ရုပ်တုများအား အများပြည်သူရှေ့ချပြနိုင်ရန် ကူဝိတ်ပန်းပုဆရာများ ကြိုးပမ်း

ရုပ်တုများအား အများပြည်သူရှေ့ချပြနိုင်ရန် ကူဝိတ်ပန်းပုဆရာများ ကြိုးပမ်း

နိုဝင်ဘာ ၈ ။              ။ ကူဝိတ် ပန်းပုဆရာ ဆာမီမိုဟာမက်ဟာ ကူဝိတ်နိုင်ငံရဲ့ ပထမဆုံးစော်ဘွားရုပ်တုကြီးကို လွန်ခဲ့တဲ့ နှစ်လေးဆယ်ခန့်က ထုလုပ်ခဲ့ပေမယ့် အဆိုပါရုပ်တုကို အခုချိန်ထိ အများပြည်သူရှေ့ ချပြခွင့်မရှိသေးဘူးလို့ သိရပါတယ်။

ဘာသာရေးအယူအရ ကိုယ်ထည်တစ်ခုလုံးကို ပြသခွင့်မရှိတဲ့အတွက် အာဏာပိုင်တွေက ယခုလိုပိတ်ပင်ထားတာဖြစ်ပါတယ်။

ဆာမီမိုဟာမက်နည်းတူ ပန်းပုလက်ရာတွေကို ချပြခွင့်မရှိတဲ့ အခြားပန်းပုဆရာတွေလည်း ရှိတယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ဒီလိုအယူကြီးနေလို့မရတော့ဘူးလေ။ လူတစ်ယောက်ချင်းစီမှာ ကိုယ်ပိုင်အတွေးအခေါ်ရှိတယ်။ ကိုယ်ပိုင်ခံယူချက်ရှိတယ်။ ကျွန်တော်တို့က နည်းပညာခေတ်ထဲ ရောက်နေပြီ။”လို့ အစ္စလာမ်ဘာသာကိုးကွယ်တဲ့ ပန်းပုဆရာ ဆာမီမိုဟာမက်က ပြောပါတယ်။

ခရစ်ယာန်၊ ဂျူးနဲ့ အစ္စလာမ်ဘာသာရေးတွေမှာ ယခုလို ကျော်ကြားတဲ့လူတွေရဲ့ ရုပ်တု ထုဆစ်ပုံဖော်တာမျိုးကို တားမြစ်ထားပေမယ့် တချို့မူဆလင်တွေက ကိုယ်ထည်ထုဆစ်ပုံဖော်တာကို တင်းတင်းကြပ်ကြပ် တားမြစ်ထားတယ်လို့ သိရပါတယ်။

“ဟိုအရင်တုန်းက အောင်မြင်ကျော်ကြားခဲ့တဲ့လူတွေဖြစ်လို့ သူတို့ရုပ်တုကို မလုပ်ရတော့ဘူးလား။ ဒီလိုပိတ်ပင်တားမြစ်တာဟာ ခေတ်နောက်ပြန်ဆွဲနေတာပဲ။ ဒီလိုမျိုး ခေတ်နောက်ပြန်ဆွဲတာကို ဘယ်အချိန်အထိ ဆက်လုပ်နိုင်မလဲ စောင့်ကြည့်ရမှာပေါ့။”လို့ ပန်းပုဆရာ ဘတ်ဖတယ်လ်အလမ်တာက ပြောပါတယ်။

ကူဝိတ်နိုင်ငံမှာ အဆိုပါရုပ်တုတွေ အများပြည်သူရှေ့ ချပြတာကို ဥပဒေအရ တားမြစ်ထားတာမျိုးမရှိပေမယ့်  ဘာသာရေးအတိုက်အခံကြောင့် ပန်းပုဆရာတွေဟာ ၎င်းတို့ရဲ့ ရုပ်တုတွေကို သိမ်းဆည်းထားရတာဖြစ်ပါတယ်။

၂၀၀၃ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ ပြတိုက်မှာ ပန်းပုဆရာတွေဟာ ရှေးခေတ်က အောင်မြင်ကျော်ကြားတဲ့လူ တွေရဲ့ ရုပ်တုတွေကို ခင်းကျင်းပြသခဲ့ပေမယ့် ပိတ်သိမ်းခံခဲ့ရကြောင်း သိရှိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required