Game of Thrones ဇာတ်ကား နှင့် Veep ဇာတ်ကားတို့ Emmy ဆုပေးပွဲတွင် ထိပ်တန်းဆုများ ရရှိ

Game of Thrones ဇာတ်ကား နှင့် Veep ဇာတ်ကားတို့ Emmy ဆုပေးပွဲတွင် ထိပ်တန်းဆုများ ရရှိ

စိတ်ကူးယဉ် ဟာသ ဒရမ်မာ ဇာတ်ကား  Game of Thrones နှင့် ဝါရှင်တန်နိုင်ငံရေး ဟာသ ဇာတ်ကား Veep ဇာတ်ကားတို့သည် Emmy ဆုအတွက် ရေပန်းစားနေသော ဇာတ်ကားများဖြစ် သည့်  Mad Men နှင့် Modern Family ဇာတ်ကားတို့ကို ကျော်ဖြတ်ကာ စက်တင်ဘာ ၂၀ ရက်က ကျင်းပပြုလုပ်သော Emmy  Awards ဆုပေးပွဲတွင် ထိပ်တန်းဆုများကို ရရှိခဲ့သည်။

ဂျွန်အမ်သည် Mad Men ဇာတ်ကားဖြင့် Emmy ဆုကို ရရှိခဲ့ကြောင်းနှင့် ဂျွန်အမ်သည် အဆိုပါ ဇာတ်ကားတွင် ဒွန်ဒရစ်ပါအဖြစ် ခေါင်းဆောင်မင်းသားနေရာမှ ပါဝင် သရုပ်ဆောင်ထားသည်။ Mad Men ဇာတ်ကားသည် Emmy ဆုအတွက် ရေးပန်းစားနေသော ဇာတ်ကားဖြစ်သော်လည်း ယခုနှစ်အ စောပိုင်း နောက်ဆုံးအဆင့် အပြီးသတ်ပြီးနောက် ဆုနှင့် လွဲချော်ခဲ့ရသည်။

သရုပ်ဆောင်မင်းသမီးဗီအိုလာဒေးဗစ်သည် ABC `ရုပ်သံ၏ How to Get Away With Murder ဖြင့် Emmy ဆုကို ရရှိခဲ့သည်။ ဗီအိုလာဒေးဗစ်သည် ယင်းဇာတ်ကားတွင် ရာဇဝတ်မှုဆိုင်ရာရှေ့နေအဖြစ် သရုပ်ဆောင်ထားပြီး Emmy ဆုရရှိသည့်  ပထမဆုံး အာဖရိက အမေရိကန် အမျိုးသမီး ဖြစ်လာသည်။

“ဒီဆုပေးပွဲဟာ အမျိူသမီးများ အသားရောင်ခွဲခြားခြင်း မရှိဘဲ တန်းတူ အခွင့်ရေးရရှိတဲ့ ဆုပေး ပွဲတစ်ခု ဖြစ်ပါတယ်။ ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ထားတာ မရှိဘူးဆိုရင် Emmy ဆုကို ရရှိမှာ မဟုတ်ပါဘူး ” ဟုဒေးဗစ်က ပြောကြားခဲ့သည်။

Gmae of Thrones ဇာတ်ကားသည် မဲပေးသူ ၁၈,၀၀၀ ရရှိခဲ့ပြီး Emmy ဆုပေးပွဲတွင်  ဆုပေါင်း ၁၂ ဆုဖြင့် အကြီးမားဆုံး အောင်ပွဲခံခဲ့သည်။ မင်းသား ပီတာဒရင်လက်သည် ဇာတ်ညွန်းရေး သားမှု ဆု ၊ ဒါရိုက်တာဆုနှင့် ဇာတ်ပို့ဆုများ ရရှိခဲ့သည်။

သရုပ်ဆောင်မင်းသမီး ဂျူလီယာ လူးဝစ်ဒရိုက်ဖက်စ်သည် Veep ဇာတ်ကားတွင်  တစ်ကိုယ် ကောင်းဆန်သူ ဆီလီနာမာယာအဖြစ် သရုပ်ဆောင်မှုဖြင့် အကောင်းဆုံး ဟာသသရုပ်ဆောင် မင်းသမီးဆု ကိုလေးကြိမ်မြောက် ရရှိခဲ့ပြီး တိုနီဟေးလ်သည်လည်း  ဟာသဇာတ်ပို့ သရုပ်ဆောင် မင်းသားဆုကို ရရှိခဲ့သည်။ Veep ဇာတ်ကားသည် ဟာသ ဇာတ်ညွန်းဆုကိုလည်း ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required