လဲချားကြားဖြတ်တွင် SNLD ပြတ်ပြတ်သားသား အနိုင်ရ

လဲချားကြားဖြတ်တွင် SNLD ပြတ်ပြတ်သားသား အနိုင်ရ

နိုဝင်ဘာ ၄၊ လဲချား ။             ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်မှာ နိုဝင်ဘာလ ၃ ရက်က ပြုလုပ်တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)မှ ပြတ်ပြတ်သားသား အနိုင်ရရှိသွားပါတယ်။

လာရောက်မဲပေးသူ ရာခိုင်နှုန်းအများစုကို SNLD က ရရှိခဲ့တာဖြစ်ပြီး တိုင်းရင်းသားဒေသမှာ အနိုင်ရရှိသည့်တိုင်းရင်းသားပါတီ ဖြစ်ပါတယ်။ 

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD)နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) တို့က ဝင်ရောက်ယှဉ်ခဲ့ကြခြင်းလည်းဖြစ်ပါတယ်။

လဲချားမြို့နယ်မှာ မဲရုံပေါင်း ၃၆ ရုံ၊ရပ်ကွက်နဲ့ကျေးရွာအုပ်စုပေါင်း ၂၃ အုပ်စု၊မဲဆန္ဒရှင်ဦးရေပေါင်း ၃၉၃၂၁ ဦး ရှိရာမှာ မဲလာရောက်ပေးသူက စုစုပေါင်း ၁၂၀၇၇ ဦးပဲ ရှိပါတယ်။ ပယ်မဲပေါင်းက ၁၀၃၈ မဲ ရှိခဲ့ပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD)က ၈၅၄၀ မဲ ရရှိခဲ့ပါတယ်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)က ၁၅၄၂ မဲ နဲ့အမျိုုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD)က ၉၅၇ မဲ ပဲ ရရှိခဲ့ပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD)ကနေအနိုင်ရရှိခဲ့တဲ့ လွှတ်တော်ကိုယ်စားလောင်း ဦးစိုင်းဥက္ကာက"ကျောင်းတွင်း ဒီမိုကရေစီ တည်ဆောက်ပေးဖို့နဲ့ ရှမ်းစာပေ အဆင့်မြှင့်တင်သင်ကြားနိုင်ရေးတို့ကို အဓိက လုပ်သွားမယ်။"လို့ ပြောပါတယ်။

လဲချားမြို့နယ်မှာ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲလာပေးမှုနဲ့စိတ်ဝင်စားမှုတွေ နည်းနေတာကိုလည်း တွေ့ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly