စင်ကာပူတွင် ကျင်းပမည့် ONE : HEART OF THE LION အတွက် ပြိုင်ဖက်နှစ်ယောက်လုံး အဆင်သင့်ဖြစ်နေဟု ဆို

စင်ကာပူတွင် ကျင်းပမည့် ONE : HEART OF THE LION အတွက် ပြိုင်ဖက်နှစ်ယောက်လုံး အဆင်သင့်ဖြစ်နေဟု ဆို
ဓာတ်ပုံ-One Championship

စင်ကာပူ၊ နိုဝင်ဘာ ၈ ။              ။ နိုဝင်ဘာလ ၇ ၊ စင်ကာပူနိုင်ငံ၊ Marina Bay Sands Expo Convention center )တွင်  ONE : HEART OF THE LION Press Conference ကျင်းပခဲ့ပြီး ဝမ်းမစ်ဒယ်ဝိတ်တန်း ချန်ပီယံ အောင်လအန်ဆန်ပါ တက်ရောက်လာသည်။

ဘရာဇီးမှ Bibiano Fernandes(The Flash ) နှင့် ဖိလစ်ပိုင်မှ Kevin Beliongo ( The Silencer) တို့ လာမည့် နိုဝင်ဘာလ ၉ ရက်တွင် စင်ကာပူနိုင်ငံ Indoor Stadium ၌ အဓိက ယှဉ်ပြိုင်ထိုးသတ်မည် ဖြစ်သည်။

"စင်ကာပူမှာ နေရတဲ့အချိန်တိုင်းက စိတ်ကျေနပ်စရာပါ။ ၂၀၁၃ မှာ ဆု titles တွေ ပေါင်းစည်းနိုင်ခဲ့တယ်။ ဒီလိုတွေ ပြန်လုပ်ဖို့ အခွင့်အရေးက Kevin နဲ့ ပြန်တွေ့ရမှာပါ။ အရင်က သူနဲ့တိုက်ခိုက်ခဲ့ပါတယ်။ သောကြာနေ့စစ်ပွဲအတွက် အဆင်သင့် ဖြစ်နေပါပြီ။ အကောင်းဆုံးလုပ်ဖို့ ပြင်ဆင်ထားပြီးပါပြီ" ဟု ဘရာဇီးမှ Bibiano Fernandes(The Flash ) က ပြောသည်။

Kevin Beliongo က " လာမဲ့သောကြာနေ့ပွဲအတွက် အရမ်းကို လေ့ကျင့်ထားပါတယ်။ သူနဲ့ပြန်တွေ့ဖို့ အချိန်အကြာကြီး စောင့်ခဲ့ရပါတယ်။ ၁၀၀ ရာခိုင်နှုန်း အဆင့်သင်ဖြစ်ပြီး ယုံကြည်မှုအပြည့်ရှိပါတယ်။ အကောင်းဆုံး အောင်မြင်အောင်လုပ်နိုင်မှာပါ။ ကျွန်တော်တို့ကို လာမဲ့ နိုဝင်ဘာ ၉ ရက်မှာအားပေးကြပါ " ဟု ပြောသည်။

နိုဝင်ဘာလ ၈ ရက်နေ့တွင် စင်ကာပူတွင် ကျင်းပမည့် ကျင်းပမည့် Global MMA ဆုပေးပွဲတွင် အောင်လအန်ဆန်သည်  Martial Arts Hero of the Year ၊ Male Athlete of the Year ၊ Bout of the Year ၊ Knockout of the Year ၊ Walkout of the Year စသည့် ဆု ၅ ဆု ရရှိရန် ရေပန်းစားနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly