ကစားသမားကောင်းတစ်ယောက် ဖြစ်ချင်တဲ့  အောင်လအန်ဆန်

By အေးချမ်းခိုင်
09 November 2018
ကစားသမားကောင်းတစ်ယောက် ဖြစ်ချင်တဲ့  အောင်လအန်ဆန်
ကန်ဟက်ဆီကာဝါနဲ့ ယှဉ်ပြိုင်ပွဲအပြီးတွေ့ရစဉ်။ ဓာတ်ပုံ-MMA

နိုဝင်ဘာ ၉ (စင်ကာပူ) ။        ။ ယမန်နေ့ နိုဝင်ဘာလ ၈ ရက်နေ့က စင်ကာပူနိုင်ငံ၊ ၊ JA Marriott ဟိုတယ်တွင် ကျင်းပခဲ့သည့် 2018 Global Martial Arts Awards ဆုပေးပွဲတွင် အောင်လအန်ဆန်က အမျိုးသားကိုယ်ခံပညာအကောင်းဆုံးဆု ( Male Athlete of the Year) နှင့် Bout of the Year ( ယှဉ်ပြိုင်ပွဲအကောင်းဆုံးဆု)  ၂ ဆု ရရှိခဲ့ပါတယ်။

"ကျွန်တော့အိပ်မက်က ဘာလဲဆိုတော့ ဘယ်သူနဲ့မဆို ယှဉ်ပြိုင်နိုင်ရမဲ့ အားကစားသမားတစ်ယောက် ဖြစ်ချင်တယ်။ အားကစားသမားကောင်းတစ်ယောက် ဖြစ်အောင် ကြိုးစားသွားမယ်။ “ လို့ အောင်လအန်ဆန်က ဆု ၂ ခုရအပြီးမှာ ပြောပါတယ်။

About of the Year 2018 ( ယှဉ်ပြိုင်ပွဲ အကောင်းဆုံးဆု)ကို ဂျပန်မှ ကန်ဟက်ဆီကာဝါနဲ့ ပူးတွဲ ရရှိခဲ့တာပါ။ ဆုရတဲ့အတွက် ဝမ်းသာပါတယ်လို့လည်း သူက ပြောပါတယ်။

မြန်မာမှာ ပွဲစဉ်တော့ မရှိတော့ပေမဲ့ ဒီဇင်ဘာမှာတော့ မြန်မာနိုင်ငံလာဖို့ရှိပြီး သင်တန်းကျောင်းကိစ္စတွေ လုပ်ဖို့ ရှိပါတယ်။ လေယာဉ်စီးလာရတာမို့ နီးနီးလေးပါ လို့ သူက မြန်မာမီဒီယာတွေနဲ့ ပွဲအပြီးမှာ ပြောပါတယ်။

သူသည် Martial Arts Hero of the Year ၊ Male Athlete of the Year ၊ Bout of the Year ၊ Knockout of the Year ၊ Walkout of the Year စသည့် ဆု ၅ ဆု ရရှိရန် ရေပန်းစားနေခဲ့ခြင်း ဖြစ်ပါတယ်။ ဆု ၅ ဆုအနက်မှ ဆု ၂ ဆု ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ပွဲတွင် ဆု ၁၆ ဆု ချီးမြှင့်ခဲ့ပြီး ONE : HEART OF THE LION ပွဲကို ယနေ့ နိုဝင်ဘာလ ၉ ရက်တွင် ဘရာဇီးမှ Bibiano Fernandes(The Flash ) နှင့် ဖိလစ်ပိုင်မှ Kevin Beliongo ( The Silencer) တို့ စင်ကာပူနိုင်ငံ Indoor Stadium မှာ အဓိက ယှဉ်ပြိုင်ထိုးသတ်မှာပါ။ 

အောင်လအန်ဆန်က ပွဲပေါင်း ၃၄ ပွဲတွင် ၂၄ ပွဲနိုင်၊ ၁၀ ပွဲ ရှုံးနိမ့်ထားပါတယ်။သူက ၂၀၁၇ ဇန်နဝါရီနောက်ပိုင်း ရှုံးပွဲ မရှိသေးဘဲ ဇွန်လ ၂၉ ရက်က ဟဆဲဂါဝါနှင့် ရန်ကုန်မြို့တွင် ယှဉ်ပြိုင်ပြီးနောက် ဝမ်းမစ်ဒယ်ဝိတ်တန်းချန်ပီယံ ဖြစ်လာခဲ့ပါတယ်။ 

အောင်လအန်ဆန်ဟာ လာမဲ့ မတ်လမှာ ဂျပန်မှာ ယှဉ်ပြိုင်ထိုးသတ်ဖို့ပွဲရှိပေမဲ့ မြန်မာနိုင်ငံပွဲစဉ်တွေကတော့ မရှိတော့ပါဘူး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required