အမ်မီ ဆုပေးပွဲ ကြည့်ရှုသူနှုန်း စံချိန်တင် ကျဆင်း

အမ်မီ ဆုပေးပွဲ ကြည့်ရှုသူနှုန်း စံချိန်တင် ကျဆင်း

အမေရိကန်ပြည်ထောင်စုတွင် စက်တင်ဘာ ၂၀ ရက်ညက ကျင်းပပြုလုပ်သော Emmy ဆုပေးပွဲကို ကြည့်ရှုသူနှုန်းသည် ၁၁ ဒသမ ၉ သန်းအောက် စံချိန်တင် ကျဆင်းခဲ့ကြောင်း ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်လျှင် ကြည့်ရှုသူဦးရေသည် ၄ သန်းခန့် ကျဆင်းခဲ့သည်။

၂၀၁၄ ခုနှစ် Emmy ဆုပေးပွဲကို ကြည့်ရှုသူသည် ၁၅ ဒသမ ၆ သန်း ရှိခဲ့သော်လည်း ယခုနှစ် ဆုပေးပွဲတွင် ကြည့်ရှုသူဦးရေသည် စံချိန်တင် ကျဆင်းခဲ့ခြင်း ဖြစ်သည်။ ၂၀၁၅ ခုနှစ် Emmy ဆုပေးပွဲ တွင် Game of Thrones  ဒရမ်မာဇာတ်ကားသည် ဆုပေါင်း ၂၁ ဆု စံချိန်တင် ရရှိကာ အောင်ပွဲခံခဲ့သည်။

ယင်းဇာတ်ကား ရရှိခဲ့သော ဆုများတွင် အကောင်းဆုံးဒရမ်မာ ဇာတ်လမ်းတွဲဆုနှင့် ထရိုင်အွန် လန်နစ်စတာအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သော ပီတာဒင့်လက်ရှ် ဒရစ်ခ်လက် ရရှိသည့် အကောင်းဆုံး ဇာတ်ပို့ သရုပ်ဆောင်ဆုများလည်း ပါဝင်ခဲ့သည်။

အဆိုပါ ဆုပေးပွဲတွင် Mad Men ဇာတ်ကားဖြင့် မင်းသားဂျွန်ဟမ်က အကောင်းဆုံး သရုပ် ဆောင် မင်းသားဆုကို ရရှိခဲ့ပြီး  မင်းသမီ ဗီအိုလာဒေးဗစ်သည် How To Get Away With Murder  ဇာတ်ကားဖြင့် အကောင်းဆုံး ခေါင်းဆောင်မင်းသမီးဆုကို ရရှိကာ ယင်းဆုကို ရရှိသည့် ပထမဆုံး လူမည်းအမျိုးသမီး ဖြစ်လာခဲ့သည်။

အဆိုပါ ဆုပေးပွဲကို  ဟာသသရုပ်ဆောင် အန်ဒီဆမ်ဘက်က ပထမဆုံးအကြိမ် စီစဉ်တင် ဆက်သူအဖြစ် ဆောင်ရွက်ခဲ့ကြောင်းနှင့် ယခုနှစ်ဆုပေးပွဲသည် ပရိသတ်များကို ဆွဲဆောင်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။ အော်စကာဆုပေးပွဲကို ပရိသတ် ၃၇ ဒသမ ၃သန်း ကြည့်ရှုခဲ့ပြီး ဂရမ်မီ ဆုပေးပွဲကို ကြည့်ရှုသူသည် ၂၄ ဒသမ ၈ သန်းရှိခဲ့ပြီး ရွှေကမ္ဘာလုံးဆု ဆုပေးပွဲကို ကြည့်ရှုသူသည် ၁၉ ဒသမ ၃ သန်း ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly