အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP) ပါတီ ၏ မူဝါဒ သဘောထား

အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP) ပါတီ ၏ မူဝါဒ သဘောထား

နေပြည်တော် စက်တင်ဘာ ၂၀ ။          ။ အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP) ပါတီက ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်စဉ်စသည်တို့ကို စက်တင်ဘာ ၂၀ ရက်နေ့ ညပိုင်းက ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။အဆိုပါဟောပြောတင်ပြချက် အပြည့်စုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

လေးစားရသော မဲဆန္ဒရှင် ပြည်သူများခင်ဗျား -

ကျွန်တော်ဟာ ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲနှင့် ၂၀၁၀ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲများကို ဖြတ်သန်းခဲ့တဲ့အပြင် ယခုအချိန်မှာလည်း ၂၀၁၅ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကို ယုံကြည်ချက်ခိုင်မာစွာနဲ့ ကြိုးစားနေတဲ့ ''ခမောက်သုံးလုံး'' ပါတီသင်္ကေတ ဖော်ပြထားတဲ့ အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP) ပါတီရဲ့ ဥက္ကဋ္ဌ ဦးသိန်းညွန့် ဖြစ်ပါတယ်။

ကျွန်တော်တို့ပါတီရဲ့ မူဝါဒဖြစ်တဲ့ မဟာဗျူဟာ(၃)ရပ်ကတော့(၁)အမျိုးသားပြန်လည်သင့်မြတ်ရေး၊ (၂) ဒီမိုကရေစီအရေး၊ (၃)လူ့အခွင့် အရေးတို့ဖြစ်ပါတယ်။ ယနေ့ အမျိုးသားရေးလိုအပ်ချက်ဖြစ် တဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းနိုင်ဖို့ဆိုရင် အမျိုးသားအင်အားစု များဖြစ်တဲ့ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားအင်အားစုများ၊ တပ်မတော် ခေါင်းဆောင်များ အတူလက်တွဲပြီး အပြန် အလှန်လေးစားမှု ထူထောင်ရင်း၊ ယုံကြည်မှုတည်ဆောက်ရင်း မြန်မာနိုင်ငံရဲ့လိုအပ်ချက်များကို လက်တွေ့အကောင်အထည်ဖော်ကြဖို့ လိုပါတယ်။

ဆင်းရဲမွဲတေမှုလျှော့ချပြီး ခေတ်မီတိုးတက်တဲ့နိုင်ငံအဖြစ် ပြောင်းလဲ ရေးအတွက် လည်းကောင်း၊ ငြိမ်းချမ်းရေးကိုရယူပြီး တည်ငြိမ်တဲ့ နိုင်ငံ ရေးအခြေအနေကို ဖန်တီးနိုင်ရေးအတွက် လည်းကောင်း၊ ကျွန်တော်တို့ ဟာ ဒီမိုကရေစီစနစ်ပြန်လည်ထူထောင်ဖို့ လိုအပ်ပါတယ်။

ဒီမိုကရေစီစနစ်ထူထောင်မှသာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းမှာပါတဲ့ လူ့အခွင့်အရေးများကို သော်လည်းကောင်း၊ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ နှစ်မှာ ပြဋ္ဌာန်းထားတဲ့ နိုင်ငံသားများ၏ မူလအခွင့်အရေးများကို သော်လည်းကောင်း ပြည်သူလူထုရရှိခံစားနိုင်မှာ ဖြစ်ပါတယ်။

မဲဆန္ဒရှင်ပြည်သူများခင်ဗျား -

အထက်ပါတင်ပြခဲ့တဲ့ မူဝါဒနှင့်ပတ်သက်ပြီး ပထမအကြိမ် လွှတ်တော် သက်တမ်းမှာ ကျွန်တော်တို့ဟာ အပြောနှင့်မဟုတ်ဘဲ လက်တွေ့ လုပ်ငန်းစဉ်ဖြင့် သက်သေထူပြခဲ့ပါတယ်။ အမျိုးသားပြန်လည် သင့်မြတ်

ရေးအတွက် ပြည်သူ့လွှတ်တော်မှာ ကျွန်တော်ဟာ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်များ ထုတ်ပြန်ရေးအတွက် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၄-၈-၂၀၁၁) မှစ၍ ကြိုးပမ်းခဲ့ပါတယ်။ (၇-၁-၂၀၁၄)နဝမအကြိမ် ပြည်သူ့လွှတ်တော်၌လည်း "ဖွဲ့စည်းပုံအခြေခံဥပဒေ-၂၀၄(ခ) အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီထောက်ခံချက်နှင့် အညီ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ဆက်လက်ထုတ်ပြန်ပေးရန်" တင်သွင်းခဲ့ပါတယ်။ အဲဒီအဆိုများကြောင့် နိုင်ငံရေးအကျဉ်းသားများအပါအဝင် နိုင်ငံသားအကျဉ်းသားမိသားစုတွေ ပြန်လည်ပေါင်းစည်းနိုင်ခဲ့ပါတယ်။

မဲဆန္ဒရှင်ပြည်သူများခင်ဗျား-

ဒီမိုကရေစီရေးအတွက် မတရားတဲ့ဥပဒေများ၊ ခေတ်မမီတော့တဲ့ ဥပဒေများ ရုပ်သိမ်းရန်၊ ပြင်ဆင်ရန်အဆိုများ၊ အစဉ်တစိုက်တင်ပြခဲ့ပါတယ်။ ထုတ်နုတ်ပြရမည်ဆိုလျှင် စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော် မှာခေတ်နှင့် လျော်ညီတဲ့ အစိုးရမဟုတ်သော လူ့အဖွဲ့အစည်း (NGO) များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေတစ်ရပ်ပြဋ္ဌာန်းရန်ဖြစ်ပါတယ်။ ဒီလိုပါပဲ သတ္တမအကြိမ် ပြည်သူ့လွှတ်တော်မှာ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် အုပ်ချုပ်ရေးမှုးများကို သက်ဆိုင်ရာ အုပ်ချုပ်ရေး ဥပဒေမူကြမ်းတစ်ရပ် ရေးဆွဲရန် ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း အဆိုတင်ခဲ့ပါ တယ်။ ဒီလိုတင်ခဲ့တာဟာ ဒီမိုကရေစီစနစ်နှင့်သွားမည်ဆိုလျှင် မဲရုံများမှတစ်ဆင့် ပြည်သူတွေက ရွေးချယ် တင်မြှောက်တဲ့အဆင့်သို့ ဦးတည်ခြင်း ဖြစ်ပါတယ်။

မဲဆန္ဒရှင်ပြည်သူများခင်ဗျား-

လူ့အခွင့်အရေးအတွက် မေးခွန်းများ၊ အဆိုများ၊ ဥပဒေကြမ်းများ အမြောက်အမြား တင်သွင်းခဲ့ပါတယ်။ ကောက်နှုတ်ဖော်ပြရမည်ဆိုလျှင် ပြည်သူလူထုကို အစားထိုးနေရာမပေးဘဲ မောင်းထုတ်တဲ့နေရာမှာ အာဏာပိုင်များက အင်အားသုံးစွဲမှုနှင့် ပတ်သက်ပြီးတော့လည်း ထိန်းချုပ်နိုင်ရန် ''၁၉၅၅ ခုနှစ် အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း''ကိုလည်း အဆိုတင်သွင်းခဲ့ပါ တယ်။ ဒါ့အပြင်

မြန်မာ့လူ့အဖွဲ့အစည်းကို ခြိမ်းခြောက်လာတဲ့ ကလေးသူငယ်များအပေါ် မုဒိမ်းမှုကျူးလွန်သူများကို သေဒဏ်ပေးရေးအတွက်လည်း ကျွန်တော် နည်းမျိုးစုံနှင့် ကြိုးပမ်းခဲ့ပါတယ်။ မအောင်မြင်ခဲ့သော်လည်း ကလေးသူငယ် လိင်မှုဆိုင်ရာ စော်ကားညှဉ်းပန်းခြင်းကို ကာကွယ်သည့်ဥပဒေကြမ်း တင်သွင်း ပြီး မိမိတာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။

ပြည်တွင်းအလုပ်သမားများရဲ့ ဆန္ဒဖော်ထုတ်မှုတွေ၊ နိုင်ငံဖြတ်ကူး သွားရောက်နေတဲ့ မြန်မာနိုင်ငံ အလုပ်သမားများဘ၀ လုံခြုံမှုအတွက် အဆိုများ၊ ဥပဒေကြမ်းများတင်ပြခဲ့ပါတယ်။ ဒီလိုပါပဲ နိုင်ငံသားများကို ဝန်ပိလာတဲ့ ရုံးခွန်နှင့် တံဆိပ်ခေါင်းခွန်နှုန်းထားများ အသစ်ပြောင်းလဲ

ပြင်ဆင်သတ်မှတ်ခြင်းနှင့် ပတ်သက်၍ ပြန်လည်စဉ်းစားသုံးသပ်ပေးပါရန် တင်သွင်းခဲ့တဲ့အဆိုကြောင့် ယနေ့ မျှတတဲ့ ရုံးအခွန်နှင့် တံဆိပ်ခေါင်းခွန် နှုန်းထားများရလာခဲ့ပါပြီ။

ကျွန်တော်တို့ပါတီရဲ့ မဟာဗျူဟာ(၃)ရပ်ကို ပြည်ထောင်စုလွှတ်တော်၊ပြည်သူ့လွှတ်တော်မှာ ကြိုးပမ်းဆောင်ရွက်ခဲ့သလို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာလည်း ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမဲ ဆန္ဒနယ် (၁)လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကလည်း မြန်မာ့ရိုးရာသြင်္ကူန်၌ ကွယ်ပျောက်ခဲ့တဲ့ သံချပ်များ ပြန်လည်သီဆိုနိုင်ခွင့်ရရေးအတွက် စွမ်းဆောင်ခဲ့ပါတယ်။ ဒီလိုပါပဲ တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းမြင့်ကလည်း မကြာမီပြီးစီးတော့မယ့် သုဝဏူ္ဏ-သာကေတတံတားသစ် တည်ဆောက်ရေးအတွက် အဆိုတင်သွင်းခဲ့ပါတယ်။

လွှတ်တော်အတွင်းဆောင်ရွက်ချက်များဖြင့် ပြည်သူလူထုရဲ့ ပြဿနာများကို တရားဥပဒေ ဘောင်အတွင်းမှ ဖြေရှင်းနိုင်အောင် ကျွန်တော်တို့ပါတီလွှတ်တော်ကိုယ်စားလှယ်များက လက်တွေ့အလုပ် များဖြင့် ဆောင်ရွက်ခဲ့ပါပြီ။ ရှေးလုပ်ငန်းစဉ်အဖြစ်ကိုတော့ မြို့နယ်ရဲ့ ရေရရှိရေး၊ မီးလင်းရေး၊ လမ်းများကောင်းမွန်ရေးအတွက် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်မြှင့်အကောင်အထည်ဖော် သွားမှာဖြစ်ပြီး တစ်ကြိမ်တည်းမှာ ပြည်သူလူထုရဲ့ နေ့စဉ်အခက်အခဲနှင့် ပြဿနာများကို ဖြေရှင်းနိုင်ရေးအတွက် ရပ်တည်သွားမှာ ဖြစ်ပါတယ်။

မဲဆန္ဒဒရှင်ပြည်သူများခင်ဗျား-

ရန်ကုန်မြို့တော်ကြီးရဲ့ အဆင့်အတန်းပြန်လည်မြင့်မားလာရေးအတွက်လူထုကို အန္တရာယ်ပြုမှုမြင့်မားနေတဲ့ ရာဇဝတ်မှုများ ထူပြောမှုကို လျော့နည်းလာရန် နည်းလမ်းမျိုးစုံနှင့် ဆောင်ရွက် သွားမှာဖြစ် ပြီးနေ့စဉ်သွားလာရေးကို လွန်စွာအခက်အခဲကြီးမားစေတဲ့ ယာဉ်ကြောပိတ်ဆို့မှုလျော့နည်းရေးအတွက် လွှတ်တော်တွင်းနည်းလမ်းများဖြင့် ထိရောက်စွာ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

မဲဆန္ဒရှင်ပြည်သူများခင်ဗျား-

ကျွန်တော်ဟာ ပြည်သူ့လွှတ်တော်မှာ အဂတိလိုက်စားမှုတားမြစ်ရေးဥပဒေမူကြမ်း တင်သွင်းခဲ့သူပါ။ ဘာကြောင့် တင်သွင်းခဲ့ရသလဲဆိုရင်လာဘ်ပေးလာဘ်ယူမှုတွေ ကြီးထွားနေသည်နှင့်အမျှ နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုနှုန်းကို ထိခိုက်ပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုရရှိရေးအတွက်ဆွဲဆောင်မှုများဟာ အောင်မြင်မည်မဟုတ်ပါ။ ဒါကြောင့် အဆင့်တိုင်းမှာလာဘ်ပေးလာဘ်ယူကိစ္စမှန်သမျှ ဥပဒေအရ အရေးယူနိုင်ရန် ဆောင်ရွက် သွားပါမယ်။

