‘မန်ချက်စတာယူနိုက်တက်ဟာ အားထုတ်မှု မရှိဘဲ နိုင်ပွဲရခဲ့တာပါ’ - ရော်နယ်လ်ဒို

‘မန်ချက်စတာယူနိုက်တက်ဟာ အားထုတ်မှု မရှိဘဲ နိုင်ပွဲရခဲ့တာပါ’ - ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုက ဗုဒ္ဓဟူးနေ့က တူရင်မှာ ချန်ပီယံလိဂ် အုပ်စုပွဲမှာ ဂျူဗင်တပ်စ်အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ အသင်ဟောင်း မန်ယူဟာ ဘာမှ အားထုတ်မှုမရှိဘဲ နိုင်ပွဲရရှိခဲ့တာဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။  

ဂျူဗင်တပ်စ်အသင်းအတွက် ဂိုးကို ဘိုနူချီ တင်ပေးလိုက်တဲ့ ဘောလုံးကို ရော်နယ်လ်ဒိုက မြေမကျ ကန်သွင်းခဲ့ပါတယ်။ မန်ယူအသင်းအတွက် ချေပဂိုးကို မာတာက ဖရီးကစ်ပြစ်ဒဏ်ဘောကနေ ကန်သွင်းခဲ့ပြီး အနိုင်ဂိုးကိုတော့ အက်ရှလေယန်းရဲ့ ဖရီးကစ်ကို ရှင်းထုတ်ရာကနေ ဆန်ဒရိုက ကိုယ့်ဂိုးကို သွင်းယူမိသွားခဲ့ပါတယ်။

“ချန်ပီယံလိဂ်ပြိုင်ပွဲဟာ အထူးသီးသန့် ပြိုင်ပွဲတစ်ရပ်ပါ။ ကိုယ်က နိုင်နေရင်တောင်မှ ပေါ့ဆလို့ မရပါဘူး။ ဘာမဆိုဖြစ်သွားနိုင်တာမို့လို့ပါ။”လို့ ရော်နယ်လ်ဒိုက Sky Sport Italia ကို ပြောဆိုခဲ့ပါတယ်။

“ကျနော်တို့ဟာ ၉၀ မိနစ်လုံလုံး ပွဲကို ဆိုးမိုးထားခဲ့သလို အခွင့်အရေးတွေလဲ များစွာ ရရှိခဲ့ပါတယ်။ သေချာပေါက် ၃-၄ ဂိုးလောက် ရခဲ့သင့်တာပါ။ ဒါပေမယ့် ကျနော်တို့ တစ်ဂိုးထဲနဲ့ လျော့ပေါ့နေခဲ့ကြလို့ ပြိုင်ဘက်က ကောင်းကောင်း အပြစ်ပေးသွားခဲ့ပါတယ်။”

“မန်ချက်စတာယူနိုက်တက်ကတော့ ပွဲအနိုင်ရဖို့ ဘာမှ အားထုတ်မှု မရှိခဲ့ပဲ နိုင်ပွဲရခဲ့တာပါ။ သူတို့ ကံကောင်းလို့တော့ ပြောလို့တော့ မရပါဘူး။ ကိုယ်ပိုင်ကံကို ကိုယ်ကပဲ ကြိုးစားမှုနဲ့ပဲ ရှာဖွေရတာပါ။ ဒီနေ့ပွဲကတော့ ကျနော်တို့က သူတို့ကို လက်ဆောင်ပေးလိုက်တာပါ။”

“အခုချိန်မှာတော့ အမှားတွေ သင်ယူပြီး ကျနော်တို့ ခေါင်းမော့ ရှေ့ဆက်ဖို့ပါပဲ ။ကျနော်တို့ ကစားပုံကောင်းခဲသလို အုပ်စု ထိပ်ဆုံးမှာပဲ ရပ်တည်နေဆဲပါ။”လို့ သူက ပြောပါတယ်။

ဒီပွဲအနိုင်သွားတဲ့ မန်ယူအသင်းဟာ အုပ်စုတက်ဖို့ အခြေအနေကောင်းသွားခဲ့ပြီး အုပ်စု H ထိပ်ဆုံးက ဂျူဗင်တပ်စ်နဲ့ ၂ မှတ်သာ ကွာဟတော့ပါတယ်။

အိမ်ရှင် ဂျူဗင်တပ်စ်ကတော့ မော်ရင်ဟိုအသင်းရဲ့ နောက်ကျဂိုးနှစ်ဂိုးကြောင့် ဒီရာသီ ပထမဆုံး ရှုံးပွဲကြုံတွေ့သွားခဲ့တာဖြစ်ပါတယ်။

Ref; Goal

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly