မုံရွာမြို့တွင် ပြည့်တန်ဆာနေအိမ်ကို ရဲက အသွင်ယူ ဝင်ရောက်ဖမ်းဆီး

မုံရွာမြို့တွင် ပြည့်တန်ဆာနေအိမ်ကို ရဲက အသွင်ယူ ဝင်ရောက်ဖမ်းဆီး

မုံရွာ၊ နိုဝင်ဘာ ၅ ။                ။ စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်တွင် ပြည်တန်ဆာလုပ်ငန်းလုပ်ကိုင်သူ ၃ ဦးကို နိုဝင်ဘာ ၅ ရက်နေ့ နံနက် ၁ နာရီခွဲချိန်က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း မုံရွာနယ်မြေရဲစခန်း စခန်းမှူး ရဲအုပ် စန်းလင်းက အတည်ပြုပြောသည်။

 "မနေ့ညက ဝင်ဖမ်းတာ ဟုတ်ပါတယ်။ ကျော်စောသတင်းအရ ဖမ်းတာပါ" ဟု မုံရွာနယ်မြေရဲစခန်း စခန်းမှူးမှ မဇ္ဈိမသို့ ပြောသည်။

 ဖြစ်စဉ်မှာ ခရိုင်ရဲတပ်ဖွဲ့၊နယ်မြေစခန်း၊ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူးများပါဝင်သည့် ပူးပေါင်း အဖွဲ့သည် မြန်မာငွေစက္ကူ၊ ငါထောင်ကျပ်တန် (၄)ရွက်အား မိတ္တူကူးယူ၍ ၄င်းတို့ မိတ္တူကူးယူထားသော ငွေစက္ကူများအား အခြားငွေစက္ကူများနှင့် ရောနှောကာ ငွေကျပ် ၇၀၀၀၀ ဖြင့်သက်သေ ဦး....၊ မုံရွာခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲ..........တို့ ၂ ဦးဖြင့် အသွင်ယူ၍ ပြည်တန်ဆာလုပ်ငန်း လုပ်ကိုင်နေကြောင်း သတင်း ရရှိသည့် မြတ်သူ၏နေအိမ်သို့ သွားရောက်ကာ ပြည်တန်ဆာလုပ်ငန်း လုပ်ကိုင်လိုကြောင်း ဆက်သွယ်ခဲ့ သည်ဟု သိရသည်။

ထို့နောက် မိတ္တူပါ ငွေစက္ကူရောရာ ၇၀၀၀၀ ဖြင့် ပြည်တန်ဆာ လုပ်ငန်းလုပ်ကိုင်သည့် အမျိုးသမီး ၂ ဦးကို သက်သေ ၂ ဦးမှ ခေါ်ဆောင်လာစဉ် မြတ်သူနေအိမ်ရှေ့ လမ်းမပေါ်၌ တွေ့ရှိဖမ်းဆီးခဲ့ပြီး ပြည်တန်ဆာခေါင်း လုပ်ကိုင်သည့် မြတ်သူ၏ နေအိမ်အား ပြည်တန်ဆာနေအိမ်အား မုံရွာခရိုင်ရဲတပ်ဖွဲ့မှူး၏ ဝင်ရောက်ရှာဖွေ ဝရမ်းအမှတ် ၁ /၂၀၁၈ ဖြင့် ရှာဖွေခဲ့ရာ ၄င်း၏ အိမ်ရှေ့ကုတင်ပေါ်ရှိ ဖျာအောက်မှ မိတ္တူထားသည့် ငါးထောင် တန် (၄)ရွက် တစ်သောင်းတန် (၂)ရွက်နှင့် ပြည်တန်ဆာအမျိုးသမီး (၂)ဦးထံမှ ငွေတစ်သောင်း၊ ကွန်ဒုံး (၄)ခု နှင့် ပိုက်ဆံအိတ်တစ်လုံးတို့အား တွေ့ရှိခဲ့ကြောင်း သိရသည်။

 အဆိုပါ ပြည်တန်ဆာခေါင်းလုပ်ကိုင်သူ မြတ်သူဆိုသူနှင့် ဖမ်းဆီးရမိသည့် ပြည့်တန်ဆာအမျိုးသမီး (၂)၊ စုစုပေါင်း ၃ ဦးတို့အား မုံရွာနယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly