ယာဉ်တိုက်မှှု၌ တရားလို သက်သေများက ရှေ့နေ သင်ပေးသည့်အတိုင်း ထွက်ဆိုနေကြ ကြောင်း ဆယ်လ်မန်ခန်း၏ ရှေ့နေက စွပ်စွဲ

ယာဉ်တိုက်မှှု၌ တရားလို သက်သေများက ရှေ့နေ သင်ပေးသည့်အတိုင်း ထွက်ဆိုနေကြ ကြောင်း ဆယ်လ်မန်ခန်း၏ ရှေ့နေက စွပ်စွဲ

နာမည်ကျော် ဘောလိဝုသရုပ်ဆောင် ဆယ်လ်မန်ခန်း၏ ၂၀၀၂ ခုနှစ် ယာဉ်တိုက်မှှုနှင့် ပတ်သက်၍ တရားလို သက်သေများမှာ ၎င်းတို့၏ ရှေ့နေ သင်ကြားပေးထားသည့်အတိုင်း ထွက်ဆို ခဲ့ကြခြင်း ဖြစ်ကြောင်း ဘုံဘေတရားရုံးချုပ်တွင် မင်းသား ဆယ်လ်မန်ခန်း၏ ရှေ့နေ Amit Desai က စွပ်စွဲ ပြောဆိုလိုက်သည်။

ထိုစဉ်က ပလက်ဖောင်းပေါ်တွင် အိပ်နေခဲ့သော အိုးမဲ့အိမ်မဲ့ ၅ ဦးအား ကားဖြင့် ဝင်တိုက်မိခဲ့ ခြင်း ဖြစ်ကာ ၎င်းတို့ထဲမှ တစ်ဦး သေဆုံးသွားခဲ့ပြီး လေးဦး ဒဏ်ရာရသွားခဲ့ခြင်း ဖြစ်သည်။

ထိုကား၏ ယာဉ်မောင်းဘက်ခြမ်းမှ ဆယ်လ်မန်ခန်း ဆင်းလာခဲ့သည်ကို တွေ့မြင်ခဲ့ရကြောင်း ထိုတရားလိုသက်သေ လေးဦးအနက် သုံးဦးက တရားရုံးတွင် ထွက်ဆိုခဲ့ကြသည်။

ယာဉ်တိုက်မှှုတွင် အိုးမဲ့အိမ်မဲ့ အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ခြင်းနှင့် ပတ်သက်၍ ဆယ်လ် မန်ခန်းတွင် အပြစ်ရှိကြောင်း အိန္ဒိယ တရားရုံးတစ်ခုကမေလက ဆုံးဖြတ်ကာ ဆယ်လ်မန်ခန်း အားထောင်ဒဏ် ငါးနှစ် ချမှတ်ခဲ့သည်။ ဆယ်လ်မန်ခန်းကမူ ထိုစီရင်ချက်နှင့် ပတ်သက်၍ အယူခံ ဝင်ထားသည်။

တရားလိုသက်သေများ ဖြစ်ကြသည့် Muslim Nimayat Shaikh ၊ Mannu Khan ၊ Mohammed Kalim Iqbal Pathan နှင့် Mohammed Abdullah Shaikh တို့၏ ထွက်ဆိုချက်များကို အဓိကထား၍ ဆယ်လ်မန်ခန်း၏ ရှေ့နေ Desai က ဝေဖန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“တရားလိုဘက် ရှေ့နေ စွပ်စွဲခဲ့တဲ့အတိုင်း သူတို့ဟာ ကားအောက်မှာ တကယ် ရောက်နေခဲ့ တယ်ဆိုရင် ယာဉ်ရဲ့ ညာဘက်ကနေ မင်းသား ဆင်းလာတာကို သူတို့ ဘယ်လိုလုပ်ပြီး မြင်နိုင်မှာလဲ” ဟု မင်းသား၏ရှေ့နေ Desai က ဆိုသည်။

သက်သေတစ်ဦးဖြစ်သူ Muslim Shaikh က သူသည် ထိုစဉ်က ကားအောက်သို့ ရောက်သွား ခဲ့ကြောင်းနှင့် ကားပေါ်မှ ဆယ်လ်မန်ခန်း ဆင်းလာသည်ဟု လူအချို့က အော်ခဲ့ကြသည်ကို ကြားခဲ့ ရကြောင်း ထွက်ဆိုခဲ့သော်လည်း ဆယ်လ်မန်ခန်း ဆင်းလာသည်ကို အမှန်တကယ် မြင်တွေ့ခဲ့ရသော သူများမှာ မည်သူများ ဖြစ်ကြကြောင်းကို တရားလိုဘက်က စစ်ဆေးနိုင်ခဲ့ခြင်း မရှိဟု ရှေ့နေ Desai က ထောက်ပြခဲ့သည်။

Shaikh မှာ ဒဏ်ရာရခဲ့သူ တစ်ဦးဖြစ်ရာ အပြင်းအထန် နာကျင်သော ဝေဒနာကို ခံစားနေရသူ တစ်ဦးက ကားပေါ်မှ ဆင်းလာသူ မည်သူမည်ဝါ ဖြစ်ကြောင်း သိရှိနိုင်သည်ဆိုခြင်းမှာ ဖြစ်နိုင်ပါ့မလား ဟုလည်း Desai က မေးခွန်းထုတ်ခဲ့သည်။

“ပြီးတော့ ဆယ်လ်မန် ရှေ့ခုံက ဆင်းလာတာလား၊ နောက်ခန်းက ဆင်းလာတာလား ဆိုတာ ကို ဒီသက်သေက မပြောခဲ့ပါဘူး။ ကားရဲ့ ညာဘက်ခြမ်းကနေ မင်းသား ဆင်းလာတာကို မြင်ခဲ့ရ တယ်လို့ပဲ ပြောသွားခဲ့တာပါ။ သက်သေဟာ သင်ထားတဲ့အတိုင်း ပြောနေကြောင်းကို ဒီအချက်က ညွှန်ပြနေပါတယ်” ဟုလည်း ရုပ်ရှင်ကြယ်ပွင့်၏ ရှေ့နေက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required