ဖြတ်ကျော်ခဲ့ရတဲ့ လွှတ်တော်အတွေ့အကြုံအရ ဒီမိုကရေစီအရေးကိုခြိမ်းခြောက်လာတဲ့ ရွေးကောက်ခံအာဏာရှင်စနစ် မြန်မာနိုင်ငံမှာ မဖြစ်ပေါ်အောင် ကျွန်တော်တို့ပါတီက တာဝန်ရှိတဲ့၊ သတ္တိရှိတဲ့ အတိုက်အခံအဖြစ် ရပ်တည်သွားမှာ ဖြစ်ပါတယ်။ အလျဉ်းသင့်၍ တင်ပြရလျှင် ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲကာလ ဝါရင့်နိုင်ငံရေးခေါင်းဆောင်ကြီး ဝိဓူရသခင်ချစ်မောင်ရဲ့ ထောက်ပြချက် ကိုပြန်လည်ဖော်ပြပါရစေ။

"တစ်ဖွဲ့တစ်ပါတီ ပုဂ္ဂိုလ်လူစွမ်းကောင်းနည်းမျိုးဖြင့် ဘယ်နည်းနှင့်မျှ မအောင်မြင်နိုင်ပါ။ နာမည်ကြီးပါတီကြီးတစ်ခုဖြစ်ပါစေ လမ်းစဉ်အတိအကျမရှိ၊ ပါတီဝါဒကလည်း လွှမ်းမိုးနေ၊ အမျိုးသားရေးအင်အားစု များကို စုစည်းနိုင်သော တပ်ပေါင်းစု စည်းရုံးရေးလမ်းစဉ်လည်း မရှိဖြစ်ပါက မည်သို့မျှ ခရီးရောက်မည်မဟုတ်ကြောင်း"  သမိုင်းအဆက်ဆက် သက်သေပြခဲ့ပြီးပါပြီ။

မဲဆန္ဒရှင်ပြည်သူများခင်ဗျား-

၂၀၁၀ ခုနှစ်က အဆဲအဆိုခံပြီး လွှတ်တော်ထဲသွားရောက်တဲ့ ကျွန်တော်ဟာ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးအတွက် တတ်စွမ်းသမျှ ကြိုးပမ်းခဲ့ပြီးပါပြီ။ ဒါပေမယ့်ပြည်ထောင်စုအဆင့်မှာ တစ်ဦးတည်းကြိုးပမ်းခဲ့ရတဲ့အတွက် ပြည်သူ့ရေးရာများကို အကန့်အသတ်နှင့် ဆောင်ရွက်နေရပါတယ်။ ဒါကြောင့်လွှတ်တော်အဆင့်ဆင့်မှာ ကျွန်တော်တို့ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များရရှိရေးဟာ အရေးတကြီးလိုအပ်နေပါပြီ။

၁၂-၈-၂၀၁၅ ရက်နေ့ထုတ် မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာမှာမျိုးသာထက်ရဲ့ ''လူလိုသိသူလူလိုရွေးပါ'' ဆောင်းပါးတွင် ''၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ လွှတ်တော်မင်းသားကြီးဟုပင် ဆိုထိုက်သည့် သင်္ဃန်းကျွန်းအမတ် တရားလွှတ်တော်ရှေ့နေ ဦးသိန်းညွန့်သည်လွှတ်တော်တွင် အစွမ်းပြခဲ့သူဖြစ်သည်။ သူသည် ပြည်သူ့ဘက်တော်သားဖြစ်ခဲ့သည်'' ဟု ရေးသားဖော်ပြခဲ့ပါတယ်။

ပြည်သူ့ဘက်တော်သား လွှတ်တော်ကိုယ်စားလှယ်များ ရရှိရေးအတွက် ကျွန်တော်တို့ပါတီဟာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရန်ကုန်အရှေ့ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ သာကေတမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကင်းမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ တာမွေမြို့နယ်တို့၌ လည်းကောင်း၊ ရန်ကုန်မြောက်ပိုင်းခရိုင်၌ လှိုင်သာယာ ၊ရွှေပြည်သာ၊မင်္ဂလာဒုံမြို့နယ်တို့၌ လည်းကောင်း၊ ရန်ကုန်အနောက်ပိုင်းခရိုင်၌လှိုင်မြို့နယ်နှင့် ဗဟန်းမြို့နယ်တို့၌ လည်းကောင်း၊ ရန်ကုန်တောင်ပိုင်းခရိုင်၌ ကိုကိုးကျွန်းမြို့နယ်တို့၌ လည်းကောင်း၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ခုနှစ်ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းသုံးဦး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ၁၇ ဦးဝင်ရောက်ရွေးချယ်ခံပြီး မဲဆန္ဒရှင်ပြည်သူများရဲ့ အဆုံးအဖြတ်ကို ခံယူမှာဖြစ်ပါတယ်။

ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီပါတီသစ်ရဲ့ သင်္ကေူတအမှတ်အသားဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားဝင်အသိအမှတ်ပြုထားတဲ့ ခမောက်သုံးလုံး အမှတ်အသားဖြစ်ကြောင်း တင်ပြ လိုက်ရပါသည်ခင်ဗျား....

''ခမောက်သုံးလုံးချီတက်လာပြီ''

တေးရေး-ကိုလတ်(တယော)

တေးဆို-ရသ

ဒီမိုကရေစီနိုင်ငံသစ်ကြီး စတင်တည်ဆောက်ပြီ _ _ _ ခမောက်

သုံးလုံး _ _ _

အစဉ်အလာရဲရဲတောက်ခဲ့သည်

ပြည်သူ့ဘက်က အမြဲရပ်တည်မည် သစူ္စာဆိုပါသည် _ _ _

အမျိုးသားရေးအတွက် _ _

ညီညွတ်ကြရမည်

ဇွဲမလျှော့ပါ _ ကြိုးစားမှာ _ အားမာန်ခိုင်ခိုင်မာ _ _ သုံးသပ်ပါ _

ဆုံးဖြတ်ပါ _

ပြည်သူများရဲ့ရှေ့မှောက်မှာ

(အမျိုးသားဒီမိုကရေစီပါတီသစ်)၄ ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်

ကြမယ်

တည်ဆောက်ကြမယ် _ _

ခမောက်သုံးလုံးနဲ့ _ ချီတက်လာပြီဟေ့ _ _ ရပ်ကွက်ထဲထိ _

ချီတက်လာပြီဟေ့ _

စည်းကမ်းရှိရှိ _ ချီတက်လာပြီဟေ့ _ _NNDP _ ချီတက်လာပြီဟေ့

ခမောက်သုံးလုံးနဲ့_ ချီတက်လာပြီဟေ့ _ _ ရပ်ကွက်ထဲထိ _

ချီတက်လာပြီဟေ့

အမျိုးသားဒီမိုကရေစီပါတီသစ် ပါတီ

 ၁။  ပါတီအမည်  -  အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီ
 ၂။  ပါတီအမည်(English)  -  New National Democracy Party
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ၄.၇.၂၀၁၁
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  ၂၀ ဦး
 ၅။  

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဦးသိန်းညွန့် ၊ ဦးကြည်မြနှင့် (ယခင်)၊ ဦးကျော်(ယခု)
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ၂၃.၈.၂၀၁၁
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၈.၉.၂၀၁၁
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၄.၁၀.၂၀၁၁
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၄၄)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီ ဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  ဦးသိန်းညွန့် ၊ ဦးကျော်(တွင်း/မှုး)
 ၁၃။  ပါတီနယ်မြေ  -  ပြည်ထောင်စုတစ်ဝန်းလုံး
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  အမှတ်(၇၂)၊လေးဒေါနှင့်ကန်လမ်း၊(ဇ/မြောက်ရပ်ကွက်) သင်္ကန်းကျွန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -  ၀၉-၇၃၀၉၅၆၂၈ (ဦးသိန်းညွန့်)၊ ၀၉-၇၃၀၀၅၂၆၇ (ဦးဝင်းရွှေ)၊ ၀၉-၇၃၀၂၀၈၁၃
 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  PDFDownload

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required