ပထမဆုံး လူပုကမ္ဘာ့ဖလားပြိုင်ပွဲကို အာဂျင်တီးနားမှာ ကျင်းပ

ပထမဆုံး လူပုကမ္ဘာ့ဖလားပြိုင်ပွဲကို အာဂျင်တီးနားမှာ ကျင်းပ

လက်ရွေးစင်ဘောလုံးအသင်းတွေဖြစ်တဲ့ ချီလီ၊ ကိုလံဘီယာ၊ အာဂျင်တီနား၊ ဘရာဇီး၊ အမေရိကန်၊ ကနေဒါ၊ ပါရာဂွေး၊ ပီရူး၊ ဘိုလီးဗီးယားနဲ့ မော်ရိုကိုအသင်းတွေပါဝင်တဲ့ ပထမဆုံး လူပုကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို အိမ်ရှင်အဖြစ် အာဂျင်တီးနားနိုင်ငံက လက်ခံကျင်းပခဲ့ပါတယ်။ ပြိုင်ပွဲဟာ အောက်တိုဘာ ၂၅ ရက်နေ့က စတင်ခဲ့ပြီး အောက်တိုဘာ ၂၈ ရက်နေ့အထိ ကျင်းပမှာဖြစ်ပါတယ်။

ဒီပြိုင်ပွဲ ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ခွဲခြားဆက်ဆံရမှုကို ဒီလူ့အသိုင်းအဝန်းမှာ ဆန့်ကျင်ပြီး ပေါင်းစည်းမှု မြှင့်တင်ရေးတို့ကို အဓိထားရည်ရွယ်ထား ပြုလုပ်တာလို့ သိရပါတယ်။

အာဂျင်တီးနားအသင်း ခေါင်းဆောင် ဖာကန်ဒို ရိုဟာက “ကျနော်တို့ရဲ့ အနေအထားက ကမ္ဘာမှာ ခွဲခြားဆက်ဆံဆန့်ကျင်ခံနေရတဲ့ထဲက အများဆုံးတစ်ခုဖြစ်ပါတယ်။ ကျနော်တို့ ဒါကို ပြောင်းလဲဖို့ စီမံဆောင်ရွက်ခဲ့ပါတယ်။ ကျနော်တို့ဟာ ဘောလုံးကစားဖို့၊ အလုပ်လုပ်ကိုင်ဖို့နဲ့ သင်ကြားဖို့ လုပ်နိုင်စွမ်းရှိတယ်ဆိုတာကို အခု သူတို့ မြင်နိုင်မှာပါ။”လို့ ပြောပါတယ်။

“တစ်နေ့မှာ ကျနော်ဟာ ဒီလိုတရားဝင်ဘောလုံးပြိုင်ပွဲတစ်ခုမှာ ကစားဖို့ ဖြစ်လာမယ်ဆိုတာကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အိပ်မက်တောင် မမက်ရဲခဲ့ပါဘူး။ ဒါကြောင့် ဒါဟာ ကျနော်တို့အတွက် အလွန်အရေးပါတဲ့ အရာတစ်ခုပါ။”လို့ ဘရာဇီးအသင်းကစားသမား မက်ရင်ဒါးက သူ့ရဲ့ ခံစားချက်ကို ဖွင့်ဟပြောဆိုခဲ့ပါတယ်။

ပြိုင်ပွဲကို တစ်ဖက် ၇ ယောက် တစ်သင်းအဖြစ် မိုလုံလေလုံကွင်းမှာ ကစားခဲ့ပါတယ်။ ဂိုးအရွယ်အစားကိုတော့ အသုံးပြုနေကျ ပုံမှန်ဂိုး အကျယ် ၂.၄၄ မီတာ၊ အကျယ် ၇.၃၂ ပမာဏရဲ့ ဆန့်ကျင်ဘက် ဂိုးကျဉ်းဖြစ်တဲ့ အမြင့် ၁.၇၀ မီတာ၊ အကျယ် ၂ မီတာကို အသုံးပြုထားပါတယ်။

အာဂျင်တီးနားအသင်းရဲ့ အိုင်ဒေါနဲ့ ဘာစီလိုနာ စူပါစတား လီယွန်နယ် မက်ဆီက ဒီပြိုင်ပွဲသစ်အတွက် မှတ်ချက်စကားယူဆောင်လာခဲ့တယ်လို့ အာဂျင်တီးနာလူပုလေးများအသင်းအတွက် ကစားနေတဲ့ ဒီယေဂို ဆာပင်တီးနီအရ သိရပါတယ်။

“ကျနော် မက်ဆီကို တွေ့ဆုံဖို့ ကြိုးစားခဲ့ပါတယ်။ သူ (မက်ဆီ)က ဒီပြိုင်ပွဲအကြောင်းရဲ့ ကောင်းမွန်တဲ့အရာတွေကို ကြားသိခဲ့တယ်လို့ ပြောပါတယ်။ သူက ဒီကြောင်းတွေ ကြားသိခဲ့မယ်ဆိုရင်ပေါ့ ဒီပြိုင်ပွဲဟာ စိတ်ဝင်စားမှု အများကြီးပေးနိုင်တဲ့ ပြိုင်ပွဲလို့ ဆိုရမှာပါ။”လို့ ဆပင်တီးနီက AFP ကို ပြောဆိုခဲ့ပါတယ်။

Source: AFP

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly