မင်းလှမြို့ စစ္စနို့-ကန်တုတ်ကားလမ်းမှာ ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်ပြီး တစ်ဦးသေ

မင်းလှမြို့ စစ္စနို့-ကန်တုတ်ကားလမ်းမှာ ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်ပြီး တစ်ဦးသေ

မကွေးတိုင်းဒေသကြီးအထက် မင်းလှမြို့ စစ္စနို့-ကန်တုတ်ကားလမ်းမိုင်တိုင် (၁၃/၁) နှင့် (၁၃/၂) ကြားအတက်အဆင်း လမ်းကွေ့ လမ်းလယ်တွင် နိုဝင်ဘာ ၆ ရက်နေ့ ညနေက ဘောက်ဆာယာဉ်နှင့် မော်တော်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိ၍ လူတစ်ဦးသေဆုံးခဲ့သည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ “ဒီးဒုတ်ကန်ကျေးရွာနေသူတင်မိုးခိုင်ဟာ စစ္စနို့ကနေကန်တုတ်ဘက်ကို ဆိုင်ကယ်ကို တစ်ဦး တည်းမောင်းနှင်လာခိုက် မင်းလှမြို့၊ မြောက်ရပ်ကွက်နေထိုင်သူ ဇော်လတ် မောင်းနှင်လာတဲ့ အဖြူ ရောင်ဘောက်ဆာ (၁၂) ဘီးယာဉ်နဲ့ လမ်းလယ်မှာ မျက်နှာချင်းဆိုင်တိုက်မိခဲ့တာပါ။ တိုက်မိခဲ့တဲ့အရှိန်ကြောင့် တင်မိုးခိုင်ကို စိုးရိမ်ရဒဏ်ရာများနဲ့ မကွေးဆေးရုံကို ပို့ဆောင်ဆေးကုသမှူ ခံယူခဲ့ရပါတယ်။” ဟု ရေနံမ နယ်မြေစခန်းမှူး ရဲအုပ်မျိုးမင်းထွန်းက မဇ္စျိမသို့ ပြောသည်။

ကုသမှုပြုလုပ်ခဲ့သော်လည်း ဒဏ်ရာကြောင့် ထို လူနာမှာ သေဆုံးခဲ့သည်။

ယာဉ်တိုက်မှုအတွက် ရေနံမနယ်မြေရဲစခန်းမှ တင်မိုးခိုင် (၂၅) နှစ်နှင့် ဇော်လတ်(၄၀) နှစ်တို့ နှစ်ဦးအား ယာဉ်(ပ)၁၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈ဖြင့် ညနေ(၅)နာရီအချိန်က ကနဦး အမှုရေးဖွင့်ထားသော်လည်း တင်မိုးခိုင်မှာသေဆုံးသွားခဲ့သည့်အတွက် အမှုအား ရာဇသတ်ကြီးပုဒ်မ ၃၃၈မှ၃၀၄-ကသို့ပြောင်းလဲထားသည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly