အင်ဒိုနီးရှားတောမီးလောင်ကျွမ်းမှု စင်ကာပူကုမ္ပဏီအား စစ်ဆေးနေ

အင်ဒိုနီးရှားတောမီးလောင်ကျွမ်းမှု စင်ကာပူကုမ္ပဏီအား စစ်ဆေးနေ

အင်ဒိုနီးရှားနိုင်ငံတွင် တောမီးလောင်ကျွမ်းမှုအတွက် စင်ကာပူပိုင် ကုမ္ပဏီတစ်ခုအား စစ်ဆေးလျက်ရှိကြောင်း အင်ဒိုနီးရှား သဘာဝပတ်ဝန်းကျင်ရေးရာ ဝန်ကြီးဌာနက စက်တင်ဘာ ၂၂ ရက်က ပြောသည်။

ဆူမတြားနှင့် ကာလီမန်တန်ကျွန်းများပေါ်တွင် လောင်ကျွမ်းသည့် တောမီးကြောင့် ပြီးခဲ့သည့် သီတင်းပတ်များတွင် ဒေသတွင်း မီးခိုးများ လွင့်ပျံပိတ်ဖုံးလျက်ရှိကာ လေထုညစ်ညမ်းမှုအဆင့်လည်း ကျန်းမားရေးစိုးရိမ်ဖွယ် အဆင့်သို့ရောက်နေသည်။

စိုက်ပျိုးရေးနှင့် သစ်တောလုပ်ငန်းကုမ္ပဏီပေါင်း ၂၀၀ ကျော်ကို ခေါ်ယူစစ်ဆေး မေးမြန်းလျက်ရှိကြောင်း သဘာဝပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာန ရာဇဝတ်ဥပဒေရေးရာ ညွန်ကြားရေးမှူး မိုဟာမတ်ကူနုက ပြောသည်။

"ဒီလိုခေါ်ပြီးစစ်တာတွေက ဆက်လက်ရှိနေဦးမှာပဲ။"ဟု ၎င်းက ပြောပြီး ယင်းသို့ ခေါ်ယူစစ်ဆေးသည့် ကုမ္ပဏီများတွင် စင်ကာပူပိုင် ကုမ္ပဏီတစ်ရပ်လည်း ပါဝင်ကြောင်း ပြောသော်လည်း အသေးစိတ်ကိုမူ ပြောကြားခြင်းမရှိပေ။

ထိုပြင် ဆူမတြားရှိ အင်ဒိုနီးရှားကုမ္ပဏီ လေးခုအား လုပ်ငန်းလုပ်ကိုင်ခွင့်ကို အာဏာပိုင်များက ရပ်ဆိုင်းထားပြီး တောမီးလောင်မှုတွင် အာဏာပိုင်များ၏ တရားစွဲဆိုမှုကိုလည်း ရင်ဆိုင်ရဖွယ်ရှိနေသည်။

Ref: CNA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly