ဒေပါဝလီပွဲတော်ကြီးအပြီး မီးခိုးမြူတွေ ဖုံးလွှမ်းကျန်ရစ်ခဲ့တဲ့ နယူးဒေလီမြို့တော်

ဒေပါဝလီပွဲတော်ကြီးအပြီး မီးခိုးမြူတွေ ဖုံးလွှမ်းကျန်ရစ်ခဲ့တဲ့ နယူးဒေလီမြို့တော်

နယူးဒေလီ၊ နိုဝင်ဘာ ၈ ။           ။ မနေ့က ကျင်းပပြီးစီးသွားခဲ့တဲ့ ဒေပါ၀လီပွဲတော်အပြီးမှာတော့ အိန္ဒိယနိုင်ငံရဲ့ မြို့တော်ကြီး နယူးဒေလီဟာ မီးခိုးမြူဖုံးလွှမ်းပြီး ကျန်ရစ်ခဲ့ပါတယ်။

ကမ္ဘာ့လေထုညစ်ညမ်းမှု အဆိုးဆုံးစာရင်းထဲမှာ ပါနေတဲ့ နယူးဒေလီမြို့တော်မှာ ဟိန္ဒိူတွေရဲ့ အကြီးကျယ်ဆုံး ပွဲတော်တစ်ရပ်ဖြစ်တဲ့ ဒေပါ၀လီပွဲတော်အတွင်း မြို့နေပြည်သူတွေဟာ မီးရှုးမီးပန်းတွေ ပစ်ဖောက်ကြလို့ ပျော်ရွှင်စွာ ကျင်းပခဲ့ကြပါတယ်။

ဒီအတွက် နောက်တစ်နေ့ မနက်ခင်းမှာတော့ နယူးဒေလီဟာ မီးခိုးမြူကြား ပျောက်ကွယ်သလောက် ဖြစ်ကျန်ရစ်တော့တာပဲ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ မြို့တော်ဟာ ကမ္ဘာ့အဆိုးဆုံး လေထုညစ်ညမ်းတဲ့ မြို့တွေထဲ ထိပ်ဆုံးတန်းမှာ ပါဝင်နေတဲ့ မြို့တော်ပါတယ်။

မီးခိုးမြူကြောင့် အိန္ဒိယနိုင်ငံမှာ နှစ်စဉ် လူတစ်သန်းကျော် သေဆုံးနေပြီး နယူးဒေလီဟာ ကမ္ဘာပေါ်က  မြို့ကြီးတွေမှာ အဆိုးဆုံး လေထုညစ်ညမ်းရာ မြို့တော်ကြီးဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က ပြောထားပါတယ်။

သန်း ၂၀ နီးပါးရှိတဲ့ မြို့တော်နေ ပြည််သူတွေအနေနဲ့ မီးခိုးမြူတွေကြား နေထိုင်နေရတာဖြစ်ပြီး ဆေးရုံတွေမှာ နိုဝင်ဘာလ ရောက်တိုင်း ချောင်းဆိုသံ တစ်ဟွတ်ဟွတ်နဲ့ လူနာတွေဟာ အဆောင်တွေမှာ ပြည့်နှှံ့နေတတ်ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ မြို့တော်ကြီးက ပြည်သူတွေအနေနဲ့တော့ မီးခိုးမြူကြားမှာ သွားလာလှုပ်ရှားရင်း သတိမမူမိတဲ့ လေထုညစ်ညမ်းမှုဟာ တစ်ရိရိနဲ့ ဒုက္ခပေးနေတာကို ခံစားနေရတာပဲ ဖြစ်ပါတော့တယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required