ကယ်လီဖိုးနီးယားက အရက်ဘားတစ်ခုအတွင်း သေနတ်သမား ဝင်ပစ်တာကြောင့် ၁၁ ဦး ဒဏ်ရာရ

ကယ်လီဖိုးနီးယားက အရက်ဘားတစ်ခုအတွင်း သေနတ်သမား ဝင်ပစ်တာကြောင့် ၁၁ ဦး ဒဏ်ရာရ

လော့စ်အိန်ဂျလိစ်၊ နိုဝင်ဘာ ၈ ။          ။ ကယ်လီဖိုးနီးယားအနောက်ပို်င်း ဝက်သစ်ချပင်တစ်ထောင်မြို့က အရက်ဘားတစ်ခုမှာ ပစ်ခတ်မှုတစ်ရပ် ဖြစ်ပွားတာကြောင့် လူ ၁၁ ဦး ဒဏ်ရာရကြောင်း စီရင်စုရုံး ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

ဂီတဖျော်ဖြေပွဲလည်း ကျင်းပရာ ဒီအရက်ဘားမှာ ပစ်ခတ်မှုအတွင်း ဒဏ်ရာရသူတွေ ဘယ်လောက်စိုးရိမ်ဖွယ် အခြေအနေ ရှိကြောင်းကိုလည်း မသိရသေးကြောင်း ပြောခွင့်ရသူ ဂါရိုကာရက်ဂျန်က ပြောပါတယ်။

“ဝက်သစ်ချပင် တစ်ထောင်မြို့ ဘော်ဒါလန်းအရပ်မှာ ဒီပစ်ခတ်မှုက ဖြစ်ပွားဆဲဖြစ်တာမို့ ဒီအရပ်ဆီ မသွားကြဖို့ မေတ္တာရပ်ခံပါတယ်။”လို့ မီးတပ်ဌာနက ထုတ်ပြန်ပါတယ်။

“ဒဏ်ရာရသူတွေ ရှိတဲ့အကြောင်း ကြားရတယ်။ အသေးစိတ် စောင့်ကြည့်နေတုန်းပဲ။ အရေးပေါ်ကားတွေလည်း အသင့်တောင်းထားပါတယ်။”လို့ မီးသတ်ဌာနက ပြောပါတယ်။

ပစ်ခတ်မှု ဖြစ်ပွားရာက ဒဏ်ရာရသူတွေမှာ စီရင်စုရုံးက တာဝန်ရှိသူတစ်ဦးလည်း ပါဝင်ကြောင်း ကာရက်ဂျန်က ပြောပြီး ဒဏ်ရာရသူတွေကို ဆေးရုံတင်ထားတယ်လို့ ဆိုပါတယ်။

ပစ်ခတ်သူကို ဖမ်းမိသလား မဖမ်းမိသေးဘူးလားဆိုတာ မသိရသေးပါဘူး။

ဝက်သစ်ချပင်တစ်ထောင်မြို့ဟာ လော့စ်အိန်ဂျလိစ်ရဲ့ အနောက်မြောက်ဖက် မိုင် ၆၀ လောက်အကွာမှာ ရှိတာဖြစ်ပါတယ်။

သတင်းအချို့အရ ဒီအရက်ဘားမှာ သေနတ်သမားနဲ့ ရဲတပ်ဖွဲ့ အပြန်အလှန် ပစ်ခတ်မှုဖြစ်နေကြောင်း ဖော်ပြကြပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly