ချန်ပီယံလိဂ်ဝင်ခွင့်ရမှာသာ ချယ်လ်ဆီးအသင်းမှာ ဆက်ရှိဖို့ ထည့်သွင်းစဉ်းစားနေတဲ့ ဒီဒင်ဟာဇက်

ချန်ပီယံလိဂ်ဝင်ခွင့်ရမှာသာ ချယ်လ်ဆီးအသင်းမှာ ဆက်ရှိဖို့ ထည့်သွင်းစဉ်းစားနေတဲ့ ဒီဒင်ဟာဇက်
(ဓာတ်ပုံ - AFP, EPA)

ချယ်လ်ဆီးအသင်းဟာ အဓိက ကစားသမား အီဒင်ဟာဇက်ကို အသင်းမှာ ဆက်ထိန်းထားလိုပါက ယခုရာသီ ထိပ်ဆုံး ၄ သင်း ဝင်ထဲဝင်ရောက်ဖို့ ဒါမှမဟုတ် ယူရိုပါလိဂ်ဖလား ဆွတ်ခူးဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။

ချယ်လ်ဆီးအသင်းဟာ အဆိုပါဘယ်လ်ဂျီယံကြယ်ပွင့်ကို တစ်ပတ်လုပ်ခလစာ ပေါင် ၃ သိန်ဝန်းကျင်ပေးပြီး ၅ နှစ် စာချုပ်နဲ့ သက်တမ်းတိုးဖို့ အသင့်ရှိနေကာ အမြန်ဆုံး သူ့ကို အသင်းက စာချုပ်ချုပ်ဆိုလိုပါတယ်။

အသက် ၂၇ နှစ်အရွယ် တိုက်စစ်မှူး ဟာဇက်ဟာ ရီးယဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း ဒီနွေရာသီအပြောင်းအရွှေ့ စျေးကွက် ပိတ်သိမ်းချိန်မှာ ချယ်လ်ဆီအသင်းမှာသာ ဆက်ရှိနေခဲ့ပါတယ်။

ဒါပေမယ့် သူဟာ စတမ်းဖို့ဒ်ဘရစ်ချ်မှာ အနာဂတ်မှာ ကာလရှည်ဆက်ရှိနေဖို့ မသေမချာ ဖြစ်နေသေးတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ချယ်လ်ဆီအသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးခဲ့ပါက ဟာဇက်ကို လက်လွှတ်ရဖို့ ပိုများနေပါတယ်။

ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ ယူရိုပါလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ပါက လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို အလိုအလျောက် ဝင်ခွင့်ရမှာဖြစ်ပါတယ်။

နည်းပြ ဆာရီက ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း ၂ နှစ်ကျန်သေးတဲ့ ဟာဇက်ကို သက်တမ်းတိုးနိုင်မယ်လို့ ကတိပေးထားပါတယ်။

ဟာဇက်ဟာ ဒီနွေရာသီမှာ ဘယ်လ်ဂျီယံအသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ထိ တက်ရောက်နိုင်ခဲ့ပြီးနောက် ချယ်လ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ်ပွဲဦးထွက် ၂ ပွဲလုံးမှာ လူစားဝင်ကစားသမားအဖြစ်သာ ကစားခဲ့ရပါတယ်။

Ref; The Sun

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required