အင်ဒိုနီးရှားလေယာဉ် ပင်လယ်ထဲ ပျက်ကျတာက အရှိန်များတာကြောင့်ဟု ဆို

အင်ဒိုနီးရှားလေယာဉ် ပင်လယ်ထဲ ပျက်ကျတာက အရှိန်များတာကြောင့်ဟု ဆို

ဂျကာတာ၊ နိုဝင်ဘာ ၄ ။                ။ လူပေါင်း ၁၈၉ ဦး လိုက်ပါပြီး ဂျာဗားပင်လယ်ထဲ ပျက်ကျသွားတဲ့ Lion Air လေယာဉ်ဟာ အရှိန်များတာကြောင့် ပျက်ကျခြင်းဖြစ်တယ်လို့ အင်ဒိုနီးရှားက နိုဝင်ဘာ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂၉ ရက်က ဒီ လေယာဉ်ဟာ ဂျကာတာကနေ ပျံတက်သွားပြီး အရှိန်နှုန်း မြန်မြန်နဲ့ ပျံသန်းတာကြောင့် စွမ်းအင်များစွာ ထုတ်လုပ်ရပြီး ဆိုးဆိုးဝါးဝါး ပျက်ကျမှုဖြစ်ရတာလို့ အမျိုးသားသယ်ယူပို့ဆောင်ရေး ဘေးကင်းမှုကော်မရှင် အကြီးအကဲ ဆိုအာဂျန်တိုက ပြောတာ ဖြစ်ပါတယ်။

လေယာဉ်ပေါ် လိုက်ပါသွားသူတွေရဲ့ ကျန်ရစ်သူ မိသားစုတွေက Lion Air လေကြောင်းလိုင်းကို ထိထိရောက်ရောက် အရေးယူဖို့ တောင်းဆိုပြီး လေယာဉ်ပျက်ကျမှု စုံစမ်းရာမှာ သတင်း ထုတ်ပြန်မှု အားနည်းတာအပေါ် ကန့်ကွက်တဲ့ နိုဝင်ဘာ ၅ ရက်က တွေ့ဆုံမှုမှာ ဆိုအာဂျန်တိုက ဖြေရှင်းပြောကြားတာပဲ ဖြစ်ပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့လည်း ခုထိ ထိုင်ခုံတွေ၊ လေယာဉ်ဘီးတွေ၊ တာဘိုင်တွေစတဲ့ လေယာဉ်ပျက်အပိုင်းအစငယ်တွေကိုသာ ရှာဖွေဆယ်ထုတ်နို်င်သေးပြီး လေယာဉ်ရဲ့ အဓိကအစိတ်အပိုင်းတွေကို ရှာဖွေတွေ့ရှိခြင်း မရှိသေးပါဘူး။

Lion Air က ဘိုးရင်း ၇၃၇ လေယာဉ်ဟာ ဂျကာတာလေဆိပ်ကနေပြီး ဘန်ကာကျွန်းက ပန်ကယ်ပီနန်မြို့ဆီ ဦးတည်ပျံတက်သွားချိန် ၁၃ မိနစ်အကြာမှာ လေယာဉ်မှူးက ဘေးအန္တရာယ်အချက်ပြ ပေးပို့တာ မရှိပေမယ့် ပြန်လည် ဆင်းသက်ခွင့် တောင်းချိန်မှာ လေယာဉ်က အထိန်းအချုပ်မဲ့့သွားတာဖြစ်ကြောင်း သိရပါတယ်။

လက်ရှိအချိန်မှာ လေယာဉ်ပျံသန်းမှု အချက်အလက်မှတ်တမ်းစက်ဖြစ်တဲ့ black boxes တွေက တစ်လုံးကို စစ်ဆေးလျက် ရှိနေပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly