နယူးဒေလီရဲ့ လေထုညစ်ညမ်းမှု အဆိပ်အတောက်အဆင့် ရောက်နေ

နယူးဒေလီရဲ့ လေထုညစ်ညမ်းမှု အဆိပ်အတောက်အဆင့် ရောက်နေ

နယူးဒေလီ၊ နိုဝင်ဘာ ၆ ။            ။ အိန္ဒိယနိုင်ငံရဲ့ မြို့တော် နယူးဒေလီရဲ့ လေထု အရည်အသွေးဟာ နိုဝင်ဘာ ၅ ရက်နေ့့မှာဆိုရင် အဆိုးဆုံးအဆင့် ရောက်နေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO သတ်မှတ်ထားတဲ့ အဆိပ်အတောက်အဆင့်ကို ရောက်နေတယ်လို့ သိရပါတယ်။

လေထုထဲ ၁၀ မိုက်ခရိုမီတာထက် သေးငယ်တဲ့ အမှုန်အမွှားပါဝင်မှုနှုန်း PM10 ဟာဆိုရင် မြို့တော်ရဲ့ နေရာအချို့မှာ နိုဝင်ဘာ ၅ ရက်က တစ်ကုဗမီတာကို ၇၀၀ မိုက်ခရိုဂရမ်အထိ ပါဝင်နေကြောင်း ဗဟိုလေထုထိန်းချုပ်ရေးဘုတ်အဖွဲ့က ဆိုပါတယ်။ နိုဝင်ဘာ ၄ ရက်မှာ တစ်ကုဗမီတာ ၁၆၂ မိုက်ခရိုက်မီတာပဲ ရှိခဲ့ရာကနေ ပိုပြီး ဆိုးဝါးလာတာလည်း ဖြစ်ပါတယ်။

“ဒါဟာ ဆိုးရွားကြောက်လန့်စရာကောင်းနေပါပြီ။ ပျမ်းမျှအနေနဲ့ လူတစ်ဦးရဲ့ အသက်ရှုနှုန်းဟာ တစ်နေ့ကို ၂၃၀၀၀ ရှိပါတယ်။ လူတွေ ဘာတွေများ ရှုရှိုက်နေကြရတာလဲ။”လို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အင်န်ဂျီအိုအဖွဲ့ဖြစ်တဲ့ Greenpeace က တွစ်တာမာ ရေးသားပါတယ်။

နယးဒေလီရဲ့ အနန့်ဗီဟာအရပ်လို တစ်ချို့အရပ်တွေမာ မနေ့က PM10 နှုန်းထားဟာ ၈၈၅ အထိ ရှိခဲ့တယ်လို့ ယင်းအဖွဲ့က ဖြည့်စွက်ဆိုပါတယ်။

ဒေသစံတော်ချိန် နေ့လယ် နှစ််နာရီမှာ အနောက်ပိုင်း ဟာပါအရပ်က PM10 နှုန်းထားဟာ ၆၈၀ ရှိပြီး အရေးပေါ်အခြေအနေပဲလို့ Greenpeace က ဆိုပါတယ်။

WHO ရဲ့ သတ်မှတ်ချက်အရ လေထုထဲ PM10 အဆင့်ဟာ တစ်ကုဗမီတာမှာ ၁၀၀ မိုက်ခရိုဂရမ်ထက် များနေပြီဆိုရင် လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်တယ်လို့ ဆိုထားတာဖြစ်ပါတယ်။ ၂၀၀၊ ၃၀၀ အဆင့်ဆိုရင်တော့ ထိခိုက်နိုင်တဲ့ ဆိုးဝါးတဲ့ အဆိပ်အတောက်အဆင့်လို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly