ဥရောပစစ်တပ်ဟာ ရုရှနဲ့ အမေရိကန်တို့ကို ခုခံကာကွယ်နိုင်ရမယ်လို့ ပြင်သစ်သမ္မတ တိုက်တွန်း

ဥရောပစစ်တပ်ဟာ ရုရှနဲ့ အမေရိကန်တို့ကို ခုခံကာကွယ်နိုင်ရမယ်လို့ ပြင်သစ်သမ္မတ တိုက်တွန်း

ပါရီ၊ နိုဝင်ဘာ ၆ ။            ။ ရုရှတင်မက အမေရိကန်ကိုပါ ခုခံကာကွယ်နိုင်တဲ့ စစ်မှန်တဲ့ ဥရောပစစ်တပ် ဖြစ်လာဖို့အရေး ပြင််သစ်သမ္မတ အမ်မန်နျူရယ် မက်ခရွန်က အင်္ဂါနေ့မှာ ကျင်းပတဲ့ ပထမကမ္ဘာစစ် နှစ်ရာပြည့်အခမ်းအနားတစ်ရပ်မှာ ပြောလိုက်ပါတယ်။

ပြင်သစ်သမ္မတ မက်ခရွန်ဟာ ပြီးခဲ့တဲ့နှစ် ရာထူးစတင် ရရှိချိန်ကစပြီး ပူးပေါင်းဥရောပစစ်တပ် ထွက်ပေါ်လာရေးအတွက် တိုက်တွန်းပြောဆိုနေသူပဲ ဖြစ်ပါတယ်။  

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စစ်အေးကာလ နျူကလီးယားပဋိညာဉ်ကနေ နုတ်ထွက်မယ်လို့  ကြေညာပြီးနောက်မှာ မက်ခရွန်ဟာ ဥရောပအနေနဲ့ အမေရိကန်အပေါ် မှီခိုနေရတာကို လျှော့ချဖို့ လိုပြီဖြစ်ကြောင်း ပြောထားခဲ့သူပါ။

“တရုတ်၊ ရုရှနဲ့ အမေရိကန်တို့ကို အလေးထားပြီး  ကျွန်တော်တို့ဟာ ကိုယ်ကိုကို ကာကွယ်နိုင်စွမ်းလည်း ရှိရမှာ ဖြစ်တယ်။”လို့ မက်ခရွန်က Europe 1 ရေဒီယိုမှာ ပြောခဲ့ပါတယ်။

“၁၉၈၀ ခုနှစ်တွေက ဥရောပဒုံးကျည်အကျပ်အတည်းပြဿနာအပြီးမှှာ ပေါ်ပေါက်လာခဲ့တဲ့ လက်နက်ဖျက်သိမ်းရေး အထူးပဋိညာဉ်ကနေ နုတ်ထွက်မယ်လို့ သမ္မတ ထရမ့် ကြေညာစဉ်မှာ ကျွန်တော် မြင်ယောင်လိုက်တာက ဥရောပနဲ့ ဥရောပရဲ့ လုံခြုံရေးပါပဲ။”ဆိုပြီး မက်ခရွန်က ပြောပါတယ်။

“ကျွန်တော်တို့မှာ စစ်မှန်တဲ့ ဥရောပစစ်တပ်တစ်ရပ် မရှိဘဲနဲ့တော့ ကျွန်တော်တို့ဟာ ဥရောပကို ကာကွယ်နိုင်မှာ မဟုတ်ပါဘူး။”လို့ မက်ခရွန်က ပြောခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly