ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုပုံရိပ်များ ဓာတ်ပုံပြပွဲ ကျင်းပ

ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုပုံရိပ်များ ဓာတ်ပုံပြပွဲ ကျင်းပ

ရန်ကုန်၊နိုဝင်ဘာ ၉ ။          ။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုများကို ပုံရိပ်စစ်များအဖြစ် ခံစားရမည့် ဗဟုလူမှုရပ်ဝန်းမှ ပြုလုပ်သည့် ဓာတ်ပုံပြပွဲကို ရန်ကုန်မြို့ ဖန်တီးရာအနုပညာပြခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ယင်းပြပွဲကို နိုဝင်ဘာလ ၈ ရက်နေ့မှ ၉ ရက်နေ့အထိ နှစ်ရက်ကြာ ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ မတူကွဲပြားသော ဘာသာပေါင်းစုံ ချစ်ချစ်ခင်ခင်နှင့် ငြိမ်းချမ်းစွာ အတူလက်တွဲနေထိုင်ရန်အတွက် ရည်ရွယ်ကြောင်း ပြပွဲ စီစဉ်သူများက ဆိုသည်။

"အဓိကရည်ရွယ်ချက်ကတော့ Peace ကိုပဲ ဦးတည်ပြီးသွားတာပဲ။ ဘာသာပေါင်းစုံတွေ ချစ်ချစ်ခင်ခင်နဲ့ လူကိုလူသားတစ်ယောက်လို့မြင်ပြီးတော့ ချစ်ချစ်ခင်ခင်မြင်ကြဖို့ပါ။"  ဟု ဓာတ်ပုံဆရာ ကိုညီသစ်ကို ပြောသည်။

ပြပွဲတွင် ပြသထားသည့် ဓာတ်ပုံများကို  မန္တလေးမှဓာတ်ပုံဆရာ ၃ ဦးက ရိုက်ကူးထားတာဖြစ်ပြီး ဟိန္ဒူ လူမျိုးများ၏ ရိုးရာဓလေ့ အကြောင်းများ အပါအဝင် ဘာသာမတူသော်လည်း ၀ါသနာတူသည့် လူနှစ်ဦး အကြောင်းကို ဇာတ်လမ်းအဖြစ် ရိုက်ကူးထားခြင်းကိုလည်း တွေ့ရသည်။

" တစ်ခုကကျတော့ ဘုန်းကြီးတစ်ပါးနဲ့ အစ္စလမ်တစ်ယောက်နဲ့ အဂ္ဂိရအတူတူထိုးကြတယ်။ နောက်တစ်ခုက ကျတော့ ဟိန္ဒူလူမျိုးတွေရဲ့ ဟူလီပွဲတော်အကြောင်းရိုက်ထားတာပါ။ " ဟု ဓာတ်ပုံဆရာကိုညီမျိုးစက်က ဆိုသည်။

အဆိုပါပြပွဲတွင် ဓာတ်ပုံပေါင်း ၃၁ ပုံကို ပြသထားပြီး ဘာသာပေါင်းစုံ အတူတကွယှဉ်တွဲနေထိုင်မှု ပုံရိပ်များနှင့်  ဘာသာမတူသော လူများ၏လှုပ်ရှားဆောင်ရွက်မှုများကို ပုံဖော်ထားသည့် ဓာတ်ပုံများဖြင့် ခင်းကျင်းပြသ ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required