၂၆ နှစ်အတွင်း ပထမဆုံး ချန်ပီယံလိဂ် နိုင်ပွဲအတွက် လီဗာပူးလ်ကို ရှော့ဖြစ်စေတဲ့ ရက်စတားဘဲလ်ဂရိတ် 

၂၆ နှစ်အတွင်း ပထမဆုံး ချန်ပီယံလိဂ် နိုင်ပွဲအတွက် လီဗာပူးလ်ကို ရှော့ဖြစ်စေတဲ့ ရက်စတားဘဲလ်ဂရိတ် 

လီဗာပူးလ်အသင်းဟာ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် အင်္ဂါနေ့က ဆားဗီးယားတို့ရဲ့ မြို့တော်မှာ ရစ်စတားဘဲလ်ဂရိတ်အသင်းကို ၂-၀ ဂိုးဆိုတဲ့ ရှော့ဖြစ်စေတဲ့ ရှုံးနိမ့်မှုနဲ့ တွေ့ကြုံခဲ့ရပါတယ်။

ရက်စတားအသင်းဟာ လွန်ခဲ့တဲ့ ၂ ပတ်က လီဗာပူးလ်ကို အန်ဖီးလ်မှာ ၄ ဂိုးပြတ်နဲ့ ရှုံးနိမ့်ထားခဲ့ပေမယ့် အိမ်ကွင်းမှာတော့ မီလန်ပက်ကော့ပ်ရဲ့ပထမပိုင်း သွင်းဂိုး ၂ ဂိုးနဲ့အတူ အသင်းဟာ ၂၆ နှစ်အတွင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ် နိုင်ပွဲလည်းဖြစ်ခဲ့ပါတယ်။

“ကျနော်ရဲ့ ကစားသမားတွေဟာ အလွန်စိတ်မကောင်းဖြစ်ခဲ့ပါတယ်။ ကျနော်ကိုယ်တိုင်လည်း အရမ်းစိတ်မကောင်းဖြစ်မိပြီး ကျနော်တို့ အကောင်းဆုံးလုပ်ဆောင်ခြ့ပါတယ်။ ကျနော်တို့ အကောင်းဆုံးလုပ်ခဲ့တယ်။ ကျနောတို့ အကောင်းဆုံးလုပ်နိုင်လို့ပါ။ ဒါပေမယ့် ဒီညမှာတော့ အရမ်းနောက်ကျသွားခဲ့ပါတယ်။”လို့ လီဗာပူးလ်နည်းပြ ကလော့ပ်က ပြောပါတယ်။

“သူတို့ဟာ နေရာလွတ်တွေ အများကြီး ရခဲ့ပါတယ်။ သူတို့အသင်းက အတွဲလိုက် ကစားပုံကောင်းမွန်ခဲ့သလို သူတိုိ့ထဲက တစ်ဦးကို ဂိုးသွင်းနိုင်ဖို့ပြုလုပ်ခဲ့တာဟာ မှန်ကန်တဲ့ အလုပ်ပါပဲ။”လို့ သူက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

“ကျနော်တို့ နောက်ထပ် ပွဲစဉ် ၂ ပွဲကစားဖို့ ကျန်ရှိနေပါသေးတယ်။ ဒီပွဲမှာ ကျနော်တို့ရဲ့ အစွမ်းအစတွေပျောက်ဆုံးခဲ့ပါတယ်၊ ဒီလိုပုံစံမျိုးနောက်တစ်ခေါက်ထပ်မဖြစ်ဖို့ ကျနော်တို့ သေချာအောင် ပြုလုပ်ရတော့မှာပါ။”

အုပ်စု C ပွဲစဉ်အတွင်း နာပိုလီနဲ့ ပီအက်စ်ဂျီတို့ သရေကျခဲ့တာကြောင့် လီဗာပူးလ်အသင်းဟာ ထိပ်ဆုံးနေရာ ဦးဆောင်ခွင့်ကို ဆုံးရှုံးခဲ့သလို အုပ်စုအတွင်း ရမှတ် ကွာဟမှုက ကျဉ်းမြောင်းပြီး အသင်းအားလုံး နောက်တဆင့် တက်ရောက်နိုင်ဖို့ အခွင့်အရေး ကိုယ်စီရှိနေကြပါတယ်။

ဒါကြောင့် အုပ်စု C မှာ ၄ ပွဲကစားအပြီး နာပိုလီက ရမှတ် ၆ မှတ်နဲ့ အုပ်စု ထိပ်ဆုံးမှာ ရပ်တည်ပြီး ဒုတိယနေရာမှာ လီဗာပူးလ်က ၆ မှတ်၊ ပီအက်စ်ဂျီက ၅ မှတ်နဲ့ ရတ်စတားဘဲလ်ဂရိတ်က ၄ မှတ် အသီးသီး ရရှိထားပါတယ်။

ချန်ပီယံလိဂ် အုပ်စုပွဲစဉ်များ

မိုနာကို ၀-၄ ကလပ်ဘရုဂေး
ရစ်စတားဘဲလ်ဂရိတ် ၂-၀ လီဗာပူးလ်    
အက်သလက်တီကို ၂-၀ ဒေါ့မွန်
စပါး ၂-၁ PSV
အင်တာမီလန် ၁-၁ ဘာစီလိုနာ
နာပိုလီ ၁-၁ PSG
ပေါ်တို ၄-၁ လိုကိုမိုးတစ်မော်စကို
ရှော်လ်ကေး ၂-၀ ဂါလာတာစာရေး

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly