ဆီးချို နှင့်သွေးတိုးရောဂါ မဖြစ်ဖို့ - ( နိဂုံးပိုင်း )

By မျိုးသန့်(မဇ္စျိမ)
02 November 2018
ဆီးချို နှင့်သွေးတိုးရောဂါ မဖြစ်ဖို့ - ( နိဂုံးပိုင်း )

အထွေထွေရောဂါကု သမားတော်ကြီး ပါမောက္ခ ဦးနေဝင်း နှင့် မေးမြန်းခြင်း ။

မေး။ ။   ဆီးချိုတိုင်းတဲ့အခါမှာ၊ သွေးပေါင်ချိန်တိုင်းတဲ့အခါမှာ အနည်းဆုံးဘယ်လောက် ဆိုလို့ရှိရင် အဆင်ပြေပါသလဲ ။

ဖြေ။ ။   သွေးတိုးကတော့ ခုနကျွန်တော် ပြောပြီးသား အနည်းငယ်ပြောင်းနေမယ်နော်၊   ဥပမာ   အမြဲတမ်း အများလက်ခံတဲ့သဘောအရဆိုရင် အသက်လူလတ်ပိုင်း လူကြီး ပိုင်းပေါ့ ၁၄၀ - ၈၀ ထက်ကျော်ရင် သွေးတိုးလို့ခေါ်တယ်၊ အဲ့ဒါဆိုရပြီ။ ကျွန်တော်တို့ ဆေးကျောင်းသားတွေမှာ လူတစ်ယောက်ရဲ့ ဖြစ်စဉ်ကိုလေ့လာပြီးတော့ ဒီရောဂါမှာ ဖြစ်စဉ်ကို လေ့လာပြီး ၁၂၀ - ၈၀ ကိုပုံမှန်လို့သတ်မှတ်တယ်ပေါ့။ ၁၂၀ - ၈၀ နဲ့ ၁၄၀ -၉၀ ကျတော့ ဘာသတ်မှတ်မလည်းလို့မေးခွန်းရှိလာတယ်၊ အဲ့ဒါဆိုရင် သူ့လည်းပဲ သွေးတိုးအကြိုခေါ်မှာပေါ့ ။ အဲ့ဒီတော့ ၁၂၀ - ၈၀ လောက်ကောင်းတယ်ပေါ့၊၁၄၀ - ၉၀ ဆိုရင်မကောင်းဘူး၊ ဒီလောက်ကြားထဲဆိုရင် နဲနဲဂရုစိုက်ပေါ့နော်။ အဲ့ဒီလိုပြောလည်း ရတယ်   ဘယ်လောက်ကျလို့ရလဲ သွေးတိုးသမားတွေလာပြရင် ဆရာသွေးပေါင်ချိန် အရမ်းကျသွားလို့၊ ခင်ဗျား ဘယ်လောက်ကျတာလဲ ကျွန်တော် ၁၂၀ လောက်ကျတယ်။ ဟား မဟုတ်ဘူး၊အဲ့ဒါ ကျတာမဟုတ်ဘူး ကျွန်တော်လိုချင်တာက အဲ့ဒါလေးထိန်းထားပါ ကျတယ်ဆိုတာဘယ်လောက်ကျလဲဆိုတော့ အပေါ်သွေး ၉၀ အောက်ဆင်းသွားတာ မကောင်းဘူး ပေါ့နော်၊ အဲ့ဒီလောက်ဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ဖို့ကောင်းတယ်။ အောက်သွေးက အဲ့ဒီလောက်အရေးမကြီးဘူး၊ အပေါ်သွေးကအရေးကြီးတယ်။ ဒါက ဘာနဲ့ပတ်သတ်ပြီးတော့လည်း သွေးတိုးနဲ့ပတ်သတ်ပြီးတော့ပေါ့နော်။ ဆီးချို ဆီးချိုကဘယ်လောက်ဆိုရင်ခေါ်မှာလဲ ဘယ်လောက်အောက်ဆင်းရင်ကောင်း သလဲ ဘယ်လောက်ရှိသင့်သလဲ ၊ ကျွန်တော်က အလွတ်ရနေတော့ ရွတ်ပြမယ် နံပတ် (၁) မနက်အိပ်ရာထ ဘာမှမစားခင် စစ်လိုက်တဲ့ သွေးချိုပမာဏက ၁၂၆ ၊ ရေတော့သောက်လို့ရတယ်၊ အချိန်က ၈နာရီ လောက်ခြားလို့ရတယ် ည ၁၀ နာရီနဲ့ မနက် ၆နာရီဆိုရင် ၈ နာရီရှိတယ် အလောက်ဆို ရပြီ။ နံပတ်(၂) အစာစားပြီး ၂ နာရီမှာ   ၂၀၀ ၊ နံပါတ်(၃) ကတော့ ကျွန်တော်တို့ လွန်ခဲ့တဲ့ လေးငါးလအတွင်းက ဆီးချိုပမာဏ ကိုပြတာပါ သူ ၆.၅ ထက်ကျော်ရင်၊ သုံးချက် အဲဒီသုံးချက်ကတစ်ခုရရင် ရတယ်။ ဒါပေမယ့်လို့ လူနာက ခုနကျွန်တော်ပြောတဲ့ ဆီးချိုလက္ခဏာတွေ ဆီးတွေများတယ် ပိန်သွားတယ် ဘာညာဆိုရင်လည်းပဲ သူ့လို အဲ့ဒီလို ၂ နာရီစောင့်ဆိုရင်မရတော့ဘူး လေ၊  ချက်ချင်းရောက်လို့ဖောက်လို့ ၂၀၀ ကျော်ရင်လည်း ကျွန်တော်တို့ခေါ်တယ်။ ဒါဆို ဂဏန်း ၄ ခုဖြစ်သွားတယ်ပေါ့နော်။ အဲ့ဒီမှာ ပြောစရာလေးတစ်ခုရှိတာက ဘာလဲ ဆိုတော့ ကျွန်တော်က လူတစ်ယောက်လာတိုင်း အဲ့ဒီလို ၁၂၀ ကျော်တယ်ခင်ဗျား သွားတော့ အဲ့ဒီလိုမပြောဘူး။ ကျွန်တော်လူကိုကြည့်သေးတယ် အသက်က ၈၀၊ လူကပိန်ပိန် အဖိုးကြီး၊ သွေးက ၁၂၆ ။ သူ့ကိုများကျွန်တော်မှားပြီး ကုလိုက်ရင် သူ့အချိုတွေအရမ်း ကျသွားမှာပဲ အဲ့ဒီတော့ သူ့ကိုကျတော့ဘာလုပ်တာလဲ နှစ်ခါထပ်ဖောက်ရတယ်၊ သေချာအောင်ပြန်ဖောက်ရတယ်၊ ဒါကကျွန်တော်တို့ ဆေးပညာအရ လုံခြုံအောင်တွေးခေါ်မှု လို့ခေါ်တယ်ပေါ့နော်။ ဘယ်လောက်ကျရမလဲ ဆီးချိုရှိပြီလို့ ပြောထားတဲ့လူ တစ်ယောက်က ဆရာဝန်နဲ့တိုင်ပင်တယ်၊ ကုသမှုကိုခံယူတယ် လေ့ကျင့်ခန်းလုပ်တယ် အစားအသောက်ဆင်ခြင်တယ်ဆိုရင် နောက်ဆက်တွဲပြဿနာကင်းအောင်ရှိရမယ့် ပမာဏက မနက်အိပ်ယာထ ၈၀ ကနေ ၁၃၀ ကြားဆိုရပြီ။ စားပြီး ၂ နာရီက ၁၈၀ အောက်၊ ဒါဆိုရတယ် အဲ့ဒီလောက်လေး မှတ်လို့ရှိရင် ရပြီ။ ဘယ်လောက်ထိကျလို့ ရသေးသလဲမေးစရာ ရှိပါတယ်နော်၊ အဖြေကတော့ ကျချင်သလောက်ကျလို့ရတယ် သို့သော် လူတော့မခံစားဘူး ချွေးတွေပြန် ၊ ကျတာတော့ကျတယ် ချွေးတွေပြန် သတိတောင်လစ်တယ် ဆိုတာတော့ မဟုတ်ဘူး၊ ဆိုလိုတာကတော့ အဲဒီလိုအခြေအနေကျရင် ဟိုက်ပိုဂလိုင်ဆီးမီးယား လို့ခေါ်တယ်၊ အဲဒီလောက်တော့မဖြစ်ရဘူးပေါ့နော်။ အဲ့ဒီတော့ ခုနကျွန်တော်ပြောတဲ့ စံချိန်အောက် ဆိုရင် လုံလောက်ပါပြီ။

မေး။ ။    ဆီးချိုမှာ အမှတ် ၁-၂-၃ ဆိုတာရှိလား ဆရာကြီး။

ဖြေ။ ။ သူကအမှတ်လို့ပြောတာ မှန်ပါတယ်၊ အမှတ်နဲ့ကျွန်တော်မှားတယ်လို့မပြောဘူး နော် မှန်တယ်။ တကယ်ကကျွန်တော်တို့ပြောတာ အမျိုးအစားလို့ပြောတာပေါ့၊ အဲ့ဒီ တော့ ဆီးချိုက အမျိုးအစားအများကြီးရှိတယ် ဒါပေမယ့် ကျွန်တော်သာမှန်လူကို ပြောတဲ့အခါ   အမျိုးအစား ၁၊ အမျိုးအစား ၂၊ နဲ့ကိုယ်ဝန်ဆောင်ဆီးချိုပေါ့ သုံးခုပဲပေါ့၊ အမျိုးအစား (၁) ကတော့ဘာလဲဆိုတော့ ခန္ဓာကိုယ်ရဲ့ ဒီတုံ့ပြန်မှု မူမမှန်မှုကြောင့်မို့လို့ ကိုယ့်မှာရှိတဲ့ insulin ထုတ်တဲ့ မုန့်ချိုအိပ် လုံးဝဥဿုံ ပျက်စီးသွားခြင်းကို နံပတ်(၁) လို့ ခေါ်တယ်။ သူက ဘယ်လိုတွေမှာ ဖြစ်တာလဲဆိုတော့ လူငယ်တွေမှာဖြစ်တယ်၊ ကျန်တဲ့ ခန္ဓာကိုယ်တုံ့ပြန်မှုမှားယွင်းတဲ့ ရောဂါတွေနဲ့ဖြစ်တယ်၊ လူကအရမ်းပိန်တယ် ကြည့်လိုက် တာနဲ့ ရောဂါသည်မှန်းသိသာတယ်၊ သူက insulin ပျက်စီးသွားတာ insulin မထုတ်ရင် သေတယ် ။ အမျိုးအစား(၂)ဆိုတာကကျတော့ ခုနကျွန်တော်ပြောခဲ့တဲ့ ခန္ဓာကိုယ်ရဲ့ ကျန်းမာမှုပုံစံနေထိုင်မှုမမှန်တဲ့အတွက်ကြောင့် ဝ တယ် ဝတော့ အဆီများတယ်၊ အဆီ က insulin ကိုမတုံ့ပြန်ဘူး insulin မတုံ့ပြန်တော့ မုန့်ချိုအိတ်ကထုတ်၊ မုန့်ချိုအိတ်က မနိုင်တော့ ဆီးချိုပဲ။ အဲ့ဒါ ဘယ်ကစလဲဆိုတော့ အဝကစတာ ။ ဒါ ဆီးချို လူနာ ၁ဝဝမှာ ၈၉ နှင့် ၉၀ ရာခိုင်နှုန်း ၉၀ ဝန်းကျင်က အမျိုးအစား ၂ ပေါ့။ လူတိုင်းလူတိုင်းပြောရင် တော့ အမျိုးအစား ၂ပေါ့နော်။

မေး။ ။ ဆီးချိုအမှတ်နှစ်ဖြစ်နေတာ (၁)နှစ်ခွဲလောက်ရှိပြီ ဆေးလဲပုံမှန်သောက်တယ်တဲ့ ပြဿနာက အစားအသောက်ဆင်ခြင်ပေမယ့်လို့ ပေါင်ကနှစ်ဆယ်လောက်တက် လာတာနဲ့ပတ်သက်လို့ ဆရာကြီး  ဘာများထပ်ပြီးတော့ ဖြည့်ပြောလိုပါသလဲခင်ဗျား။

(၁)က ဆေး၊ (၂)က အစားအသောက်၊ (၃)ကလေ့ကျင့်ခန်း။ အဲ့ဒီတော့ ကျွန်တော်က သူ့ကိုမေးမှာ ဆေးကိုမှန်မှန်သောက်ပါရဲ့ အစားအသောက်နဲ့ လေ့ကျင့်ခန်းကို လုပ်သ လား။ သူကပြောတယ် အစားအသောက် ဆင်ခြင်တယ် ခုနနောက်ဆုံးတစ်ချက်ပဲ၊ ကျန်တာ ဟုတ်ပြီ ၊ အဲ့ဒီလိုဆိုတော့ ဆရာအပြစ်မပြောပါဘူး ဆရာတို့တောင် တစ်ခါ တစ်လေကျရင် သိရက်နဲ့တောင် ဆရာမလုပ်ဘူး ဆရာလည်းသိတယ် တစ်ခါတလေ ပျင်းလို့ရှိရင် မနက်လမ်းလျှောက်တာလေးတောင် မမှန်တာတွေရှိတယ်၊ ဒါပေမယ့် အဲ့ဒီပျင်းခြင်း မလျှောက်ခြင်း မမှန်ခြင်းတွေကို ဘာနဲ့ပဲကျော်လွှားနိုင်လဲဆိုရင် ရရှိမည့် အကျိုးကျေးဇူးကို၊ အဲ့ဒီတော့ ဆရာမထနိုင်ဘူး ပြန်စဉ်းစားတယ် ငါများ ဆီးချိုတက်နေ တယ်ဆိုတာ အဲ့ဒီကျမှ ဝုန်း ဆိုပြီး ထလိုက်တာဆိုတာ အဲ့ဒီအတွေးလေးနဲ့လျှောက်၊ အဲ့ဒီတော့ အပြစ်လည်းမပြောပါဘူး၊ ကိုယ်လိုသူလို သဘာဝပါပဲ ဒါပေမယ့်လို့ အဲ့ဒါလေး တွေပြင်လိုက်ပါနော်၊ တစ်နေ့ လွယ်လွယ်လေးပါ မနက်ကိုနာရီဝက် ခြေလှမ်း ၆၀၀၀ ရအောင် လေ့ကျင့်ခန်းလုပ်၊ ခြေလှမ်း ၆၀၀၀ လျှောက်လိုက်ပါ ၊ ချွေးလေးစိုအောင် လျှောက်လိုက်ပါ အဲ့ဒါနံပါတ်တစ် ။ ဒါက အစားအသောက်လည်း ဆင်ခြင်တယ်ဆိုတာ နည်းမှန်လမ်းမှန် ခုနကလည်းပြောပြီးပြီ၊ လေ့ကျင့်ခန်းလည်း ပြောပြီးပြီဆိုတော့ နောက်တစ်ခု ဆေး၊ ဆေးက ဆီးချိုဆေးက ၁၆၀၀၀ တောင် ရှိတာ။ အဲ့ဒါပဲဆရာဝန် ရေးရတာ ဆရာတို့မှာ လမ်းညွန်တွေရှိတယ်၊ လူနာတစ်ယောက် လာရင် ဘာဆေး သောက်ပါ ဘာဆေးစညွန်ပါ၊ မရရင် ဒုတိယဆေး တတိယဆေး အဲ့ဒီလိုသွားတာ။ ဆီးချိုက ရာထူးအတိုးမြန်တယ် ရာထူးအတိုးမြန်တယ်ဆိုရင် သူက ဘာလို့လဲဆိုတော့ ပထမ တစ်ခု မကြာခင်နှစ်ခုတိုးတာသဘာဝ သူ့အပြစ်လဲမဟုတ်ဘူး။ သူ့သဘာဝလေ မုန့်ချိုအိတ်က တဖြေးဖြေးပျက်ပြီး insulin မှာအဆုံးသတ်တယ်ပေါ့။ စ ရွေးကတည်းက သူက အဲ့ဒီဆေးကို ရွေးပါဆိုရင် လူနာကိုကြည့်ခိုင်းတာ ပထမက မျက်လုံးပိတ် ရော့ ဒီဆေးသောက် မဟုတ်ဘူး။ အသက်ဘယ်လောက်၊ ဘယ်လောက်မြင့်သလဲ၊ ဝလား၊ အစားသောင်းကြမ်းလား၊ သွေးကြောထူလား ဒါတွေကြည့်ပြီးဆေးရွေးရတယ်၊ ခပ်ဝဝနဲ့ ကြည့်ရတာ လေ့ကျင့်ခန်းလည်းမလုပ်ဘူး အစားလည်းများမယ်ဆိုရင် ဆရာက ဘာရွေးမယ်သိလား ဝိတ်မတက်၍ ပိန်ပြီး အစားနဲနဲပျက်တဲ့ဆေးရွေးလိုက်မယ်၊ ဆီးချိုဆေးမှာ အစားကောင်း ဝဖြိုး ပေါင်ချိန်တွေတိုး ဆီးချိုတော့ကျ၊ အဲ့ဒီဆေးပေးရင် သူငါးပါးမှောက်ပြီ။ ဆိုလိုတာကတော့ ဆရာဝန်နဲ့တိုင်ပင်လိုက်ပါ ဒါမှမှန်ကန်တဲ့ ဆေး ရွေးပြီးသားဖြစ်မယ်။

မေး။ ။   ဆီးချိုဖြစ်နေတာ ၁ နှစ်ခွဲလောက်ရှိပြီ၊ ဆေးလည်းသောက်နေတယ်၊ ထမင်း စားချိန်နောက်ကျတာနဲ့ လူက တုန်လာပြီးတော့ ချွေးထွက်တယ်၊ ပြီးတော့ ဆီးချိုးထိုးကျ သွားတယ်၊ တိုင်းကြည့်ရင် ၈၀ လောက်ပဲရှိတယ်၊ အဲ့ဒါ ဘယ်လိုလုပ်ရင် ကောင်းမလဲ ဆိုတာ ဆရာကြီးဖြေပေးစေချင်ပါတယ် ။

ဖြေ။ ။ ဆီးချိုက ၁ နှစ်ခွဲရှိပြီ ဆိုတော့  အသက်ဘယ်လောက် ခန္ဓာကိုယ်က ဘယ်လောက်ကြီး ထွားတယ် စားတာဘယ်လို အလုပ်ကဘာအလုပ်လဲ အချိန်မှန်စား နိုင်ရဲ့လားပေါ့နော်။ သူခုနပြောတဲ့ဟာက မကောင်းဘူးပေါ၊့ ဒါပထမဆုံး စပြောတာ မကောင်းဘူး မဖြစ်သင့်ပါဘူးပေါ့နော်၊ အဲ့ဒီတော့ ဖြစ်တော့ဘာဖြစ်လဲလို့မေးရင် အလုပ်ပျက်တာပေါ့ တစ်ခါဖြစ်ဖူးရင် စိုးရိမ်ရတာပေါ့ သိပ်ကြာသွားရင် သတိပါလစ်နိုင် တာပေါ့ အဆိုးဆုံးက ဖြစ်ပါများရင် ဦးနှောက်ကို သကြားဓာတ်မရလို့ ဦးနှောက်က နဲနဲလေး မှတ်ဉာဏ်လေး ထိခိုက်တတ်တယ်၊ အဲ့ဒီတော့ မဖြစ်စေပါနဲ့ပေါ့နော် ဒါတစ်ခု၊ ဖြစ်ခြင်း မဖြစ်ခြင်းက အဓိက ကတော့ နှစ်ချက်သုံးချက်ပေါ်မူတည်တယ်။   မှန်ကန်တဲ့ဆေးသောက်နေတာ ဟုတ်ပါသလားပေါ့နော်၊ လူကအစားနဲပြီးတော့ ဆေးကို သိပ်ပြီးပြင်းတဲ့ဆေးပေးလို့ရှိရင်လည်းပဲ ကျမှာပေါ့နော်။ ဒါကြောင့်မို့လို့ မှန်ကန်တဲ့ ဆေး ဆိုတာ ခုန ဆရာတို့ရွေးတဲ့အခါမှာ အသက်ဘယ်လောက် ဘယ်လောက်ကြီးတယ်၊   မှန်ကန်တဲ့ဆေးမှ ဟုတ်ရဲ့လား ဆရာလည်း မသိပါဘူးပေါ့နော် ၊ ဆရာတွေးတာလေး တွေပြောပြနေတာ။   ဆရာဝန်နဲ့လူနာနဲ့က ဥပမာ စဉ်းစားကြည့်ရအောင် ဆရာဝန်က ဘာလုပ်တာလည်းဆို ဆရာဝန်ကဆေးပေးတယ်၊ ဆရာဝန်က လူနာကို ဘယ်လိုနေရ မလဲဆိုတာပြောတယ်ပေါ့၊ လူနာကဘာပြောတာလဲဆို ဆရာဝန်ကို သူခံစားနေတာ ပြောတယ် သူစားတာကိုပြောတယ် နှစ်ယောက်ဆုံကြတယ်ပေါ့နော်၊ ဆရာတို့ ဆေးပေး တာ လူနာအပေါ်မှာအခြေခံပြီး ဒီလိုစား ဒီလိုသောက်၊ ဒီအချိန် သောက်ဆိုပြီး ဆရာတို့ မှာတာပေါ့နော်၊ အဲ့ဒီတော့ မှာတဲ့အခါမှာ၊ လုပ်ရမှာ ဆေးရယ် အစာရယ်ပေါ့ ဆေးက ဆရာပေးလို့ရတယ်လေ အစားကသူ့ဟာသူလုပ်ရမှာလေ၊   ဆေးကတော့ ဆရာပြော သလောက် သောက်ပါတယ် ၊သူက ထမင်းကိုနှစ်ပန်းကန် စားလိုက်တယ် ဗေဒင်မမေးနဲ့  တက်မှာပဲ၊ ဆရာက ဆေးဒီလောက်သောက်ခိုင်းတယ် ဒီလောက်စားလို့မှာထားတယ် အိမ်မှာ ပြဿနာဖြစ်ရင် စိတ်ဆိုးပြီးတော့ မစားဘဲနဲ့ မနက်စောစောစီးစီး ဆောင့်အောင့် ပြီး ထွက်သွားတယ် ကျမှာပေါ့။  ဒီလောက်ဆိုရှင်းပြီး ပေါ့နော်။ အဲဒီလို ဖြစ်တာ မကောင်းပါဘူး၊ ဆရာဝန်နဲ့တိုင်ပင်ပါ၊ သူ ဆေးပြန်ညှိသွားပါလိမ့်မယ် ဆီးချိုဆိုတာ သူတစ်ဝက် ကိုယ်တစ်ဝက်ပါ၊ ပိုင်ဆိုင်မှုပေါ့နော် ပိုင်ဆိုင်မှုဆိုတာ ဘာလဲ သိလား Responsibility တာဝန်ယူမှုပေါ့ ၊ ပိုင်ဆိုင်မှု ရော့ဆရာကြိုက်သလို သာလုပ် ဆိုတာ မျိုးမှာ ဆီးချိုးရောဂါ မပါဘူး၊ ဒါကြောင့်မို့လို့ဒါလေးတွေတော့သတိထား ပေးဖို့ ပြောချင် တယ်။    

မေး။ ။   နောက်ဆုံးတစ်ခုလေးပါပဲ၊ မဇ္ဈိမပရိသတ်တွေကိုပဲဖြစ်ဖြစ် ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေကိုပဲဖြစ်ဖြစ် ကျန်းမာရေးနဲ့ပတ်သတ်လို့ Message လေးပေးပါ လားခင်ဗျား။

ဖြေ။ ။ ကျွန်တော်တို့လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံ ဆီးချိုဆရာဝန်တွေပေါင်းပြီး တော့ မြန်မာနိုင်ငံမှာ ဆီးချိုရောဂါနဲ့ပတ်သက်ပြီး တစ်နိုင်ငံလုံး လေ့လာထားတာ တစ်ခု ရှိတယ်၊ လူတော်တော်များများလေ့လာတော့ ဖြစ်နေတဲ့လေ့လာမှုလို့လည်း ပြောလို့ရ တယ် အဲ့ဒီမှာ ဘာတွေ့လဲဆိုတော့ မြန်မာနိုင်ငံမှာ တောရောမြို့ပါ ဆီးချိုအဖြစ်များနေ ပါပြီ။ ဆီးချိုအဖြစ်ကဘယ်လောက်ရှိလဲဆိုတော့ ၁၀ .၅ ရာခိုင်နှုန်း ရှိတယ်။ အဲ့ဒီဂဏန်း က ကမ္ဘာနဲ့ယှဉ်ရင် နှစ်ဆနီပါးရှိတယ်၊ ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံတွေက ၈၀၀ ရာခိုင်နှုန်း၊ ၇၀၀ ရာခိုင်နှုန်းရှိတယ်၊ ဒီမှာ ၁၀.၅ ဖြစ်နေတယ်နော်၊ ကျွန်တော်ခုနပြောတဲ့ ဆီးချိုအကြိုဆိုတာ ဒီလူတွေသည် သူကနံပတ်ချိတ်ကြရတာ ပန်းဝင်ဖို့ နောင်တစ်ချိန် မှာ ဆီးချိုဖြစ်ဖို့ တအားဆိုးနေတယ်၊ သူက ၁၉.၇ ရာခိုင်နှုန်း တစ်နည်းကပြောမယ် ဆိုရင် ဆီးချိုရှိတဲ့သူ နှစ်ဆဖြစ်နေတာ။ နိုင်ငံတကာမှာ ဆီးချိုဖြစ်တဲ့သူဟာ တစ်ဝက် ပဲရှိတာ ကျွန်တော်တို့နှစ်ဆဖြစ်နေတယ်။ အဲ့ဒီလောက်ဆိုရင် ကျွန်တော်တို့ ဘယ်လောက် စိုးးရိမ်လည်းဆိုတာ ပေါ်လောက်ပြီနော်၊ အဲ့ဒီတော့ အဲ့ဒါဘာဖြစ်လို့ဖြစ် လဲလို့မေးရင် စတုံးကစပြီ ကျွန်တော်တို့ရဲ့ကျန်းမာရေးနဲ့ ညီညွတ်ဖို့မရှိတော့ဘူး။ အဲ့ဒါ တွေ ခဏထားလိုက်ဦး၊ မှန်းကြည့်ရအောင် ရှေ့ကို ဒီဆီးချိုမဖြစ်သေးတဲ့ အကြိုလေးပဲ ဖြစ်ပြီး ရှိပြီးသားသူတွေကလည်းပဲ ကျွန်တော် ခုနပြောခဲ့တဲ့အတိုင်း ဂရုမစိုက်လို့ အိုနာ ကျိုးကန်းလို့ဖြစ်ကြပြီဆိုရင် တိုင်းပြည်ဘယ်လို ဖြစ်မလဲ၊ တိုင်းပြည်နစ်နာတာပေါ့ ။ ကျွန်တော်တို့ တိုင်းပြည်ဖွံ့ဖြိုးအောင်လုပ်မယ့်ငွေတွေ အကုန်လုံးကဘယ်ရောက်တာ လည်းနော်။  ကျွန်တော်တို့ ကျောက်ကပ်ပျက်စီးတဲ့ လူနာတွေအတွက် ကျောက်ကပ် သန့်စက်တွေ လှူကြတယ် တန်းကြတယ်။ ကျွန်တော်ကတော့ သာဓုခေါ်တယ် ၊ ကျောက်ကပ်ပျက််တဲ့သူများကို   ကိုယ်ချင်းစာမှာ၊ ဘာလို့ဆို သူတို့အတွက် အထောက် အကူ ဖြစ်သွားတာပေါ့နော်။ ဒါကြောင့်မို့လို့ ကျွန်တော် သာဓုခေါ်တယ်နော် ၊ များများ လှူပါ။ ဒါပေမယ့်လို့ ကျောက်ကပ်စက်တစ်လုံးက run ဖို့က လူလိုတယ်၊ အခြေခံလို တယ် လူနာဘယ်နှစ်ယောက်ပဲဆေးနိုင်သလ၊ဲ အဲ့ဒီကျောက်ကပ်တွေဘာလို့ ပျက််တာ လည်းလို့ကြည့်လိုက်ရင် ရှေ့မှာရှိတယ်၊ အဲ့ဒီရှေ့က ဟာကိုများ မတွေ့ရင် နောက်ထပ် ကျောက်ကပ်ဆေးစက်တွေ ကျွန်တော်တို့နိုင်ငံကို လှူတာအပြင် တစ်နိုင်ငံလုံးက သိန်းနဲ့ သန်းနဲ့ကုန်ကျပါမယ်။ အဲ့ဒီလိုဆိုရင် ရှေ့ကိုများ ၅ နှစ် ၁ဝနှစ်များတွေ့လိုက်မယ် ဆိုရင် လှူလည်းလှူပါ ရောဂါသည်တွေအတွက် ဒုက္ခိတတွေအတွက်လုပ်ပါ။ ဒါပေမယ့် လှူတဲ့သူကော သူဌေးကြီးတွေကော နိုင်ငံတော်ကိုချစ်တဲ့သူကော ဘာလုပ်စေချင်လဲ ဆိုတော့ အခုဒီမဖြစ်သေးတဲ့သူတွေမဖြစ်အောင် ဖြစ်ခါစလည်း ဆက်မတိုးအောင် ဖြစ်ပြီးသားလည်း ပိုဖြစ်အောင် ဝိုင်းဝန်းကူညီကြပါ။ ဝိုင်းဝန်းကူညီပါဆိုတော့ ဘယ်သူ က ကူညီတာလဲ ပထမဆုံးကတော့ ကိုယ်ပဲ၊ အခုကြည့်နေတဲ့သူကော  ပါတယ်။ everybody ၊  ကိုယ့်ကိုယ်ကိုကျန်းမာအောင်နေပါ ကျန်းမာအောင်နေတာသည် မိမိကိုယ်ကိုစောင့်ရှောက်ခြင်းဖြစ်သလို နိုင်ငံတော်ကိုလည်း စောင့်ရှောက်တယ်၊ တကယ်လို့ အသက် ၂ဝကျော် တစ်ယောက်က ကျွန်တော်ပြောတာ မဟုတ်လို့ သူလုပ်လိုက်ပြီဆိုရင် သူ့အသက် ၃ဝမှာကျောက်ကပ် ပျက်ပြီဆိုရင် ဘယ်သူနာမလဲ သူနာမှာ၊ သူ့မိသားစုက နာမှာ နိုင်ငံနာမှာ သူကဘာနာမှာလဲ သူလူသက်တမ်းစေ့မနေရ တော့ဘူး ။ ကျောက်ကပ်ဆေးတဲ့သူက သက်တမ်းမစေ့ဘူး၊ မောနေတာ သူ့မိသားစုက ဘာနာလည်း သူ့ကိုပြုစုဖို့ သူ့ကိုဆေးရုံလိုက်ပို့ဖို့ သူကိုဆရာဝန်နဲ့ချိန်းဖို့ သူ့မိသားစု ပိုက်ဆံ ကုန်ဦးမှာ နိုင်ငံတော်ဘာနာမှာလဲ သူ့အတွက်လုပ်အား အကုန်နာမှာ။ ကျွန်တော်တို့ တစ်ယောက်ချင်း တစ်ယောက်ချင်းကများ ဒါနိုင်ငံရေးစကားပြောတာ မဟုတ်ဘူးနော်။ ကျွန်တော်စိတ်ထဲမှာရှိတာပြောတာ တစ်ယောက်ချင်း တစ်ယောက် ချင်းက ကျွန်တော် ခုနပြောသလို စေတနာရှိလာရင် သူလည်း ကောင်းတယ် ၊ သူ့မိသားစုလည်း ကောင်းတယ် နိုင်ငံတော်လည်းကောင်းတယ်။ ဒါကြောင့်မို့လို့ stakeholder က ဘယ်သူလဲလို့မေးရင် မိမိ၊ မိမိပြီးရင် ဘယ်သူလဲဆိုရင် မိမိ မိသားစု ကိုယ့်အလုပ်ကိုယ်လုပ်ပေါ့ မိသားစုဘာဆိုင်လဲ ဆိုင်တာပေါ့။ တစ်ယောက်နဲ့ တစ်ယောက် အသိပညာဖလှယ်တယ်။ တစ်ယောက်နဲ့ တစ်ယောက်ကကောင်းတာ လုပ်ဖို့ညှိကြတယ် ကောင်းတာလုပ်ဖို့ပဲ အမေကလည်းစျေးသွားရင် ဘာဖြစ်လဲ Lifestyle ကိုခေါင်းထဲမှာထည့်ပြီး ငါးပိ ငါးခြောက် သိပ်မဝယ်ဘူးပေါ့၊ ဟုတ်တယ်မလား ။ ငါးစားမှာပေါ့ အသီးအရွက်စားမှာပေါ့ ဘယ်လောက်ကောင်းလည်း မိသားစု။ ပြီးရင်ဘယ်သူလည်းဆိုတော့ ဆရာဝန်တွေ ကျန်းမာရေးဝန်ထမ်း အသိပညာ တောက်လျှောက်ပေးနေတာ၊ ဒီကိုရီးယားဇာတ်လမ်းတွဲက မှတ်မိတယ် တစ်ခါကြည့်ရင် ဟုတ်တယ်မလား အရင်တုန်းကကိုးရီးယား ဇာတ်လမ်းတွဲဆိုရင် မှတ်မိနေသေးတယ် ကျန်းမာရေးကျမမှတ်မိဘူး မေ့တယ် ထပ်ထပ်ပြောရအောင် ကျန်းမာရေးဝန်ထမ်းနဲ့ သူနာပြုအကုန်ပါတယ် အားသရွေ့ပြောနေတာ၊ နောက်စိတ်ပူတာက ဘယ်သူလဲ နောက်စိတ်ပူတာကတော့ နိုင်ငံတော်ပေါ့နော် နိုင်ငံတော်ကလည်းပဲ ကျွန်တော်သိပါ တယ် ကြိုးစားပြီးတော့ လုပ်နေတာပေါ့နော်၊ ဒါကြောင့်မို့လို့ ပိုပြီးတော့ ဒီထက်အားစိုက် ပြီး လုပ်ပေးဖို့ မျော်လင့်ပါတယ်ပေါ့။ ဒါက ကျွန်တော် နောက်ဆုံးပြောချင်တဲ့ အပြောချင် ဆုံး စကားပေါ့နော် အရမ်းဝမ်းသာတယ်။     ။ ( မဇ္စျိမ )

ဆီးချို နှင့်သွေးတိုးရောဂါ မဖြစ်ဖို့ -  အပိုင်း(၁ )အပြည့်အစုံ - http://www.mizzimaburmese.com/article/52076

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required