အာဆင်နယ်ပွဲမှ အပြုအမူကြောင့် ချယ်လ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာ သုံးပွဲပယ်ခံရ

အာဆင်နယ်ပွဲမှ အပြုအမူကြောင့် ချယ်လ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာ သုံးပွဲပယ်ခံရ

စက်တင်ဘာ ၂၃၊ လန်ဒန် ။         ။ စနေနေ့က ကစားခဲ့သောပွဲတွင် အာဆင်နယ်နောက်ခံလူ ကိုစီရယ်နီ အပေါ်ပြုမူခဲ့သည့် အပြုအမူအတွက် ချယ်လ်ဆီးတိုက်စစ်မှူး ဒီယေဂို ကော်စတာသည် သုံးပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။

စတမ်းဖို့ဒ်ဘရစ်ချ်တွင်ကစားသော လန်ဒန်ဒါဘီပွဲစဉ်တွင် ဘောလုံးယှဉ်လုစဉ် ဒီယေဂိုကော်စတာသည် ကိုစီရယ်နီ၏မျက်နှာကို ကုတ်ခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်ကအရေးယူခံရခြင်းမရှိသော်လည်း ကြမ်းတမ်းသည့်အပြုအမူအတွက် စွဲချက်တင်ခံရပြီးနောက် သုံးပွဲပယ်ခံလိုက်ရခြင်းဖြစ်သည်။ ယင်း ပြစ်ဒဏ်နှင့်ပတ်သက်ပြီး စိတ်မချမ်းမသာဖြစ်ရသည်ဟု ချယ်လ်ဆီးအသင်းက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

"ဒီယေကိုကော်စတာကိုပွဲပယ်တဲ့ အက်ဖ်အေစည်းကမ်းထိန်းသိမ်းရေးကော်မရှင်ရဲ့ဆုံးဖြတ်ချက်ကြောင့် အသင်းအနေနဲ့လွန်စွာစိတ်ပျက်မိပါ သည်။ ရှေ့ဆက်သဘောထားမထုတ်ပြန်မီ အရေးယူရခြင်း အကြောင်းပြချက်ကို စောင့်ဆိုင်းနေပါသည်"ဟု ချယ်လ်ဆီးအသင်းက ကြေညာ ချက်ထုတ်ထားသည်။

စပိန်လက်ရွေးစင်တိုက်စစ်မှူး ဒီယေဂိုကော်စတာအနေဖြင့် ဗုဒ္ဓဟူးညတွင် ဝါဆောနှင့်ကစားမည့် ကက်ပီတယ်ဝမ်းဖလားအပါအဝင် အင်္ဂလန် ပြည်တွင်းပွဲစဉ် သုံးပွဲကိုလွဲချော်မည်ဖြစ်သည်။

ဝါဆောပွဲပြီးနောက် အသက် ၂၆ နှစ်အရွယ်တိုက်စစ်မှူးသည် ပရီးမီးယားလိဂ်ပွဲများဖြစ်သော နယူးကာဆယ်၊ ဆောက်သမ်တန်တို့နှင့်ပွဲများ ကိုဆက်လက်လွဲချော်မည်ဖြစ်ပြီး အောက်တိုဘာ ၁၇ တွင် အဝေးကွင်း၌ အက်စတွန်ဗီလာနှင့်ကစားရမည့်ပွဲမှ ပြန်လည်ပါဝင်နိုင် မည်ဖြစ်သည်။

"ပွဲကြီးကြပ်သူများကမြင်တွေ့ခဲ့ခြင်းမရှိသော်လည်း လွတ်လပ်သည့်စည်းကမ်းထိန်းသိမ်းရေးကော်မရှင်က ရုပ်သံပြကွက်များကိုကြည့်ကာ ပြန် လည်စစ်ဆေးပြီးနောက် အက်ဖ်အေအနေဖြင့် ဒီယေဂိုကော်စတာကို ကြမ်းတမ်းစွာကစားမှုဖြင့် စွဲချက်တင်ခဲ့ပါသည်။ ချယ်လ်ဆီးတိုက်စစ်မှူး တွင် အပြစ်ရှိကြောင်းတွေ့ရသဖြင့် စံပြပြစ်ဒဏ်အဖြစ် သုံးပွဲပယ်လိုက်ခြင်းဖြစ်ပါသည်"ဟု အက်ဖ်အေ ကကြေညာချက် ထုတ်ခဲ့သည်။

အဆိုပါပွဲတွင် ထုတ်ပယ်ခံရသော ဂါဘရီရယ်အတွက် အာဆင်နယ်အသင်း၏ အယူခံမှာမူ အောင်မြင်ခဲ့သည်။ ဘရာဇီးနောက်ခံလူသည် ဒီယေဂိုကော်စတာနှင့် အကြိမ်ကြိမ် အချင်းများမှု အတွင်းကော်စတာ ကိုကန်မိခဲ့သည်။

သို့သော် အာဆင်နယ်အသင်း၏အယူခံကိုလက်ခံကြောင်းနှင့် ပြစ်ဒဏ်ကိုရုတ်သိမ်းလိုက်ကြောင်း အက်ဖ်အေက အင်္ဂါနေ့တွင် ကြေညာခဲ့ သည်။ ဂါဘရီရယ်သည် အနီကတ်ပြခံရစဉ် ကွင်းလယ်ဒိုင် မိုက်ဒိန်းကိုတုန့်ပြန်ခဲ့သည့် မလျော်ကန်သောအပြုအမူအတွက် သီးခြားစွဲချက် တင်ခံထားရဆဲဖြစ်သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly