အရိုး ၊ အဆစ် ကျန်းမာရေး - ( ၃ ) နိဂုံးပိုင်း

အရိုး ၊ အဆစ် ကျန်းမာရေး - ( ၃ ) နိဂုံးပိုင်း

အရိုး၊ အဆစ်၊ ဒူးနာ ၊ ခါးနာ တွေ အတွက် ဆောင်ရန် ရှောင်ရန်တွေကို ဆရာဝန်ကြီး ဒေါက်တာ ကျော်မင်းစိုးနဲ့ မဇ္စျိမကိုမျိုးသန့် တို့ ၊ တွေ့ဆုံမေးမြန်းချက်များ( အပိုင်း - ၃ နိဂုံးပိုင်း)  ဖြစ်ပါတယ် ။

မေး။ ။   ခါးနာတာနဲ့ပတ်သက်ပြီး ဆေးသောက်ရင်လည်း မသက်သာဘူး၊ ဆေးထိုးလို့ရှိရင်လည်း ခဏပဲ သက်သာတယ် ဆိုတော့ အဲ့ဒါကို ပြန်ကောင်းအောင်ဘယ်လိုလုပ်နိုင်မလဲဆိုတာ ဆရာဖြေပေး ပါဦး ခင်ဗျား။

ဖြေ။ ။ ခုနပြောသလို ကုသမှု ပရိုဂရမ်တွေ ကုသမှုထုံးတမ်းတွေကတော့ ရှိတာပေါ့ ရှိပေမယ့်လည်း ရောဂါဖြစ်မှ ကုသမယ်ဆိုရင်တော့ တော်တော်လေးနောက်ကျပါတယ် ရောဂါဆိုတာမဖြစ်ခင် ကြိုတင် ပြီးတော့ ကာကွယ်လို့ရတာဖြစ်တဲ့အတွက် ငယ်ရွယ်စဉ်တည်းက မိမိအရိုး မိမိစောင့်ရှောက်ခဲ့မယ်၊ ကျန်းမာရေးကိုစောင့်ရှောက်ခြင်းအားဖြင့် ဒီအရိုးဆိုတာ ပင်တိုင်ပဲလေ တစ်ကိုယ်လုံးကိုထောက်ပံ့ ထားတဲ့ ပင်တိုင် မိမိကိုယ် မိမိစောင့်ရှောက်မယ်ဆိုရင် ဒီအရိုးကိုလည်း စောင့်ရှောက်ပြီးသား အခြေ အနေကိုရရှိမှာဖြစ်တယ်။ မှန်မှန်ကန်ကန်သာ လေ့ကျင့်ခန်းလုပ်မယ် အားကစားလုပ်မယ် ကျန်းမာ သန်စွမ်းတဲ့ လူနေမှုပုံစံနဲ့နေထိုင်မယ်ဆိုရင်တော့ ဒီရောဂါတွေကို ကာကွယ်ခြင်းသည် ကုသခြင်းထက် အများကြီးထိရောက်မှာ ဒါကတော့ ကျွန်တော့်အနေနဲ့ အများကြီးအားပေးလိုပါတယ်။ နေ့စဉ်ပုံမှန်လမ်းလျှောက်ဖို့ ကိုယ့်ရဲ့ရှိတဲ့ အချိန်အတွင်းမှာပဲ သတိနဲ့နေသလိုမျိုးပဲ ကိုယ့်ကိုကိုယ် လေ့ကျင့်ခန်းနဲ့စောင့်ရှောက်မယ်ဆိုရင် ဒီရောဂါတွေတော်တော်များများ ပြီးမှာပါ။ နောက်တစ်ခု ကတော့ စောစီးစွာသိဖို့အတွက် အခုဆိုရင် အလွယ်တကူ ကိုယ့်ရဲ့အနီးပတ်ဝန်းကျင်မှာပဲ  ဂျီပီ အထွေထွေရောဂါကုဆရာဝန်တွေနဲ့ တိုင်ပင်လို့ရတယ်၊ သူတို့နဲ့တိုင်ပင်ပြီးတော့ သူတို့ကညွန်ကြား ပြီးတော့ ရှေ့ဆက်ပြီးတော့ လိုအပ်မယ်ဆိုရင် စစ်ဆေးလို့ရတယ်၊ အခုလိုမျိုးကျွန်တော်တို့ ပြောနေတဲ့ Health talk တွေ နားထောင်နေမယ် Facebook ကိုလည်း တော်တော်များများ အကုန်လုံးကို ကျွန်တော်တို့ Explore လုပ်လို့ရတယ်၊ ဒီအကြောင်းအရာတွေအကုန်လုံး ရှိပြီးသား ဒါတွေကို သိချင်တယ် ဆိုရင် ဘာမှမခက်ဘူး တိုက်ရိုက်ခေါ်ပြီးတော့ ဆရာတို့ကိုမေးလိုက် မေးခွန်းတစ်ချက် ရိုက်တယ်။ စောစီးစွာသိအောင် ရှာဖွေမယ်။ ဖြစ်လို့ရှိရင် မြန်မြန်ကုသမယ် မှန်ကန်စွာဆရာဝန်နဲ့ သေချာကုသမယ်ဆိုရင် ဒီရောဂါတွေကို ဖြေရှင်းနိုင်မှာဖြစ်တယ်။   တစ်ခါပြပြီးတော့ ပျောက်သွားတဲ့ ရောဂါမျိုးမဟုတ်ဘူး ဒါက Life long ပဲ လူ့ဘဝမှာ အမြဲစောင့်ရှောက်ရမှာ ဒီဆေးသောက်တယ် ဒီရောဂါပျောက်သွားပြီ ဆရာဝန်နဲ့မတွေ့ရတော့ဘူး အဲ့ဒီလိုမဟုတ်ဘူး တစ်သက်စာမှာ စောင့်ရှောက် ရမှာဖြစ်တဲ့အတွက် ဆရာဝန်နဲ့အမြဲတွေ့စရာမလိုပါဘူး။ မိမိကိုယ်မိမိ သတိနဲ့စောင့်ရှောက်မယ်ဆိုရင် ကိုယ်ကိုယ်တိုင်က ဆရာဝန်လို်ပဲ အသိနဲ့ ဒီကသိတဲ့အသိတွေကို အသုံးချမယ်ဆိုရင် အများကြီးအကျိုး ရှိမှာပါ။ ဒီကြားထဲမှာလွဲချော်မှုမရှိအောင် ပြန်ထိန်းညှိဖို့အတွက် တိုင်ပင်မယ် ဆွေးနွေးမယ် သူငယ်ချင်း  အချင်းချင်းပြောဆိုမယ် ဗဟုသုတတွေပြောမယ် ငြင်းကြခုန်ကြမယ် ပြောကြဆိုကြမယ်ဆိုရင်ပဲ ဒါတွေ အများကြီးတိုးတက်လာမှာ။ အရင်လိုမဟုတ်တော့ဘူး။ ငယ်ငယ်တုန်းက စကားပြောသလိုမျိုး စကား ဝိုင်းတွေပေါ့ အဲ့ဒီလိုစကားဝိုင်းတွေအခုကတော့ မရှိတော့ဘူး။ ဖုန်းနဲ့ တစ်ယောက်နဲ့တစ်ယောက် ပြောနေကြဆိုတော့ culture change ကို ရပ်ထားလို့မရဘူး ကျွန်တော်တို့ရဲ့သားသမီးတွေ လူငယ် တွေက ဒီတိုင်းဖြစ်လာပြီ။ သူတို့ကို ကျွန်တော်တို့ဘယ်လို ဆွဲခေါ်ပြီးတော့ ဒီနေရောင်ခြည်အောက် ကိုရောက်ဖို့ လရောင်အောက်ကိုရောက်ဖို့ သယ်သွားမလား၊ မီးလုံးတွေအောက်မှာနေမလား ဆိုတာ တော့ Life style သင့်တင့်လျောက်ပတ်အောင်နေထိုင်ရမှာ မိမိတာဝန်ပဲဖြစ်ပါတယ်။

မေး။ ။   ခြေထောက်က တစ်ဖြေးဖြေးနဲ့ ပုံမှန်မဟုတ်တော့ဘူး တစ်ဖက်ကတွဲကျနေတယ်၊ ဆရာဝန်ကို ပြကြည့်တဲ့အခါ ပေါင်အဆစ်နှစ်ခုကြားကနေပြီးတော့ အရိုးဆစ်ကနေပြီး ပျက်စီးလာတယ်လို့ ပြောတယ်၊ ပြီးရင် အစားထိုးကုရမယ်လို့ပြောတယ် ဘယ်လိုနည်းလမ်းကို အသုံးပြုသင့်ပါသလဲ၊  ဘယ်လို ကုသမှုမျိုးကို ခံယူသင့်ပါသလဲ ခင်ဗျား။

ဖြေ။ ။ ဒါကတော့ အခုပြောတဲ့ အတိုင်းဆိုရင်တော့ ဆရာဝန်တစ်ယောက်နဲ့တိုင်ပင်ဆွေးနွေးဖို့လို ပါတယ်၊ တိုင်ပင်ဆွေးနွေးပြီးတော့ စမ်းသပ်တဲ့အခါမှာ သူ့ရဲ့ပြဿနာက တင်ပဆုံ မှာဖြစ်တာလား ဒါမှမဟုတ်ရင်လည်း သူကဆင်တူဖြစ်နေတာ ခါးကပြဿနာတွေကလဲ နာတတ်တယ်ပေါ့ တင်ပဆုံ မှာ ဖြစ်ရင်တော့ ဒီပေါင်ခြံတွေမှာ လာနာမှာပေါ့ ၊ ခါးဖြစ်ရင်တော့ ကျောမှာလာနာမှာပေါ့ ၊အဲ့ဒီနှစ်ခုကို ပြန်ပြီးတော့ ခွဲခြားရမှာဖြစ်တယ်၊ ခွဲခြားဖို့အတွက်ကသိပ်မခက်ပါဘူး ဓာတ်မှန်ရိုက်လိုက်ရင် တွေ့မှာပါ၊ ဓာတ်မှန်ရိုက်လိုက်ရင် အဆင့် ၁၊၂၊၃၊၄ ပျက်စီးမှုရှိပါတယ် ဒူးခေါင်းမှာပျက်စီးသလိုပဲ တင်ပဆုံ အဆစ် မှာ အခွက်နဲ့ အလုံးနဲ့ joint မှာ ပျက်စီးလာခဲ့ရင်တော့ ဒီပျက်စီးမှုကိုကုသရမှာဖြစ် တယ်။ ဆေးကုလို့ တော့ သူကမရတဲ့အတွက် အစားထိုးလဲရမယ်၊ အခုဒီနှစ်သုံးဆယ်အတွင်းမှာ တိုးတက်ပြောင်းလဲလာ တဲ့ စနစ်တွေကြောင့်မို့လို့ ဒီအစားထိုးကုသတဲ့ စနစ်ကအလွန်ပဲအောင်မြင်ပါတယ် ၉၀၊ ၉၅ရာခိုင်နှုန်း လောက် အောင်မြင်တယ် နှစ်၂၀၊ ၃ဝလောက် ဒီပစ္စည်းတွေက ခံတဲ့အတွက် တော်တော်လေးကောင်း ပါတယ်၊ သူ့မှာကြောက်စရာတော့ ဒီအဆစ်လဲ တာဖြစ်တဲ့အတွက် အဆစ်ပြုတ်တာတော့ ပူစရာရှိတာ ပေါ့၊ ဒီအဆစ်ပြုတ်တာတွေမဖြစ်အောင် အခုနောက်ထပ်ထွင်လာတဲ့ပစ္စည်းတွေက မပြုတ်ထွက်အောင် ကောင်းမွန်အောင်လုပ်ပေးနိုင်တဲ့အတွက် total join replacement လုပ်တာ အကောင်းဆုံးပဲဖြစ် ပါတယ် ။
မေး။ ။   ဗိုက်တာမင်အမြဲတမ်းသောက်ရင် ဘာဖြစ်တတ်ပါသလဲ၊ ဒူးနဲ့ဖနောင့်အတွက် အရိုးအား ကောင်းအောင် ဘာဆေးတွေ သောက်သင့်ပါသလဲ ခင်ဗျား ။

ဖြေ။ ။ ဗိုက်တာမင်ဆိုတာတော့ လိုအပ်သလောက်ပဲ သောက်ဖို့လိုတာပေါ့ ဗိုက်တာမင် အမျိုးအစား ပေါ်မူတည်ပြီးတော့ ကိုယ်ခန္ဓာကနေဖျက်စီးပစ်နိုင်တဲ့ ဗိုက်တာမင်ဆိုရင်တော့ ပြဿနာမရှိဘူး။ ကိုယ်ခန္ဓာထဲမှာ မဖျက်စီးနိုင်ဘဲနဲ့ စုလာမယ့်ဟာမျိုးတွေ ဗိုက်တာမင် အေ တို့ ဒီ တို့ သိပ်များလာပြီး ကြာလာရင်တော့ ကိုယ်ခန္ဓာကနေ ဒီဗိုက်တာမင်တွေကို မဖျက်စီးနိုင်တော့ဘူး၊ အဲ့ဒီအခါမျိုးမှာတော့ ဟိုက်ပါဗိိုုက်တာမင်နိုးစစ် ဆိုတဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ် ၊ ဗိုက်တာမင် ဒီ ၊ ဗိုက်တာမင် အေ အများကြီးသောက်ရင်းသောက်ရင်းနဲ့ သူကအန်လာမယ် သူ့ရဲ့လက္ခဏာတွေပြပါတယ် ဒါကြောင့်မို့ ဒီဗိုက်တာမင်တွေကို အများကြီးအလွန် အကျွံသောက်တာတော့ မကောင်းပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ထုတ်တဲ့ဆေးတွေက လိုအပ်သလောက်ကို ထုတ်ထားတာဖြစ်တဲ့အတွက် dose မများ ဘူးဆိုရင်တော ့နေ့စဉ်သောက်လို့ ရပါတယ်။ဒီအရိုးကျန်းမာရေးအတွက်သောက်ဖို့ကတော့ ကယ်စီယမ် ပေါ့ ကယ်စီယမ်နဲ့ သူ့နဲ့အတူတွဲပြီးတော့ ဗိုက်တာမင်ကတော့ ဗိုက်တာမင် ဒီ ပေါ့ ၊ ဒီနှစ်ခုက နေရောင်ခြည်လည်းရမယ် ကိုယ်လက်လှုပ်ရှားမှုလည်း လုပ်မယ်။ နောက်နေ့စဉ် ကျွန်တော်တို့စားသုံး နေတဲ့ အစားအသောက်ထဲမှာလည်းပါတယ် နို့၊ နို့ထွက်ပစ္စည်းမှာလည်း ကယ်စီယမ်တွေကပါတယ် ။ အသားတွေထဲမှာလည်းပါတယ်၊ အရွက်တွေထဲမှာလည်းပါတယ်။ အဲ့ဒါတွေကို ကိုယ်ခန္ဓာပြန်ပြီး စုပ်ယူပြီးတော့ အသုံးချဖို့ normal သဘာဝကရှိပြီးသားပါ ၊ ဒီသဘာဝ အပြင် ဖြည့်စွက်ပြီးတော့ အားဆေး ဗိုက်တာမင်တွေ မာတီဗိုက်တာမင်ပေါ့ သောက်မယ်ဆိုရင် လိုအပ်လားဆိုရင်တော့ ပြောရ ရင်တော့ အကြမ်းဖျဉ်းတော့လိုအပ်ပါတယ် သောက်ရင်ကောင်းပါ တယ်၊ ကိုယ်ခန္ဓာမှာမပိုသရွေ့ ကိုယ်ခန္ဓာဖျက်စီးနိုင်မယ်ဆိုရင်သောက်လို့ရပါတယ်။ ဒါပေမယ့် အရမ်း အလွန်အကျွံမသောက်ဖို့တော့ လိုအပ်ပါတယ်။

မေး။ ။   ညာဘက်လက်ကောက်ဝတ်က  ဆိုင်ကယ်မတော်တဆ ဖြစ်တော့ သွားကြားထိုးတံ လောက် ရှိတဲ့ စတီးရိုးသေးသေးလေးတွေကို ဆေးရုံမှာထည့်ထားပြီး တစ်နှစ်လောက်ကြာတဲ့အခါမှာ ပြန်ထုတ် ထားပါတယ်။ ဒါပေမယ့်လို့ လက်ကောက်ဝတ်က မကြာခဏနာနေတယ်၊ ဓာတ်မှန်တော့ရိုက်တယ်၊ အာထရာဆောင်းလည်းရိုက်တယ်၊  ခြောက်လလောက်ဆေးလည်းသောက်တယ် မပျောက်ဘူးဆို တော့ အဲ့ဒါကိုဘယ်လိုလုပ်သင့်သလဲ ဘာများဖြစ်နိုင်သလဲဆိုတာ သိပါရစေ ။

ဖြေ။ ။ ဟုတ်ကဲ့ ဒီအရိုးကျိုးတာတော့ ကုသလည်း ပြီးပြီဆိုတော့ အမှန်တော့ ကေ ဝိုင်ယာလို့ခေါ်တဲ့ သွားကြားထိုးတံလို ဆီး( seal ) ဝိုင်ယာပေါ့ ၊ စမုတ်တံလိုမျိုး ဆီးကြောင်းလေးကိုထိုးပြီးတော့ အရိုး နှစ်ခုကိုဆက်ဖို့ ကုသထားတာဖြစ်မှာပါ ၊အခုပြန်လည်းထုတ်ပြီးပြီဆိုတော့ တကယ်တော့ ဒီအရိုးကပြန် ဆက်ပါတယ် အရိုးကတကယ်တော့ အရိုးချင်းထား အရိုးချင်းထိ သူ့ဟာသူ အရိုးကဆက်တယ် ၊ ကျွန်တော်တို့က ဒီအရိုးဆက်တာကို ကောင်းကောင်းမွန်မွန် မှန်မှန်ကန်ကန်ဖြစ်အောင်ပြန်ပြီးတော့ ကုသပေးတာဖြစ်တယ်။ သူ့အနေနဲ့ အရိုးရဲ့အလိုင်းမင်း ကောင်းမယ်ဆိုရင်တော့ ဒီ function အနေနဲ့ ပြန်ကောင်းရမှာဖြစ်တယ်။ အခုလိုမျိုး ဖန်ရှင်ပြန်မကောင်းဘူးဆိုရင် သူ့မှာကျွန်တော်တို့အရိုးဆက်တာ အပြင် သူ့ရဲ့ဘေးမှာရှိတဲ့ အာရုံကြောတွေ အရွတ်တွေက မကောင်းလို့ဖြစ်နိုင်ပါတယ်။ ဒီအရွတ်တွေ အာရုံကြောတွေမကောင်းဘူးဆိုရင်တော့ ဒီအရွတ်တွေ အာရုံကြောတွေကောင်းဖို့အတွက် အရွတ် အာရုံကြောတွေအပြင် ကိုယ်ခန္ဓာမှာဘေးမှာရှိတဲ့ ကြွက်သားတွေရှိပါတယ်၊ သူ့ရဲ့ ဒီအဆစ်တွေခိုင်းဖို့ အတွက် ဒီကြွက်သားမကောင်းရင် နောက်ထပ်ကြွက်သားတစ်ခုက အလုပ်လုပ်ပေး လို့ရတယ်။ ဒီအာရုံကြောတစ်ခုမကောင်းရင် နောက်ထပ်အာရုံကြောတစ်ခုက အလုပ်လုပ်ပေးရတယ်။ ဒါက သဘာဝကလုပ်ပေးတာ သဘာဝကမဟုတ်ဘဲနဲ့ လိုအပ်ရင် အရိုးဆရာဝန်နဲ့တိုင်ပင်လိုက်ရင်   တစ်ခုခု လုပ်လိုက်ရင်လည်း သူ့ရဲ့ဖန်ရှင်ကပြန်ပြီးတော့ ပြန်ရလာမှာဖြစ်တယ်။ တိုင်ပင်ပြီးတော့ ကုသရင်တော့ အကောင်းဆုံးပေါ့ ၊ တကယ်လို့ မတိုင်ပင်နိုင်သေးဘူးဆိုရင်လည်း သူ့အနေနဲ့ လေ့ကျင့်ခန်း။ ကျွန်တော် အမြဲပြောတဲ့ ဒီကြွက်သားတွေကို သန်စွမ်းအောင် ကိုယ်မနိုင်တဲ့အရာ တစ်ခု ကိုနိုင်အောင် ကြွက်သားတွေက လေ့ကျင့်ပြီးတော့ ခိုင်းစေလို့ရပါတယ်။ အဲ့ဒီလိုမျိုးခိုင်းမယ်ဆိုရင် တော့ နဂိုက မသန်စွမ်းတဲ့အဆင့်ကနေပြီးတော့ တစ်ဆင့်မြင့်ပြီးတော့ သန်စွမ်းအောင်ကြိုးစားလိုက်ရင် သူအသုံးပြု ရတာ အဆင်ပြေမယ်လို့ ကျွန်တော်ထင်ပါတယ်။

မေး။ ။   အရိုးကင်ဆာနဲ့ပတ်သက်ပြီးတော့လည်း သိပါရစေဆရာ။

 ဖြေ။ ။   ဒီကင်ဆာအနေနဲ့အများစုက အရိုးကဖြစ်တဲ့ကင်ဆာ ဆိုတာတော့ နည်းပါတယ်။ အများစုဖြစ် တာတွေက တစ်ခြားရင်သားကင်ဆာ အူကင်ဆာ အဆုပ်ကင်ဆာ တစ်ခြားကင်ဆာကနေပြီး တော့ပြန် ပျံ့လာတဲ့အရိုးကို ဒုတိယအကြိမ်ရောက်လာတာ အဖြစ်များပါတယ်။ အဲ့ဒီလိုမျိုးဖြစ်ရင်တော့ ကျွန်တော်တို့က ပထမဖြစ်တဲ့ ကင်ဆာကိုလည်း ကုသရမည့်အပြင် ကျွန်တော်တို့အရိုးကိုရောက်လာ တဲ့ ကင်ဆာကိုလည်း ကုသရမှာဖြစ်ပါတယ်။ အဲ့ဒါအပြင်  ဒီအရိုးမှာ အသက်ဆယ်နှစ်နဲ့ အသက် နှစ်ဆယ် အတွင်းမှာ ဖြစ်လာတဲ့ လူတွေပေါ့ ၊သူတို့က ဒူးခေါင်းပတ်ဝန်းကျင်မှာ ဒီရောဂါအဖြစ်လာ တယ် ။ အရင်တုန်းကတော့ ဒီဟာတွေကို ကျွန်တော်တို့က ခြေထောက်ဖြတ်လိုက်ပြီးတော့ ကုသရ တယ် ကုသဖို့အတွက် ပစ္စည်းကသေချာမရှိခဲ့ဘူး။ အခုဒီဘက်ခေတ်မှာတော့ အစားထိုးလို့ရတဲ့ ပစ္စည်းတွေ မှာ ခုနကပြောတဲ့ ဒူးခေါင်းအစားထိုးတာအပြင် ဒူခေါင်း တင်ပဆုံအစားထိုးတာအပြင် ကင်ဆာအတွက် ဖြတ်လိုက်တဲ့နေရာမှာ သူ့အတွက်သီးသန့်ပေါ့၊ ပုံမှန် အစားထိုးပစ္စည်းမဟုတ်တော့ ဘူး၊ ဖြတ်လိုက်တဲ့ဟာအတွက် သီးသန့်တပ်လိုက်ရင်တော့ ဒီခြေထောက်တွေက ဖြတ်စရာမလိုတော့ ဘူး။ သူ့ရဲ့ life survival အနေနဲ့ ကြိုးစားဖို့က ကျွန်တော်တို့ ဒီကုသမှုက ခွဲစိတ်တစ်ခုထဲနဲ့ မရဘူး။ ဆေးသွင်းတယ် ဆိုတာလည်း လိုအပ်တယ်။ နောက် ဓာတ်ကင်တာလည်း လိုအပ်တယ် ။ ဒါမခွဲခင် ကြိုတင်ပြီးတော့ ဆေးသွင်းထားမယ် ၊ မခွဲခင် ကတည်းကဆေးသွင်းထားမယ် ခွဲပြီးရင် သွင်းထားတဲ့ ဆေးက ဒီကင်ဆာ ဆဲလ်ပုံ ဘယ်လောက်effect ဖြစ်လည်းဆိုတာ ပြန်စမ်းလို့ရတယ်၊ အဲ့ဒါတွေကို ပြန်ပြီးတော့ အကုန်ပူးပေါင်းပြီးတော့ ကုသမယ်ဆိုရင် အခုနောက်ပိုင်း ဒီကင်ဆာရဲ့ survival rate လို့ခေါ်တဲ့ ငါးနှစ်သူရှင်သန်မလား ဆယ်နှစ်ရှင်သန်မလားဆိုတဲ့သူ့ရဲ့ life expectancy အခုနောက်ပိုင်း တက်လာပြီဖြစ်တဲ့ အတွက် ကုသတဲ့အခါမှာ။ အများကြီးအကျိုးရှိလာပြီ။ ဒါပေမယ့် သတိပေးချင်တာ တော့ ပေါ့ဆလို့ မရဘူး ခုနလိုမျိုး အဆစ်တွေနာတယ် အရိုးတွေနာတယ်ဆိုတာက လှုပ်ရှားနေလို့ သူကနာတာ အဲ့ဒီလိုမဟုတ်ဘူး မလှုပ်ရှားဘဲနဲ့ နေရင်းထိုင်ရင်း rest pain နားနေတဲ့ကြားက သူက နာနေတယ် ဒါမှမဟုတ် night pain ညအိပ်တဲ့အချိန်မှာ နေရင်းထိုင်ရင်း သူကနာနေတယ်ဆိုရင်တော့ ပေါ့ဆမှုမရှိဘဲနဲ့ စောစောစီးစီး စစ်ဆေးမှုတွေ စမ်းသပ်မှုတွေလုပ်မယ်ဆိုရင် အမြန်ဆုံး မြန်မြန်တွေ့ မြန်မြန်ကုမှ ဒီရောဂါတွေက ပျောက်ကင်းမှာဖြစ်တဲ့အတွက် အလွန်ပဲအရေးကြီးပါတယ်။ ပေါ့ဆလို့မရ ဘူးဆိုတာ သတိပေးပါတယ်ခင်ဗျား။

မေး။ ။ ကျေးဇူးတင်ပါတယ်ဆရာ နောက်ဆုံးမေးခွန်းလေးပါ ၊ အရိုး အဆစ်ရောဂါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ကို မှတ်ချက်တိုလေး ပေးပါလားခင်ဗျာ ။

 ဖြေ။ ။   အထူးသဖြင့်တော့ လူတွေအကုန်လုံးရဲ့အနေအထားပေါ့ ခန္ဓာကိုယ်ကိုဘယ်လို နေထိုင်မလဲ ဆိုတဲ့ပုံစံ နေမှုထိုင်မှုပုံစံကအရမ်းအရေးကြီးပါတယ်။ ဒီပုံစံ မမှန်တဲ့အတွက်ပဲ လည်ပင်းတွေနာတယ် ကျောတွေနာတယ် ခါးတွေနာတယ် ဒီနာတာတွေအကုန်လုံးက သူ့ရဲ့နေမှု ထိုင်မှုပုံစံမမှန်တဲ့ အတွက်ကြောင့်ဖြစ်တာ ။ ကောင်းကောင်းမွန်မွန်အသက်ငယ်စဉ်ကနေ အသက်ကြီးတဲ့အထိ ပုံစံ ကတော့ ပျက်တော့ပျက်တာပေါ့ ဒီပုံစံကို ထိန်းသိမ်းဖို့အတွက် လိုအပ်ပါတယ်၊ အထိုင်တွေများတယ် ခရီးသွားလာတာ များလာတဲ့အခါမှာ ပိုပြီးတော့ ဆိုးစေတယ်။ ဆိုတော့ ဘာတွေလုပ်မလည်း ဆိုရင် တော့ ခုနကပြောပြီးသား လေ့ကျင့်ခန်းတွေကို လုပ်ရမယ်၊ အပြင်ကိုထွက်ပြီးတော့ အားကစားတွေ လုပ်ဖို့ ရေကူးမယ် ကြက်တောင်ရိုက်မယ် Sport အားရင်ကစားတဲ့ အားကစား ဒီအားကစားတွေကို ပိုပြီးတော့အလေး ပေးရမယ်။ အထူးသဖြင့်လူငယ်တွေပေါ့ Gaming နဲ့ ဒီ Computer နဲ့ ဒီ Lifestyle ကိုပြောင်းသွားတဲ့ အခါမှာ သူတို့ရဲ့ indoor activity တွေကို outdoor activity ရောက်အောင် ပြန်ပြီးတော့ ပြောင်လဲပေးရမယ် ဒါလေ့ကျင့်ခန်း ခုနကပုံစံရယ် ၊ ကျွန်တော်တို့လေ့ကျင့်ခန်းတွေ အပြင် အစားအသောက် အနေအထိုင်တွေကို အများကြီးဆင်ခြင်ဖို့ သတိနဲ့နေထိုင်ရပါမယ်။ နောက်ဆုံးမှာချင်တာကတော့   စောစီးစွာ သိရှိဖို့ အတွက် တိုင်ပင်ဖို့ ဆွေးနွေးဖို့ ထိန်ချန်မထားဘဲနဲ့ မှန်မှန်နဲ့မြန်မြန် အမြန်ဆုံး ဖြစ်မယ့်ရောဂါကို ရှာဖွေလို့ရှိရင် ၊နောက်မှ ကုသမယ်ဆိုရင်ကျွန်တော်တို့ လဲရမည်ဆိုတဲ့အဆင့်ကိုရောက်သွားမှာ တကယ်လို့ စောစီးစွာ ကုသမယ်ဆိုရင် လဲတဲ့အဆင့်မဟုတ် ဘဲနဲ့ cell replacement  PRP လိုမျိုး သွေးကထုတ်တဲ့ သွေးရည်ကြည်ပေါ့ အဲ့ဒါမျိုးတွေကို အထဲထိုး ထည့်တာမျိုးတွေ အများကြီးလုပ်လို့ရတယ်၊ ဒါကမဆိုးဘူးဆိုတဲ့အခြေအနေကြားမှာလုပ်လို့ရတာကိုး။ ဆိုးတဲ့ အခြေအနေရောက်မှ ကုသခြင်းမဟုတ်ဘဲနဲ့ စောစီးစွာတွေ့ရင် ကင်ဆာပဲဖြစ်ဖြစ် ထိခိုက် ဒဏ်ရာပဲဖြစ်ဖြစ် ရောဂါတွေပဲဖြစ်ဖြစ် စောစောကုရင် စောစောကောင်းမှာဖြစ်တဲ့အတွက် မပေါ့ဆဘဲနဲ့ ကုသဖို့ လိုအပ်ပါတယ်။ ကျွန်တော့်အနေနဲ့ရှေ့ဆက်ပြောရရင်လဲ နောက်ဆုံးတော့ သတိနဲ့ မမေ့မ လျော့ သတိတရားနဲ့ ကောင်းကောင်းမွန်မွန် နေ့တဓူဝ lifestyle မှာ ဒီကျန်းမာရေးကို အလေးထားပြီး တော့ ပြုမူနေထိုင်မယ်ဆိုရင်တော့ သူ့ရဲ့ဘဝတာတစ်လျှောက်မှာ ကျန်းမာစွာနေထိုင်ရမှာ ဖြစ်ပါတယ်။  ။

အရိုး ၊ အဆစ် ကျန်းမာရေး -  အပိုင်း(၁ )အပြည့်အစုံ - http://www.mizzimaburmese.com/news/52150

အရိုး ၊ အဆစ် ကျန်းမာရေး -  အပိုင်း( ၂ )အပြည့်အစုံ http://www.mizzimaburmese.com/article/52192

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly