ဒီပါဝလီပွဲတော် တစ်စိတ်တစ်ပိုင်းအဖြစ် နီပေါက ဟိန္ဒူတွေဟာ ခွေးတွေကို ကောင်းချီးမင်္ဂလာပေးပွဲ ကျင်းပ

ဒီပါဝလီပွဲတော် တစ်စိတ်တစ်ပိုင်းအဖြစ် နီပေါက ဟိန္ဒူတွေဟာ ခွေးတွေကို ကောင်းချီးမင်္ဂလာပေးပွဲ ကျင်းပ

ခတ္တမန္ဒူ၊ နိုဝင်ဘာ ၆ ။          ။ နီပေါက ပြည်သူတွေဟာ ဒီကနေ့မှာတော့ ခွေးများနေ့ ခေါ် Kukur Tihar ပွဲတော်နေ့ အခမ်းအနားကို ကျင်းပပြီး ခွေးတွေကို ပန်းကုံးစွပ်ပေးတာ၊ အစာကျွေးမွေးတာတွေ ပြုလုပ်ကြပါတယ်။

လူနဲ့ ခွေးတွေကြားက ရင်းနှီးကျွမ်းဝင်မှုကို အသိအမှတ်ပြု ကျင်းပတဲ့ ဒီပွဲတော်ဟာ ဒီပါဝလီ အဖြစ် လူသိများတဲ့ ဒီနီပေါမှာ ဒုတိယအကြီးဆုံးပွဲတော်ဖြစ်တဲ့ Tihar ပွဲတော်ရဲ့ နှစ်ရက်မြောက်အဖြစ် ကျင်းပတာဖြစ်ပါတယ်။

Kulur ဆိုတာ နီပေါလို ခွေးလို့ အဓိပ္ပာယ်ထွက်ပြီး ဒီနေ့ အင်္ဂါနေ့မှာ ကျင်းပတာဖြစ်ပါတယ်။ တနင်္လာနေ့ကတော့ Kaag Tihar ဆိုတဲ့ ကျီးကန်းများနေ့ကို ကျင်းပခဲ့ပြီး ကျီးကန်းတွေကို ကောင်းချီးမင်္ဂလာပေးလို့ အစားအစာ ကျွေးမွေးကြတာ ဖြစ်ပါတယ်။

Tihar ပွဲတော်တွေဟာ ဘုရားကို ဝတ်ပြုဆုတောင်းတဲ့ ပွဲတော်သက်သက်သာမဟုတ်ဘဲ နွား၊ ခွေးနဲ့ ကျီးကန်းစတဲ့ တိရစ္ဆာန််တွေရဲ့ အရေးပါမှုကို အသိအမှတ်ပြု ကျင်းပပေးတဲ့ ပွဲတော်ဖြစ်ပါတယ်။

ဒီပွဲတော်တွေဟာ ကောင်းမှုက မကောင်းမှုကို အောင်နိုင်ရာအဖြစ် ကျင်းပတဲ့ ပွဲတော်တွေလည်း ဖြစ်တယ်လို့ ဒေသခံဘုန်းတော်ကြီးတစ်ပါးက အီးပီအေသတင်းဌာနကို ပြောပါတယ်။

“ကျန်းမာရေး ကောင်းမွန်မှုတွေ၊ ဓနဥစ္စာကြွယ်ဝမှုတွေကို ဆောင်ကြဉ်းလာမယ်ဆိုပြီး ဒီပွဲတော်ကို ယုံကြည်ထားကြတာ ဖြစ်ပါတယ်။”လို့ ၎င်းက ဖြည့်စွက်ဆိုပါတယ်။

ပွဲတော်မာ ရာမနတ်ဘုရားနဲ့ ဓနစောင့်နတ်သမီး လက်ချ်မီးတို့ကို ပူဇော်ပြီး ဆီးမီးတွေ ထွန်းညှိတာ၊ ပန်းတွေကပ်လှုတာတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။ ပွဲတော်ရဲ့ ပထမနေ့ ကျီးကန်းများနေ့ဟာဆိုရင် ကျီးကန်းတွေဟာ ရာမရဲ့ စေတမန်တွေအဖြစ် မှတ်ယူပြီး ကျင်းပတာဖြစ်သလို ဒုတိယနေ့ ခွေးများနေ့ကိုလည်း ခွေးတွေဟာ ရာမရဲ့ အစောင့်အရှောက်တွေအဖြစ် ကျင်းပတာ ဖြစ်ပါတတတယ်။

ငါးရက်တာ ကျင်းပတဲ့ ဒီပွဲတော်ဟာ ဟိန္ဒူတွေအလေးအမြတ်ထားတဲ့ နွားတွေကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ ဟိန္ဒူတွေဟာ ဒီပွဲတော်ကာလအတွင်း အလင်းရောင်ထိန်ညီးပြီး သန့်ရှင်းစွာ လှပတန်ဆာဆင်ထားတယ်ဆိုရင် ဓနစောင့် နတ်သမီး လက်ချ်မီးက သူတို့ရဲ့ အိမ်တွေဆီ ကြွရောက်လာမယ်လို့ ယုံကြည်ထားတာ ဖြစ်ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly