စိတ်ကို လွတ်လွတ်လပ်လပ်နဲ့ ရေးထားတာတွေ ပါတယ်ဆိုတဲ့ True Image ပန်းချီပြပွဲ

စိတ်ကို လွတ်လွတ်လပ်လပ်နဲ့ ရေးထားတာတွေ ပါတယ်ဆိုတဲ့ True Image ပန်းချီပြပွဲ

နိုဝင်ဘာ ၄ ။            ။ စိတ်ကို လွတ်လွတ်လပ်လပ်ထားပြီး ရေးဆွဲထားသည့် ပန်းချီကားတွေအပါအဝင် ပန်းချီကားပေါင်း တစ်ရာကျော် ပါဝင်သော True Image ပန်းချီပြပွဲကို နိုဝင်ဘာလ ၃ ရက်နေ့မှ ၇ ရက်နေ့အထိ ရန်ကုန်မြို့ Gallery 65 တွင် ပြသနေသည်။

အခရိုင်းလစ်၊ မက်စ်မီဒီယမ်၊ ရေဆေးစသည့် ပန်းချီကား ၁၁ရကားကို ပြသထားပြီး လက်ရှိ ပြသထာသည့် ပန်းချီကားတွေကို ပန်းချီဆရာ ၇ ဦးက ရေးဆွဲထားသည်။

" ကျွန်တော်တို့ ပန်းချီမျိုးဆက်သစ်တွေအတွက် သူတို့လက်ရာကို ပြသခွင့်ရဖို့  ဒီပွဲကို ကျင်းပရတာဖြစ်တယ်။ ပန်းချီရေးဆွဲတဲ့ လူတွေအားလုံးက မတူညီတဲ့ လတ်တလော စိတ်ခံစားမှုတွေကို အမှီပြုပြီး ဖန်တီး ရေးဆွဲထားတာ၊ ကျွန်တော်ဆွဲတဲ့ ပန်းချီကားမှာဆိုရင် အသစ်အဆန်းတွေကို လိုက်ပြီး ရှာထားတယ်။ ဆွဲထားတယ်။ ရေဆေးကားတွေမှာတော့ စိတ်ကို လွတ်လွတ်လပ်လပ်နဲ့ ရေးဆွဲထားတယ်။ " ဟု ပန်းချီပြပွဲ တာဝန်ခံ ပန်းချီဆရာ ဦးသိန်းဝင်းက ပြောသည်။

ရေးဆွဲထားသော ပန်းချီကားများသည် ပန်းချီဆရာတစ်ဦးချင်း၏  မတူညီကွဲပြားသော စိတ်ကူးစိတ်သန်း များအား ပုံဖော်ဖန်တီးထားသောကြောင့် ကြည့်ရှုသူတွေအနေဖြင့် ထူးခြားသော ရသများကို ခံစားရမည် ဖြစ်ကြောင်း  ဦးသိန်းဝင်းက ဆိုသည်။

ပန်းချီပြပွဲကို လာရောက်ကြည့်ရှုသူ ဦးထွန်းကျော်က  " ကျွန်တော်က ရေဆေးကို ပိုသဘောကျတယ်။ ရေးထားတာက တော်တော်ဆန်းဆန်းလေး ဆွဲထားတာလေးတော့ ကောင်းတယ်။ စိတ်ကူးသစ်လေးနဲ့ဆိုတော့ တစ်မျိုး အမြင်ဆန်းတာပေါ့။" ဟု ပြောသည်။

ရေဆေးပန်းချီကို စိတ်ကူးသစ်များနှင့် အမြင်ဆန်းရန် ရေးဆွဲဖန်တီးထားခြင်းများကို လာရောက် ကြည့်ရှု သူများက  သဘောကျနှစ်သက်ကြကြောင်း သိရသည်။

ပြသထားသော ပန်းချီကားများကို အနည်းဆုံး အမေရိကန်ဒေါ်လာ ၅၀ မှ အများဆုံးအမေရိ ကန်ဒေါ်လာ  ၂ ထောင် အထိ ရောင်းချနေပြီး နိုဝင်ဘာလ ၄ ရက် နေ့လည်အထိ ပန်းချီကား ၄ ကားရောင်းချပြီး ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly