ဘရန်ဒန်ရော်ဂျာကို ဖိအားပေးသည့်အနေဖြင့် အန်ဆလော့တီကို လီဗာပူးလ်ဆက်သွယ်

ဘရန်ဒန်ရော်ဂျာကို ဖိအားပေးသည့်အနေဖြင့် အန်ဆလော့တီကို လီဗာပူးလ်ဆက်သွယ်

စက်တင်ဘာ ၂၄၊ လီဗာပူးလ် ။                ။ လီဗာပူးလ်အသင်းသည် ကက်ပီတယ်ဝမ်းပြိုင်ပွဲတွင် လိဂ်-၂ ကလပ် ကာလစ်လီကို ပင်နယ်တီအဆုံးဖြတ်ဖြင့်အနိုင်ရခဲ့သော်လည်း အသင်း ပိုင်ရှင်များသည် ကာလိုအန်ဆလော့တီကို ဆက်သွယ်နေကြောင့် အသံထွက်နေသဖြင့် နည်းပြဘရန်ဒန်ရော်ဂျာမှာ ရာထူးတည်မြဲရေးအတွက် ဆက်လက်တိုက်ပွဲဝင်ရဦးမည်ဖြစ်သည်။

အန်ဖီးလ်တွင် အဓိကဆုံးဖြတ်ရန်တာဝန်ရှိသူတစ်ချို့၏ ထောက်ခံမှုကိုရရှိထားဆဲဖြစ်သောရော်ဂျာမှာ အသင်း၏ရာသီအစပိုင်းရလဒ်ဆိုးများ ကြောင့် ကြီးစွာသောဖိအားနှင့်ရင်ဆိုင်နေရပြီး အဆင့်နိမ့်အသင်းတစ်သင်းကို အနိုင်ရခြင်းမှာလည်း ၎င်းအတွက်အထောက်အကူအဖြစ်စေခဲ့ ပေ။

တိုက်စစ်မှူး ဒါနီအင့်စ်သည် လီဗာပူးလ်အတွက်ဦးဆောင်ဂိုးကို ပွဲချိန် ၂၄ မိနစ်တွင်သွင်းယူခဲ့သော်လည်း ၁၀ မိနစ်အကြာတွင် ကာလစ်လီ အသင်းမှ အဆာမိုအာက ချေပဂိုးပြန်သွင်းသွားသောကြောင့် ပင်နယ်တီအဆုံးအဖြတ်အထိရောက်ခဲ့ရသည်။

ဂိုးသမားဘော့ဒန်မှာ ပင်နယ်တီသုံးကြိမ်ကာကွယ်ပြီးအသင်းကို ၃-၂ ဂိုးဖြင့်အနိုင်ရစေကာ လီဗာပူးလ်၏သူရဲကောင်းဖြစ်ထိုက်ကြောင်း သက် သေပြခဲ့သည်။

ပြီးခဲ့သည့်ရာသီကုန်တွင် ရီးယဲလ်မက်ဒရစ်အသင်းမှထုတ်ခံခဲ့ရသော အန်ဆလော့တီသည် နည်းပြလောကသို့ပြန်ဝင်ရန် တစ်နှစ်ခန့်အချိန်ယူ ဦးမည်ဟု အမြဲပြောကြားထားသူဖြစ်သည်။

သို့သော်လည်းရီးယဲလ်အသင်းမှထုတ်ပယ်ခံရစဉ်တွင် လန်ဒန်သို့ပြန်လာကာအလုပ်လုပ်လိုကြောင်းနှင့် လီဗာပူးလ်အသင်းမှာ သမိုင်းကြောင်း ကောင်းသည့်အသင်းဖြစ်ကြောင်း ပြောကြားခဲ့ဖူးသည်။

လီဗာပူးလ်အသင်းပိုင်ရှင် အက်ဖ်အက်စ်ဂျီအဖွဲ့သည် အိမ်ကွင်းတွင် ဝက်စ်ဟမ်းကို ၃-၀ ဂိုး၊ အဝေးကွင်းတွင် မန်ယူကို ၃-၁ ဂိုးဖြင့်ဆက်တိုက် ရှုံးပြီးကတည်းက နည်းပြပိုင်းနှင့်ပတ်သက်ပြီး စဉ်းစားလာကြခြင်းဖြစ်သည်။

အန်ဆလော့တီသည် ဆယ်စုနှစ် နှစ်ခုအတွင်း အေစီမီလန်၊ ချယ်လ်ဆီး၊ ပီအက်စ်ဂျီနှင့် ရီးယဲလ်မက်ဒရစ်တို့တွင် အောင်မြင်မှုများရခဲ့သည့် အကောင်းဆုံးမှတ်တမ်းပိုင်ဆိုင်ထားသော နည်းပြများထဲမှ တစ်ဦးဖြစ်သည်။

အသက် ၅၆ နှစ်ရှိအီတလီလူမျိုးနည်းပြသည် ၂၀၀၇ တွင် အေစီမီလန်အသင်းနှင့် ချန်ပီယံလိဂ်ဖလားရခဲ့ပြီး ၂၀၁၄ တွင် ရီးယဲလ်မက်ဒရစ် အသင်းကို ၁၀ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားရစေခဲ့သည်။

ရီးယဲလ်မက်ဒရစ်မှထွက်ခွာပြီးနောက် ဗန်ကူဗာနှင့် လန်ဒန်တွင်တစ်လှည့်စီ အချိန်ဖြုန်းနေပြီး နောက်ထပ်အလုပ်သစ်တစ်ခုအတွက် စဉ်းစား နေသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly