မန်ယူနှင့် ဆွေးနွေးဖြစ်ခဲ့ခြင်းကို နေမာထုတ်ပြော

မန်ယူနှင့် ဆွေးနွေးဖြစ်ခဲ့ခြင်းကို နေမာထုတ်ပြော

စက်တင်ဘာ ၂၅၊ ဘာစီလိုနာ။           ။ အိုးထရက်ဖို့ဒ်သို့  ဖြစ်နိုင်ချေအပြောင်းအရွှေ့အတွက် မန်ယူအသင်းနှင့်ဆွေးနွေးခဲ့ဖူးပြီး ယင်းပရီးမီးယားလိဂ်အသင်းက ကမ်းလှမ်းရန်ပျက် ကွက်ခဲ့သည်ဟု ဘာစီလိုနာတိုက်စစ်မှူးနေမာက ပြောသည်။

ယင်းဖြစ်နိုင်ဖွယ်အပြောင်းအရွှေ့သတင်းမှာ ဈေးကွက်မပိတ်မီ သြဂုတ်လအတွင်းထွက်ပေါ်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ဘီလ်ဘာအိုကို ၁-၀ ဂိုးဖြင့် နိုင်သည့်ပွဲအပြီး၌ ဘာစီလိုနာနည်းပြ အန်းနရစ်က ကောလာဟလသာဖြစ်သည်ဟု ပယ်ချခဲ့သည်။

ယခုအခါတွင် ဘရာဇီးလက်ရွေးစင်ကစားသမားနေမာက ယင်းအပြောင်းအရွှေ့ကိစ္စကိုပြန်လည်ရည်ညွှန်းပြောဆိုခဲ့ပြီး ၎င်း၏ကိုယ်စားလှယ် များနှင့် မန်ယူအသင်းတို့ဆွေးနွေးခဲ့သော်လည်း ကမ်းလှမ်းမှုဖြစ်ပေါ်လာခြင်းမရှိဟု ပြောသည်။

"ဆွေးနွေးခဲ့ပါတယ်။ ဒါပေမဲ့ ကမ်းလှမ်းမှုတော့ ရောက်မလာခဲ့ပါဘူး။ ကမ်းလှမ်းတဲ့သတင်းတွေတော့ကြားပေမယ့် ကျွန်တော့်ဆီကိုတော့ ရောက်မလာခဲ့ပါဘူး"ဟု နေမာက အီးအက်စ်ပီအန်ဘရာဇီးသို့ ပြောသည်။

မန်ယူအသင်းသည် အပြောင်းအရွှေ့ဈေးကွက်ပိတ်ခါနီးတွင် တိုက်စစ်မှူးတစ်ဦးခေါ်ယူရန်ရှာဖွေခဲ့ပြီး နောက်ဆုံးတွင် မိုနာကိုတိုက်စစ်မှူး မာရှယ်ကို ပေါင် ၅၈ သန်းထိရောက်ရှိသွားနိုင်သော ပြောင်းရွှေ့ကြေးတစ်ရပ်ဖြင့် ခေါ်ယူခဲ့သည်။

သို့သော်နေမာ၏ ပြောဆိုချက်အရ မန်ယူအသင်းသည် လာမည့်အပြောင်းအရွှေ့ကာလများတွင် နေမာကိုခေါ်ယူရန်ဆက်လက်ကြိုးပမ်းဦး မည်ဟု ယူဆရသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly