အရက်သောက်ရင်း စကားများရာမှ လူသတ်မှု ဖြစ်ပွား

အရက်သောက်ရင်း စကားများရာမှ လူသတ်မှု ဖြစ်ပွား

မင်းဘူး၊ နိုဝင်ဘာ ၅ ။          ။ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ၊အထက်မင်းလှမြို့၊ ပနီဆုံကျေးရွာ တန်ဘူချောင်းတွင် နိုဝင်ဘာလ ၄ရက်ည ၁၂နာရီအချိန်က အရက်သောက်ရင်း စကားများရာမှ လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မင်းတုန်းမြို့နယ် မြင်းကွေ့ကျေးရွာအုပ်စု၊မြင်းကွေ့ကျေးရွာတွင် နေထိုင်သောမောင်သာထွေးသည် သစ်လုပ်ငန်း ခွင်တွင် အရက်သောက်ရင်း စကားများရာမှ နေရပ်လိပ်စာစုံစမ်းဆဲဖြစ်သောမောင်ထွေး(၃၀) နှစ်ကိုဓားဖြင့် ခုတ်လိုက်သဖြင့် မောင်ထွေးမှာနေရာတွင် သေဆုံးသွားခဲ့သည်ဟု သိရသည်။

အဆိုပါဖြစ်စဉ်ကို ရေနံမနယ်မြေစခန်းမှူးရဲအုပ်မျိုးမင်းထွန်းနှင့်အဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ မောင်ထွေးသည် လည်ပင်းဝဲဘက် (၆) လက်မခန့် ပြတ်ရှဒဏ်ရာတစ်ချက်၊ ဝဲဘက်လက်ဖျံ၊လက်ကောက်ဝတ်တို့တွင် ပြတ်ရှဒဏ်ရာ (၅)ချက်ဖြင့်သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရကြောင်း ရေနံမနယ်မြေစခန်းမှူးရဲအုပ်မျိုးမင်းထွန်းထံကသိရသည်။

“မောင်သာထွေးဟာ အောက်တန်ဘူတဲတိုက်ခေါင်းဆောင် ဦးမောင်ကျော်ကိုခေါ်ဆောင်လာပြီးပနီဆုံကျေးရွာ အုပ်ချုပ်ရေးမှူးဦးညီညီအောင်ဆီကို ၎င်းလူသတ်မှုကျူးလွန်ခဲ့ကြောင်းဝန်ခံပြီး လာရောက်အဖမ်းဆီးခံခဲ့ တာပါ။ လက်ရှိဒီအမှုကို ကျွန်တော်ကိုယ်တိုင်စစ်ဆေးဆောင်ရွက်မှာဖြစ်ပါတယ်"ဟုရေနံမနယ်မြေစခန်းမှူးရဲအုပ်မျိုးမင်း ထွန်းက ပြောသည်။

အထက်ပါဖြစ်စဉ်အတွက် မောင်သာထွေး(၃၂)နှစ်အား (ပ)၃၉/၂၀၁၈၊ရာဇသတ်ကြီးဥပဒေ ပုဒ်မ-၃၀၂အရရေနံမနယ်မြေရဲစခန်းမှအမှုဖွင့်ထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required