လီမင်ဟို နဲ့ ဆူဇီတို့ လမ်းခွဲလိုက်ပြီ

လီမင်ဟို နဲ့ ဆူဇီတို့ လမ်းခွဲလိုက်ပြီ

တောင်ကိုရီးယား မင်းသားချော လီမင်ဟိုနှင့် အမျိုးသမီး အဆိုတော်အဖွဲ့ miss A မှ အဖွဲ့ဝင် ဆူဇီတို့သည် ရည်းစားသက်တမ်း ခြောက်လရှိပြီးနောက် လမ်းခွဲလိုက်ပြီ ဖြစ်သည်။

လီမင်ဟိုနှင့် ဆူဇီတို့သည် မကြာသေးမီက လမ်းခွဲလိုက်တာ ဖြစ်ကြောင်းနှင့် ၎င်းတို့၏ များပြား လှသော အနုပညာ အစီအစဉ်များကြောင့် သဘောထား မတိုက်ဆိုင်ဘဲ လမ်းခွဲခဲ့တာ ဖြစ်ကြောင်း ၎င်းတို့နှစ်ဦးနှင့် ရင်းနှီးသူများ၊ အနုပညာ အသိုင်းအဝိုင်းမှ အတွင်းလူများနှင့် ပြည်တွင်းမီဒီယာများက ပြောကြားခဲ့ခြင်း ဖြစ်သည်။

လီမင်ဟို နှင့် ဆူဇီတို့၏ ကိုယ်စားလှယ်များသည် ယင်းကိစ္စရပ်ကို တရားဝင် ထုတ်ပြန် ကြေညာခြင်း မရှိသေးပေ။ လီမင်ဟိုနှင့် ဆူဇီတို့ကို သတင်းထောက်များက လန်ဒန်မြို့တွင် အတူ တွေ့ရှိခဲ့ပြီးနောက် ၎င်းတို့နှစ်ဦးသည် တွဲနေကြောင်း မတ်လက ထုတ်ပြန် ကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly