NLD ပါတီအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲမှာ သင်ခန်းစာရသွားတာပေါ့ဟု မန်းတိုင်းဝန်ကြီးချုပ်ဆို

NLD ပါတီအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲမှာ သင်ခန်းစာရသွားတာပေါ့ဟု မန်းတိုင်းဝန်ကြီးချုပ်ဆို
ဓာတ်ပုံ-သူရ/မဇ္ဈိမ

မန္တလေး၊ နိုဝင်ဘာ ၅ ။                ။ နိဝင်ဘာလ ၃ ရက်နေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲ၌ အာဏာရ NLD ပါတီအနေဖြင့် လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာတွင် ၇ နေရာ အနိုင်ရပြီး ၆ နေရာ ရှုံးနိမ့်ခဲ့မှုအပေါ် သင်ခန်းစာရကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားလိုက်သည်။

" ကျွန်တော်တို့ပါတီအနေနဲ့ ဒီကြားဖြတ်ရွေးကောက်ပွဲမှာတော့ သင်ခန်းစာရသွားတာပေါ့ ။ လာမယ့် ၂၀၂၀ မဲကြီးအတွက် ပြင်ဆင်ချိန်ရသွားတာပေါ့။ဒီကြားဖြတ်ရွေးကောက်ပွဲမှာ ဒီချုပ်ဟာ မမျှော်လင့်ထားတဲ့ မဲဆန္ဒနယ် အချို့မှာ ရှုံးနိမ့်ခဲ့တဲ့အခြေအနေကိုတွေ့ခဲ့ရပါတယ်။ လစ်လပ်မဲဆန္ဒနယ်မှာ ၇ နေရာ သာနိုင်ပြီး ၆ နေရာ ရှုံးခဲ့ပါတယ်" ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ဗဟို )၏ ဒုတိယဥက္ကဋ္ဌ (၂) မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးတွင် NLD အနိုင်ရခဲ့သောနေရာများမှာ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာ၊ သပိတ်ကျင်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ်နေရာ၊ မြင်းခြံမြို့နယ် ပြည်သူလွတ်တော်ကိုယ်စားလှယ် နေရာတို့ဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအရ လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာတွင် NLD ပါတီမှ ၆ နေရာ ရှုံးခဲ့ပြီး  ၇  နေရာ အနိုင်ရခဲ့ခြင်း ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီးရှမ်းတိုင်းရင်းသားလူမျိုးကလွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ဦးစိုင်းပန်းဆိုင် (ခ) ဦးစိုင်းထွန်စိန် ၊ ဦးကျော်စိန် (NLD ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှရှိသည့်ဆန္ဒမဲပေါင်း ( ၇၁၆၇ ) ဦး ၄၀.၇၁ ရာခိုင်နှုန်း l ဒေါ်နန်းထွေးမှုံ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ( ၄၆၅၂ )ဦး ၂၆.၄၂ ရာခိုင်နှုန်း၊ ဦးစိုင်းအောင်ကြည် ပြည်ထောင်စုကြံ့ခိုင်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှ ဆန္ဒမဲပေါင်း( ၄၁၀၃ ) မဲ ၂၃.၃၀ ရာခိုင်နှုန်း l ဒေါက်တာစိုင်းကျော်အုံး ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဆန္ဒမဲပေါင်း ( ၉၅၄ ) မဲ ၅.၄၂ ရာခိုင်နှုန်းနှင့် ဦးအောင်ဌေး တစ်သီးပုဂ္ဂလ ဆန္ဒမဲပေါင်း (၇၃၀ ) မဲ ၄.၁၅ ရာခိုင်နှုန်း စသည်များ ရရှိခဲ့ပြီး ရှမ်းတိုင်းရင်းသား လူမျိုးမဲဆန္ဒနယ်မြေတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ငါးဦးအတွက် မဲရုံ ၃၆၄ ရုံ နှင့် မဲ ဆန္ဒရှင်စာရင်းမှာ( ၄၂၄၆၃ )မဲ ရှိပြီး လာရောက်မဲပေးသူ( ၁၇၉၆၄ )ရှိသည့်အတွက်ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၄၉ ( ခ ) နှင့် အညီရှမ်းတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်အတွက် (NLD ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မှ ဦးစိုင်းပန်းဆိုင် ( ခ ) ဦးစိုင်းထွန်စိန် ( ခ ) ဦးကျော်စိန် အား ကိုယ်စားလှယ်အဖြစ်အတည်ပြုထားကြောင်းသိရသည်။

 မန္တလေးတိုင်းဒေသကြီး၌ ကြားဖြတ်ရွေးကောက်ပွဲတွင် မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာအတွက် ဦးစိန်မြင့် (NLD) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မှရှိသည့် ဆန္ဒမဲပေါင်း ( ၆၇၆၅၉ ) မဲ ၇၅ . ၈၂ ရာခိုင်နှုန်းlဒေါက်တာသန်းဝင်း ပြည်ထောင်စု ကြံ့ခိုင်းရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဆန္ဒမဲပေါင်း( ၁၇၀၂၅ ) မဲ ၁၉ .၀၈ ရာခိုင်နှုန်း l ဦးဖြိုးဟန် လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီမှ ဆန္ဒမဲပေါင်း ( ၃၄၂၅ ) မဲ ၃.၈၄ ရာခိုင်နှုန်း နှင့် ဦးရဲကျော်အောင် ပြည်သူ့အလုပ်သမားပါတီမှ ဆန္ဒမဲပေါင်း (၁၁၂၉ ) မဲ ၁.၂၆ ရာခိုင်နှုန်း ရရှိခဲ့ပြီး ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းလေးဦးအတွက် မဲရုံ ၂၆၈ ရုံ၊ မဲဆန္ဒရှင်စာရင်းမှာ ( ၂၂၁၈၆၅၉ )ရှိပြီးလာရောက်မဲပေးသူ ( ၉၁၁၃၀ ) ဦး လာရောက်မဲပေးသည့် အတွက် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၄၉ ( ခ ) နှင့် အညီ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် အတွက် (NLD ) အမျိုးသာ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မှ ဦးစိန်မြင့်အားမြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်အတည်ပြုထားကြောင်းသိရသည်။

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို ့နယ်လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ဦး စိုးလွင် (NLD ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှရှိသည့် ဆန္ဒမဲပေါင်း ( ၁၂၅၀၂ ) မဲ ၆၀ .၈၅ ရာခိုင်နှုန်း၊ ဦးမြင့် စိုး ပြည်ထောင်စုကြံ့ခိုင်းရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဆန္ဒမဲပေါင်း ( ၅၂၂၀ ) မဲ ၂၅.၄၁ ရာခိုင်နှုန်း ၊ ဦးညီညီ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီမှ ဆန္ဒမဲပေါင်း ( ၁၉၇၁ ) မဲ့ ၉ .၅၉ ရာခိုင်နှုန်း ၊ဦးအောင်ကြည်မြိုင် ဒီမိုကရက်တစ်ပါတီမှ ဆန္ဒမဲပေါင်း ( ၃၂၀ ) မဲ ၁. ၅၆ ရာခိုင်နှုန်း ၊ ဦးဇော်မင်းထွန်းရှိန် အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီမှဆန္ဒမဲပေါင်း ( ၃၁၄) မဲ ၁ . ၅၃ ရာခိုင်နှုန်းနှင့် ဦးမင်းသူ ပြည်ထောင်စုအလုပ်သမား လယ်သမားအင်အားစုပါတီ မှဆန္ဒမဲ ပေါင်း ( ၁၇၂ ) မဲ ၀ .၈၄ ရာခိုင်နှုန်း ၊ ဦးမြင့်နိုင် အမျိုးသားညီညွှတ်သော ဒီမို ကရက်တစ်ပါတီမှ ဆန္ဒမဲပေါင်း ( ၄၆ ) မဲ ၀ . ၈၂ ရာခိုင်နှုန်း ရရှိခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော်နယ်မြေတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ခုနစ်ဦးအတွက် မဲရုံ ၄၅ ရုံ နှင့် မဲဆန္ဒရှင် စာရင်းမှာ ( ၄၉၆၂၂ ) ဦးရှိပြီး မဲလာပေးသူ (၂၁၁၈၉ ) မဲ လာရောက်မဲပေးခဲ့သည့်အတွက် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၄၉ ( ခ ) နှင့် အညီ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် အတွက် (NLD ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးစိုးလွင် အား သပိတ်ကျင်း မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် အဖြစ်အတည်ပြုထားကြောင်းသိရသည်။

၂၀၁၈ ကြားဖြတ် ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအတွင်း၌ မဲပေးခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူပေါင်း သုံးသိန်းတစ်သောင်းကျော် ရှိသော်လည်း မဲလာပေးခဲ့သူ မဲဆန္ဒရှင်ပြည်သူပေါင်း တစ်သိန်းသုံးသောင်းကျော် ရှိခဲ့ပြီး ၄၁ ရာခိုင်နှုန်းကျော်သာဆန္ဒမဲပေးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် မှ ထုတ်ပြန််ထားသောစာရင်းများအရသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly