ရေလမ်းမှ ကျောင်းတက်နေရသောကလေးများအတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ လှူဒါန်း

By ဒီမိုးသွေး (မြိတ်) 
10 November 2018
ရေလမ်းမှ ကျောင်းတက်နေရသောကလေးများအတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ လှူဒါန်း

တနင်္သာရီ၊ နိုဝင်ဘာ ၁၀ ။          ။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ တနင်္သာရီမြို့နယ် သကျက် ကျေးရွာအုပ်စု၊ သကျက်ကွင်းသစ် ကျေးရွာရှိ ဂဏန်းကွင်းရွာ အခြေခံပညာအလယ်တန်းကျောင်းအတွက် ဖိုင်ဘာ စက်လှေ ၁ စီးနှင့် သက်ကယ်အကျင်္ ီ၂၃ ထည်ကို လှူဒါန်း ပေးခဲ့သည်။

တနင်္သာရီမြို့နယ် သကျက်ကျေးရွာအုပ်စုရှိ သကျက်ကွင်းသစ်မှ ကျောင်းသူ/ ကျောင်းသား များမှာ ဂဏန်းကွင်းရွာ အခြေခံပညာအထက်တန်းကျောင်းသို့ နေ့စဉ် ရေလမ်းခရီးဖြင့် လှေငယ်များနှင့် ၀ါးဖောင်များ အသုံးပြုကာ ကျောင်းတက်နေရ၍ ဘေးအန္တရာယ်ကင်းရှင်းစွာ ကျာင်းတက်နိုင်ရေး လှူဒါန်းပေးခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။

တနင်္သာရီမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက“ကျောင်းသူ/ ကျောင်းသားတွေ ဘေးအန္တရာယ် ကင်းကင်းနဲ့ စိတ်အေး ချမ်းသာစွာ ကျောင်းတက်နိုင်ဖို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ လာရောက်လှူဒါန်းပေးသွားတာပါ၊ ဖိုင်ဘာလှေနှင့် သက်ကယ်အကျင်္ ီတွေ ပါတယ်” ဟု ပြောသည်။

အဆိုပါ ဖိုင်ဘာစက်လှေနှင့် သက်ကယ်အကျင်္ ီ များကို ပြီးခဲ့သည့် နိုဝင်ဘာလ ၆ ရက်နေ့က လှေကြီးကြပ်ထိန်းသိမ်းရေးကော်မတီထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး၊ စုစုပေါင်း တန်ဖိုးမှာ ကျပ် သိန်း ၃၀၀ ကျော် ( ၃၇၅၅၀၀၀ ) ကျပ် ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly