကြိုးစားသွားမှာပါ” လို့ ကမ္ဘောဒီးယားအသင်းနည်းပြ ဖိလစ်ဒါးလ်မက်စ်က ပြောပါတယ်။

အိမ်ရှင် မြန်မာလက်ရွေးစင်အသင်းက ဝတ်စုံအနီ၊ ကမ္ဘောဒီးယားလက်ရွေးစင်အသင်းက ဝတ်စုံအဖြူ ဝတ်ဆင်ကာ ယှဉ်ပြိုင်ကြမဲ့ပွဲစဉ်အတွက် ပွဲကြည့်လက်မှတ်စျေးနှုန်းကို ရိုးရိုးတန်း ၃၀၀၀ ကျပ်၊ အထူးတန်း ၅၀၀၀ ကျပ် သတ်မှတ်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly