သြစတြေးလျရှိ မဟာဘယ်ရီယာသန္တာကျောက်တန်းနားတွင် ငါးမန်းကိုက်ခံရ၍ အမျိုးသားတစ်ဦးသေဆုံး

သြစတြေးလျရှိ မဟာဘယ်ရီယာသန္တာကျောက်တန်းနားတွင် ငါးမန်းကိုက်ခံရ၍ အမျိုးသားတစ်ဦးသေဆုံး

နိုဝင်ဘာ ၆ ။             ။ ပြီးခဲ့တဲ့ နိုဝင်ဘာလ၊ ၅ ရက်ညနေပိုင်းက သြစတြေးလျရှိ ဝစ်ဆန်းဒေးကျွန်းစု၊ မဟာဘယ်ရီယာသန္တာကျောက်တန်းကြီး အနီးဝန်းကျင်တစ်ဝိုက်မှာ ငါးမန်းအကိုက်ခံရပြီး လူတစ်ဦးသေဆုံးသွားခဲ့ပြန်ပြီလို့ အာဏာပိုင်တွေက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

မဟာဘယ်ရီယာသန္တာကျောက်တန်းကြီးဟာ ခရီးသွားဧည့်သည်တွေကြားမှာ ရေပန်းစားလျက်ရှိတဲ့ နေရာ ဖြစ်ပါတယ်။

အသက် ၃၃ နှစ်ရှိ ငါးမန်းအကိုက်ခံရပြီး သေဆုံးခဲ့တဲ့ အမျိုးသားရဲ့ ခြေထောက်နှစ်ဖက်စလုံးနဲ့ လက်မောင်းတစ်ဖက်မှာ ဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအမျိုးသားကို ဆေးရုံပို့ဖို့ ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်ခဲ့ပေမယ့် ၎င်းဟာ ရဟတ်ယာဉ်ပေါ်မှာပဲ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်လတုန်းကလည်း သြစတြေးလျအမျိုးသမီးတစ်ဦးနဲ့ အသက် ၁၂ နှစ်အရွယ် ကလေးမလေးတစ်ဦးတို့ဟာ အဆိုပါနေရာမှာပဲ ငါးမန်းကိုက်ခံရပြီး တစ်ရက်ထဲမှာပဲ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

ခရီးသွားဧည့်သည်တွေကြားမှာ ရေပန်းစားနေတဲ့ နေရာတွေမှာ ယခုလိုဖြစ်ရပ်ဆိုးတွေနဲ့ ကြုံတွေ့လာရတဲ့အတွက် သြစတြေးလျအာဏာပိုင်တွေဟာ ငါးမန်းတွေကို သုတ်သင်ရှင်းလင်းဖို့ စီစဉ်နေကြပြီလို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly