ကျူးဘားနဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တွေ ပြုံယမ်းမှာ တွေ့ဆုံ

ကျူးဘားနဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တွေ ပြုံယမ်းမှာ တွေ့ဆုံ

ပြုံယမ်း၊ နိုဝင်ဘာ ၅ ။               ။ ကျူးဘားသမ္မတနဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တို့ဟာ ပြုံယမ်းမြို့မှာ တွေ့ဆုံပြီး အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး ခိုင်မြဲကို သဘောတူညီခဲ့တယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင် KCNA သတင်းဌာနက နိုဝင်ဘာ ၅ ရက်မှာ ဖော်ပြပါတယ်။

ကျူးဘားသမ္မတ မီဂွယ်ဒိုင်ဇက်ကာနယ်နဲ့ ဇနီးဖြစ်သူ လစ်ကူစတာပီရာဇာတို့ နိုဝင်ဘာ ၄ ရက်မှာ ပြုံယမ်းအပြည်ပြည်ဆိုင်ရာလေဆိပ်ဆီ ရောက်ရှိချိန် ကင်ဂျုံးအန်နဲ့ ဇနီးဖြစ်သူ ရီဆိုဂျူးဟာ လက်ခံကြိုဆိုခဲ့ကြတာ ဖြစ်ပါတယ်။ ၎င်းတို့နဲ့အတူ မြောက်ကိုရီးယားအစိုးရအဖွဲ့တွင်းက ထိပ်တန်းခေါင်းဆောင်တွေပါ လိုက်ပါကြိုဆိုခဲ့တာကို တွေ့ရပါတယ်။

သုံးရက်တာ ခရီးစဉ် အစနေ့အဖြစ် ကျူးဘားသမ္မတ ဇနီးမောင်နှံကို နိုင်ငံတော်ဧည့်ဂေဟာမှာ ကင်နဲ့ ဇနီးဖြစ်သူတို့က ကြိုဆိုပို့ဆောင်ခဲ့ပါတယ်။

ဒီနောက်မှာ ခေါင်းဆောင်နှစ်ဦးတို့ဟာ ဆွေးနွေးပွဲ ကျင်းပပြီး နှစ်နိုင်ငံအနေနဲ့ စီးပွားရေး၊ ယဉ်ကျေးမှု၊ ပြည်သူ့ကျန်းမာရေး၊ သိပ္ပံနဲ့ နည်းပညာစတဲ့ ကဏ္ဍအသီးသီးမှာ ပူးပေါင်းဆောင်ရွက်ပြီး အပြန်အလှန်အကျိုးရှိရေးကို ဖော်ဆောင်သွားရေး ဆွေးနွေးကြကြောင်း KCNA သတင်းက ဖော်ပြပါတယ်။

ကင်နဲ့ ဒိုင်ဇက်ကန်နယ်တို့ဟာ အပြန်အလှန် ထောက်ကူပြုရေး၊ စည်းလုံးညီညွတ်ရေးတို့အပြင် ဘုံအကျိုးစီးပွားနဲ့ နိုင်ငံတကာနိုင်ငံရေးအခြေအနေတို့အပေါ် ဆွေးနွေးခဲ့ကြပြီး ဘုံသဘောတူညီမှုတစ်ရပ်ကို ဖော်ဆောင်နိုင်ခဲ့ကြောင်း ယင်းသတင်းဌာနက ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားနဲ့ ကျူးဘားနှစ်နိုင်ငံဟာ ၁၉၆၀ ခုနှစ် သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ချိန်ကစပြီး နီးစပ်တဲ့ ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားလျက်ရှိတဲ့ နှစ်နိုင်ငံပဲ ဖြစ်ပါတယ်။

Leaders of Cuba , North Korea meet in Pyongyang, strengthen ties

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly