ပေါင်ဒဏ်ရာကြောင့် ဂျူဗင်တပ်စ်တိုက်စစ်မှူး မန်ဇူကစ် သုံးပတ် အနားယူရမည်

ပေါင်ဒဏ်ရာကြောင့် ဂျူဗင်တပ်စ်တိုက်စစ်မှူး မန်ဇူကစ် သုံးပတ် အနားယူရမည်

ဂျူဗင်တပ်စ်တိုက်စစ်မှူး မန်ဇူကစ်သည် ပေါင်ကြွက်သား ဒဏ်ရာရရှိနေသည့်အတွက် ရက်သတ္တပတ် သုံးပတ် အနားယူရတော့မည် ဖြစ်ကြောင်း ဂျူဗင်တပ်စ်အသင်းက အတည်ပြုခဲ့သည်။

မန်ဇူကစ်သည် ဂျီနိုအာအသင်းအား ဝ-၂ ဂိုးဖြင့် အနိုင်ရခဲ့သည့် ပွဲစဉ်တွင် ညာဘက်ပေါင်၏ ကြွက်သားအနည်းငယ် ဆုတ်ပြဲသွားသည့်အတွက် လူစားလဲခဲ့ရသည်။ ထိုဒဏ်ရာကြောင့် မန်ဇူကစ်မှာ အနည်းဆုံး ရက် ၂၀ အနားယူရမည် ဖြစ်သည်။

ထို့ကြောင့် မန်ဇူကစ်သည် ဖရိုစီနိုနီ၊ နာပိုလီ၊ ဘိုလော့ဂ်နာတို့နှင့် ယှဉ်ပြိုင်ရမည့် ဂျူဗင်တပ်စ် အသင်း၏ စီးရီးအေပွဲစဉ်များနှင့် ဆီဗီလာနှင့် ကစားရမည့် ချန်ပီယံလိဂ်အုပ်စု ဒုတိယပွဲစဉ်ကို လွဲချော် ရတော့မည် ဖြစ်သည်။

ထို့အပြင် ဘိုလော့ဂ်နာပွဲပြီး နောက်ပိုင်းတွင် ကစားရမည့် ခရိုအေးရှားအသင်း ၏ ဘူလ်ဂေးရီးယား၊ မော်လ်တာတို့နှင့် ယူရို ၂၀၁၆ ပွဲစဉ်များကိုလည်း လွဲချော်ဖွယ် ရှိနေသည်။

ဂျီနိုအာနှင့် ပွဲစဉ်တွင် တိုက်စစ်မှူး မိုရာတာသည်လည်း ဒဏ်ရာရရှိခဲ့သည့်အတွက် ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီမှာ တိုက်စစ်မှူး ပြဿနာနှင့် ရင်ဆိုင်ရလျက် ရှိသည်။

Ref: Goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly