မြန်မာရဲ့ "အရှေ့မျှော် ၀ါဒ"

မြန်မာရဲ့ "အရှေ့မျှော် ၀ါဒ"
ဓာတ်ပုံ - AFP

နိုဝင်ဘာ ၉ ။              ။ နိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြုှပ်နှံမှုအတွက် အနောက်အုပ်စုဘက်က စိတ်ဝင်စားမှု လျော့ကျလာနေမှုနဲ့ ရင်ဆိုင်နေရချိန်မှာ လက်ရှိ မြန်မာအစိုးရကတော့ အာရှနိုင်ငံတွေကိုပဲ ဗဟိုပြုမယ့် အဓိက ရင်းနှီးမြုှပ်နှံမှု ဖိတ်ခေါ်ရေး အစီအစဉ်တစ်ရပ်ကို စတင်ထားလိုက်ပြီ ဖြစ်ပါတယ်။

" ကျွန်တော်တို့အနေနဲ့ နိုင်ငံအတွက် အမှန်တကယ် ကောင်းကျိုးရှိမယ့် ရင်းနှီးမြုှပ်နှံမှု တွေကို ကြိုးပမ်းရှာဖွေရမှာဖြစ်ပြီး ဒီအတွက်လည်း ဖန်တီးရယူသွားရမှာဖြစ်ပါတယ်" ဆိုပြီး မြန်မာနိုင်ငံ ရင်းနှီးမြုှပ်နှံမှု ကော်မရှင် (MIC) ဥက္ကဋ္ဌ ဦးသောင်းထွန်းက အင်တာဗျူးတစ်ခုမှာ ပြောကြားသွားခဲ့ပါတယ်။

ဦးသောင်းထွန်းကတော့ အထက်ပါ အာရှ ဗဟိုပြု ရင်းနှီးမြုှပ်နှံမှု ဖိတ်ခေါ်ရေး ကမ်ပိန်းကို ဦးစီးဦးရွက် ပြုနေသူလည်း ဖြစ်ပါတယ်။

နိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြုှပ်နှံမှုတွေကို ပိုမိုဝင်ရောက်ရေး ဖိတ်ခေါ်ဖို့ ရည်ရွယ်ပြီး ယင်း ကမ်ပိန်းသစ်ကို မကြာသေးမီကမှ ထုတ်ဖော်ကြေညာထားခဲ့တာဖြစ်ပါတယ်။ ယင်းကို ဦးသောင်းထွန်းကတော့ "အရှေ့မျှော် ၀ါဒ" လို့ ညွန်းဆိုသွားပြီး အဓိကအားဖြင့် ဂျပန်၊ ကိုရီးယား၊ ဟောင်ကောင်နဲ့ အရှေ့တောင်အာရှတို့ကို အထူးရည်ရွယ်ပစ်မှတ်ထားတဲ့ ၀ါဒဖြစ်တယ်လို့ သိရပါတယ်။

ယင်းမှာ အိန္ဒိယကိုလည်း ထည့်သွင်းထားပါတယ်။ ယင်းအိန္ဒိယမှာလည်း အရှေ့ သို့မဟုတ် အာရှ မျှော် ၀ါဒတစ်ရပ် ရှိနေပါတယ်။ ဒါပေမယ့် တရုတ်ကတော့ မြန်မာအစိုးရရဲ့ ရင်းနှီးမြုှပ်နှံမှုနဲ့ ဖွံ့ဖြိုးရေး မဟာဗျူဟာမှာ အဓိကကျတဲ့နေရာမှာ ဆက်လက်ပါဝင်နေဆဲ ဖြစ်ပါတယ်။

"အပြောင်းအလဲအတွက် အထောက်အကူ ဖြစ်မယ့် ရင်းနှီးမြုှပ်နှံမှုတွေကို ကျွန်တော်တို့ ရှာနေပါတယ်" လို့ ဦးသောင်းထွန်းက ပြောပါတယ်။

ဒါပေမယ့် ယင်းတို့ကတော့ နေ့ချင်းညချင်းမှာ ဖြစ်လာနိုင်မှာမဟုတ်ဘူးလို့လည်း ၎င်းက ဝန်ခံသွားပါတယ်။ ယင်းအတွက်ကြောင့် ရေတို၊ ရေလတ်၊ ရေရှည် အစီအစဉ်တွေ ရှိနေပြီး အထူးဦးစားပေး နယ်ပယ်တွေအလိုက် အထူးကဏ္ဍတွေကို ခွဲခြားထားတယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required